တန်ဖိုးနည်းအိမ်ရာ ဝယ်ယူတဲ့သူတွေ ပေးချေရတဲ့ ကနဦးသွင်းငွေကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင် ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောပါ တယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တန်ဖိုးနည်းအိမ်ရာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အကုန်လုံးမှာ လာမယ့် ဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ မှာ စတင်တည်ဆောက်မှာ ဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်စုဆောင်းငွေနဲ့ အရစ်ကျ ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လက်ရှိ တန်ဖိုးနည်းအိမ်ရာတွေ ဝယ်ယူဖို့အတွက် ကနဦးပေးသွင်းငွေအဖြစ် အိမ်ခန်းတန်ဖိုး ၃၀ ရာ ခိုင်နှုန်း (ကျပ်သန်း ၃၀) ပေးသွင်းပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို အရစ်ကျ ပေးသွင်းရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးသာဌေးက “ကနဦးပေးသွင်းငွေကို လျှော့ချဖို့ နိုင်ငံတကာ အကူအညီ အစိုးရ အထောက်အပံ့ ပေးဖို့ စီစဉ်ထားပါတယ်၊ ၁၅ ရာခိုင်နှုန်းအ ထိ ဆင်းပေးဖို့ ကြိုစားမယ်” လို့ ပြောပါတယ်။
တန်ဖိုးနည်းအိမ်ရာတွေ ဝယ်ယူဖို့ ကနဦးပေးသွင်းရတဲ့ (down payment) တွေ လျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာ အကူအညီတွေနဲ့ အစိုးရက အထောက်အပံ့ပေးဖို့ စီစဉ်နေတာ ဖြစ်ပြီး ကနဦးပေးငွေကို ၃၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း လျှော့ချသွားမှာ ဖြစ်ပါတယ်။ ကနဦး ပေးသွင်းငွေ လုံးဝ သွင်းစရာမလိုဘဲ ရောင်းချနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ သိရပါ တယ်။
တန်ဖိုးနည်းအိမ်ရာ အရစ်ကျ ဝယ်ယူတဲ့ စနစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နဲ့ ချိတ်ဆက်ပြီး ရောင်းချနေတာ ဖြစ်ပါတယ်။
ကနဦး ပေးသွင်းငွေ အခန်းတိုင်း ၃၀ ရာခိုင်နှုန်း (ကျပ်သိန်း ၃၀) ကို ဘဏ်မှာ ငွေစုထားရမှာ ဖြစ်ပြီး စုဆောင်းငွေ ပြည့်တဲ့သူတွေကို အိမ်ရာ ဝယ်ယူနိုင်ဖို့အတွက် ကြေညာပေးပါတယ်။ ကျန်ငွေ ၇၀ ရာ ခိုင်နှုန်းကို ရှစ်နှစ်ကနေ ၁၀ နှစ်အထိ လစဉ် အရစ်ကျ ပေးချေရတာ ဖြစ်ပါတယ်။ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်း ပေးချေပြီးတာနဲ့ အိမ်ခန်းသော့ အပ်ပြီး နေထိုင်နိုင်တဲ့ ပုံစံနဲ့ ရောင်းချပေးတာ ဖြစ်ပါ တယ်။
တန်ဖိုးနည်းအိမ်ရာတွေကို ဝင်ငွေနည်းပြည်သူတွေအတွက် ရည်ရွယ်ပြီး တည်ဆောက်တာ ဖြစ်ပြီး အိမ်ခန်းတစ်ခန်းကို ကျပ်သိန်း ၁၀၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ချေ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက ဥက္ကဋ္ဌ ဦးသာဌေးက “ဘဏ်မှာ ကျပ်၁၀,၀၀၀ ကနေပြီး ဘဏ်စာအုပ် စဖွင့်မယ်၊ ဘယ်တော့ ၃၀ ရာခိုင်နှုန်း ပြည့်ရမယ်၊ ကန့်သတ်မထား ဘူး၊ ပြည့် တာနဲ့ အိမ်ရာဝယ်ယူလို့ ရမယ်၊ မဲစနစ် နီးရာလူ ပေးတဲ့ စနစ် လုံးဝ ခွင့်မပြုဘူး၊ တင်းတင်းကျပ်ကျပ် လုပ်မယ်” လို့ ပြောပါတယ်။
Credit: The Modern