စီမံကိန်းအသစ်ကြောင့် မြင့်တက်နေသည့် FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုး သည် မတ်လ ၈ ရက်တွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းကျော် ပြန်လည် ကျဆင်း ခဲ့ကြောင်း သတင်းရရှိသည်။
FMI ကုမ္ပဏီရှယ်ယာဈေး သည် မတ်လ ၈ ရက်တွင် ၁၈,၅၀၀ ကျပ်ဖြင့် ဈေး ဖွင့်ခဲ့သော်လည်း မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီ၌ ၁၆,၀၀၀ ကျပ်သို့ ကျ ဆင်းခဲ့ကာ တစ်ရက်အတွင်း ကျပ် ၂,၅၀၀ ပြန်လည် ကျဆင်းခဲ့သည်။
FMI ကုမ္ပဏီသည် မြန်မာ့ မီရထားရုံးချုပ်ဟောင်းကို ဟိုတယ်၊ လူနေအိမ်၊ ရုံးခန်း များပါဝင်သော Landmark စီမံကိန်းကြောင့် မတ် လ ၁ ရက်တွင် အစုရှယ်ယာတစ်စု လျှင် ၂၁,၅၀၀ ကျပ်အထိ တက် ခဲ့ရာမှ မတ်လ ၃ ရက် တွင် ပြန်ကျဆင်းခဲ့သည်။ ထို့နောက် မတ်လ ၈ ရက်တွင် ထပ်မံ ကျဆင်း
ခြင်း ဖြစ်သည်။
‘‘ပြီးခဲ့တဲ့ လကုန်ခါနီးမှာ ရှယ်ယာဈေးတွေ တစ်ရှိန်ထိုး တက်ကတည်း က ပြန်ကျမယ်ဆိုတာ သိနေပါတယ်။ အခုလောက် မြန်မြန် ပြန်ကျမယ် မ ထင်ထားဘူး’’ဟု FMI ရှယ်ယာ ၀ယ်ယူထားသည့် ရှယ်ယာရှင်တစ်ဦး က ပြောသည်။
ရှယ်ယာဈေးကျဆင်းခဲ့ပြီး ရှယ်ယာ ၃,၀၀၀ ကျော်သာ အရောင်းအ၀ယ်ဖြစ် ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။
FMI ကုမ္ပဏီသည် ၂၀၁၆ မတ်လက ရန်ကုန်စတော့အိတ် ချိန်းတွင် စာရင်း ၀င် ကုမ္ပဏီအဖြစ် ၀င်ရောက်ပြီး ရှယ်ယာတစ်စုလျှင် အခြေခံဈေးနှုန်းကျပ် ၂၆,၀၀၀ သတ်မှတ်ခဲ့သည်။ FMI ကုမ္ပဏီ ရှယ်ယာဈေးသည် ၂၀၁၆ အ တွင်း အမြင့်ဆုံးဈေးကျပ် ၄၁,၀၀၀ အထိမြင့်တက်ခဲ့ပြီး အနိမ့်ဆုံးဈေးကျပ် ၁၃,၅၀၀ အထိ ရှိခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် ဖေဖော်ဝါရီအတွင်း ရှယ် ယာတန်ဖိုးကျပ် ၃ ဒသမ ၁ ဘီလီ ယံကျော်ဖိုး အရောင်းအ၀ယ်ဖြစ် ခဲ့ပြီး ဇန်န၀ါရီထက် ကျပ် သန်း ၃၀၀ ကျော် ပိုမိုအရောင်းအ၀ယ် ဖြစ်ခဲ့သည်။ ယင်းအနက် FMI ကုမ္ပ ဏီသည် ဖေဖော်ဝါရီအတွင်း ကျပ်သန်း ၉၅၀ ဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ဇန်န၀ါရီထက် ကျပ်သန်း ၄၅၀ ကျော် ပိုမိုအ ရောင်းအ၀ယ် ဖြစ်ခဲ့သည်။
Credit: 7DayDaily