Max Myanmar သည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပြန်လည်ပါဝင်ရန် ဆုံးဖြတ်ခြင်း မရှိကြောင်း ယင်းကုမ္ပဏီများ အုပ်စု အမှုဆောင် အရာရှိချုပ် ဦးဇော်ဇော်က ပြောကြားသည်။
ထားဝယ် အထူးစီးပွားရေး ဇုန် စတင်အကောင်အထည်ဖော်ရာတွင်မှ မက် စ်မြန်မာ ကုမ္ပဏီ ပါဝင်ခဲ့ပြီး လက်ရှိ မြန်မာ-ထိုင်းအစိုး ရနှစ်ခုစလုံးက ပြန် လည် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်းအပေါ် ကုမ္ပဏီ၏ သေ ဘာထားကို ပြောကြားခဲ့သည်။
‘‘လက်ရှိ ရှယ်ယာကို ထား ထားတာပဲရှိတယ်။ ဘာမှ လုပ်ငန်းဆက် မလုပ်ြ ဖစ်ဘူး။ လော လောဆယ် ဘာမှ မဆုံးဖြတ်ထား သေးဘူး’’ဟု ဦးဇော်ဇော် က ပြော သည်။
ကန်ဒေါ်လာ ဘီလီယံ ၅၀ တန် ထားဝယ်အထူးစီးပွားရေးဇုန် ကို ၂၀၀၈ တွင် မြန်မာ-ထိုင်း အစိုးရနှစ်ဖက် လက်မှတ်ရေးထိုး ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံ ထိုင်းကုမ္ပဏီက စတင်အကောင် အထည်ဖော်ခဲ့သည်။
ထားဝယ် အထူးစီးပွားရေး ဇုန်တွင် မက်စ်မြန်မာ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံရန် ၂၅ ရာခိုင်နှုန်း ပါဝင်ခဲ့သော်လည်း ၂၀၁၂ က နုတ်ထွက်ခဲ့သည်။
၂၀၁၃ တွင် ဘဏ္ဍာရေး အခက်အခဲကြောင့် အဆိုပါစီမံ ကိန်းကို ရပ်ဆိုင်းခဲ့ ပြီး ၂၀၁၅ ဇူလိုင်က အဆိုပါစီမံကိန်းကို ပြန်လည် စတင်ရန် မြန်မာ-ထိုင်း- ဂျပန်သုံးနိုင်ငံ အစိုးရချင်းဆွေးနွေးခဲ့သည်။
စီမံကိန်း ပြန်လည်စတင်ရာတွင် မြန်မာကုမ္ပဏီများကို ဖိတ်ခေါ်မည်ဟု လက်ရှိအစိုးရ လက်ထက်၌ ဖွဲ့စည်းခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ဖိတ်ရာတွင် ပြန်လည်ပါဝင်ရန် သင့်၊ မသင့် မဆုံးဖြတ်ထားသော် လည်း နိုင်ငံအတွက် အကျိုး အမြတ်ရှိမှသာ စဉ်းစားမည်ဟု ဦးဇော်ဇော် က ပြောကြားသည်။
ထားဝယ် အထူးစီးပွားရေး ဇုန်စီမံကိန်းကို စတုရန်းမိုင် ၁၀၀ ကျော်ရှိပြီး အေ ကာင်အထည်ပေါ် ပေါက်ပါက အရှေ့တောင် အာရှ တွင် အကြီးဆုံးရေ နက် ဆိပ် ကမ်း စီမံကိန်းတစ်ခု ဖြစ်လာမည်ဖြစ် သည်။
Credit: 7DayDaily