ပြည်မြို့ ကမ္ဘာ့အမွေအနှစ်ဝင် သရေခေတ္တရာ ပျူမြို့ ဟောင်းရှိ တံတားကို ရုပ် ရှင်သ ရုပ်ဆောင်ခန့်စည်သူ ဦးဆောင် သည့် မေတ္တာသင်္ဂဟအဖွဲ့က အလှူေ ငွ မတည်၍ အသစ်ပြန်လည် တည်ဆောက်ခဲ့သည်။
ပြည်-ပေါက်ခေါင်း လမ်းမ ကြီးမှ ပျူခေတ်ရှေးဟောင်းစေတီ ဘုရားများသို့ သွားရာလမ်းပိုင်းရှိ လော့သော်ချောင်းကူးတံတား သည် ယခင်က သစ်သား တံတား ဖြစ်ပြီး ပျက်စီးယိုယွင်း လာခြင်း ကြောင့် မော်တော်ယာဉ်များ ဖြတ် သန်းသွားလာခြင်း မပြုနိုင်သည်မှာ သုံးနှစ်ခန့် ကြာမြင့်နေသည်။
ယခုအခါ သံကူကွန်ကရစ် တံတားအဖြစ် အသစ်ပြန်လည် တည်ဆောက် ထားခြင်းကြောင့် မော်တော်ယာဉ်များ လွယ်ကူစွာ ဖြတ်သန်းသွားလာနေပြီ ဟု သရေ ခေတ္တရာရှေးဟောင်းဌာနစုမှ သိရသည်။
‘‘ချောင်းကူးတံတားအသစ် ပြန်လည်တည်ဆောက်ရာမှာ အလှူငွေသိန်း ၁၂၀ လောက် ကုန်ကျတယ်။ ဦးခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ က မတည်လှူဒါန်းပြီး သရေခေတ္တရာအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့က လည်း လှူဒါန်းကြတယ်။ တံတားတင် မကပါဘူး။ စေတီဆီ သွားတဲ့ မြေနီ လမ်းကိုလည်း မြေနီဖို့ပြုပြင်တာတွေ လုပ်ကြတယ်။ အခုဆိုရင် ဘုရားစေတီ အထိ မော်တော်ယာဉ်များနဲ့ သွားလာနိုင်ပြီဖြစ်တာကြောင့် ခရီးသွားတွေ အတွက် အဆင်ပြေတာ ၀မ်းသာပါတယ်’’ဟု သရေခေတ္တရာ ရှေးဟောင်း ဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။
အသစ်ပြန်လည် တည် ဆောက်သည့် တံတားသည် အရှည် ၂၄ ပေ၊ အကျ ယ် ၉ ပေ ခန့်ရှိပြီး မေတ္တာသင်္ဂဟချောင်းကူး တံတားအဖြစ် အမည်ပေးထား ကာ မတ်လ ၈ ရက်က ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူဦးဆောင်၍ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ လာရောက်ဖွင့်လှစ်ခဲ့သည်။
Credit: 7DayDaily