အခြေခံ လူတန်းစား အိမ်ရာစီမံကိန်းများတွင် အတိုး နှုန်းသက်သာစွာဖြင့် အရစ်ကျ ၀ယ် ယူနိုင်ရန် ဂျပန်အစိုးရက ယန်း ၁၅ သန်း (မြန်မာငွေကျပ် ၁ ဒသမ ၅ ဘီလီယံ) ကူညီရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသာဌေးကပြောသည်။
‘‘Housing Finance Support အတွက်ပါ။ ချေးငွေက နောက်နှစ်လောက်မှ ရမယ် ထင်တယ်’’ဟု ဦးသာဌေးကပြောသည်။
ချေးငွေရရှိရန် ပြည်ထောင် စုအစိုးရအဖွဲ့အဆင့်က စီစဉ်နေခြင်းဖြစ်ပြီး လာ မည့် ၂၀၁၈ မှသာ ရနိုင်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။
လက်ရှိရောင်းချနေသည့် အိမ်ရာစီမံကိန်းများသည် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ရှိ၍ အတိုးနှုန်း များပြားသဖြင့် နိုင်ငံတကာမှ ချေးငွေရရှိပါက အတိုးနှုန်းေ လျှာ့ ချမည်ဟု ၎င်းက ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းသည် လက်ရှိတွင် ရန်ကုန်တိုင်း အ စိုးရအဖွဲ့က မြို့ သစ်စီမံကိန်းတွင် ပါဝင်လုပ် ဆောင်ရန် ကမ်းလှမ်းခြင်း ခံ ထား ရပြီး တစ်နိုင်ငံလုံး၌ အိမ်ရာစီ မံကိန်းများ ဖော်ဆောင် ရန် ပြည် ထော င်စု အစိုးရ အဖွဲ့၏ တာဝန် ပေးခြင်းကို ခံထားရသည့် အဖွဲ့ အစည်းဖြစ် သည်။
‘‘ကျွန်တော်တို့အသင်းက Organizer အနေနဲ့ ၀င်ရောက် လုပ်ကိုင်ရမယ့် သဘောပါ။ အရင် ဆုံးတော့ရန်ကုန်မြို့သစ်စီမံကိန်းမှာ အိမ်ရာတွေဖော်ေ ဆာင်ဖို့ ဆောင်ရွက်မှာပါ’’ဟု ဦးသာဌေး ကဆိုသည်။
မြန်မာနိုင်ငံတွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ တည် ဆောက်ရာ၌ ကျပ် သိန်း ၁၀၀ အောက်ဖြင့် တည်ဆောက်ရန် အစိုးရ ပိုင်းကပင် အခက် အခဲ ရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကပြောသည်။
ထို့ကြောင့် အတိုးနှုန်းသက် သာစွာဖြင့် အရစ်ကျလပေါင်းများ စွာ ရောင်း ချနိုင်ရန် ဆောက်လုပ် မှုကုန်ကျစရိတ်သည် ခေတ်ကာလ အခြေအေ နကြောင့် သိန်း ၁၀၀ အောက်ဖြင့် ရောင်းချရန် မဖြစ်နိုင်ကြောင်း Igreenေ ဆာက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ကျော်နိုင်က ပြော သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန သည် တစ်နိုင်ငံလုံးတွင် ယခုလာ မည့် ဘတ် ဂျက်နှစ်က စတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းကဲ့ သို့ ပြင် ပ အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး အိမ်ရာအခန်းပေါင်း ၁ ဒသမ ၄ သိန်း အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။
Credit: 7DayDaily