နေရာသစ်တစ်ခုတွင် အခြေချတော့မည်ဆိုလျှင် မိမိဝယ်ယူနိုင်သည့် ငွေ အင်အားနှင့် ကိုက်ညီမည့် မြို့နယ်တစ်ခုကို ဦးစွာ ရွေးချယ်ကြရသည်။ ရန် ကုန်မြို့တွင်း သွားလာဆက်သွယ်ရေး လွယ်ကူ သည့် နေရာလည်း ဖြစ်ချင် သည်။ ကလေးများ ပညာရေးအတွက် အထက်ထန်း ကျောင်းနှင့်လည်း နီး ချင်သည့် ဈေးသွားဈေးပြန် သွားလာရေး နီးဖို့လည်း လိုပြန်သည်။
ကျန်းမာရေးအတွက် ဈေးရုံ၊ ဆေးခန်းများကလည်း မိမိနှင့် အနီးဆုံးနေရာ တွင် ရှိသင့်သည် စသည့် အင်္ဂါရပ်တို့နှင့် ပြည့်စုံသည့် ရပ်ကွက်တစ်ခုကို ရွေး ချယ်ပြီး မြေကွက်ရဖို့ ကွင်းဆင်းရှာဖွေရသည့် အလုပ်က အပြော လွယ် သလောက် လက်တွေ့တွင် ခက်ခဲသည်ကို မြေကွက် နှင့် အိမ်ဝယ်သူတိုင်း
သိကြပါသည်။
မြောက်ဒဂုံ ၄၆ ရပ်ကွက်မှာ သိန်း ၆၀၀ နှင့် ရသော်ငြား စိတ်တိုင်းမကျသေး ပါလား ယခုလည်း ကျွန်ုပ်၏ မိတ်ဆွေကြီး "ဦးကျော်ဇော်" တို့ မိသားစု မှာ မြောက်ဒဂုံတွင် အခြေချလိုသဖြင့် သိန်း ၅၀၀ တန် မြေကွက် လိုက် ရှာေ နသည်မှာ (၂) လပင် ကျော်သွားခဲ့ချေပြီ။ နေချင်သည့် ရပ်ကွက်နှင့် ပေးနိုင် သည့် ဈေးနှုန်းနှင့် မရနိုင်ဖြစ်နေသည်။ မြောက်ဒဂုံဘက်တွင် ရှာကြည့် သည့်အခါ သိန်း ၅၀၀ မဆိုထားနှင့် သိန်း (၆၀၀) မြေကွက် ရဖို့ကပင် ခပ် ရှားရှား ဖြစ်နေသည်။ သိန်း ၆၀၀ နှင့်အထက် ရောင်းမည့်မြေကွက် (၄၆) ရပ်ကွက်တွင် တွေ့ပင် တွေ့ငြားသောလည်း နေရာက ချောင်ကျလွန်း၍ မ ဝယ်လိုပြန်ပါ။
ကြိုက်သည့်နေရာတွင် သိန်း ၆၀၀ အထိ ဈေးကုန်လိုက် ၍ပေးခဲ့သော်ငြားေ သ်ာလည်း နောက်ထပ် ရောင်းမည့်သူက မပေါ်လာသဖြင့် (၄၆) ရပ်ကွက် ကို နှုတ်ဆက်၍ ဒဂုံအရှေ့ဘက် ရပ်ကွက်များတွင် နေရာကောင်း ရနိုင် သည့် နေရာ ရှိမရှိ အသိမိတ်ဆွေနှင့် ဆက်သွယ်ရပြန်သည်။ နေချင်သည့်
အချက်များနှင့် ပြည့်စုံနိုင်သမျှ ပြည့်စုံနိုင်သည့် နေရာတွေ့နိုင်ရန် အကျိုးေ ဆာင်နှင့် လာတွေ့၍ ကိုယ်တိုင် ကွင်းဆင်း လေ့လာရတော့သည်။
ဒဂုံအရှေ့က "ဗိုလ်ချုပ်ရွာ" နေရာကောင်းလို့ လူကြိုက်များ
ဒဂုံအရှေ့တွင် နေရာအနှံ့ ရပ်ကွက်အစုံ (၁) ရပ်ကွက်မှ (၁၅) ရပ်ကွက် အ ဆုံးထိ ကားဖြင့် လှည့်ပတ် ကြည့်ရှုရာ (၉) ရပ်ကွက် နှင့် (၁၀) ရပ်ကွက်ကို အကြိုက်ဆုံး ဖြစ်သွားသည်။ ဒဂုံအရှေ့ဘက်ခြမ်း တွင် အခြေချမည်ဆိုလျှင် (၉)ရပ်ကွက်ဆိုလျှင် ဗိုလ်မှူးနှင့် အထက်အရာကြီးများကို ချထားပေးေ သာ မြေကွက်ဖြစ်၍ အိမ်ကြီးအိမ်ကောင်းများကို တွေ့ရသည်။ တပ်မိသားစု အား ချပေးသောရပ်ကွက်ဖြစ် သည်ဟု သိရသည်။ ထိုရပ်ကွက်ကို ဒဂုံအရှေ့ ဗိုလ်ချုပ်ရွာဟုပင် ပွဲစားများက တင်စားခေါ်နေကြ သည်။
အမှုထမ်း/ အရာထမ်း အရာရှိများ (၁၀) ရပ်ကွက်မှာ ရှိသတဲ့ဗျာ
တဖန် (၁၀) ရပ်ကွက်ဘက်သို့ ကွင်းဆင်းလေ့လာပြန်တော့လည်း ထိုရပ် ကွက်မှာမှ အရာထမ်း၊ အမှုထမ်း အကြီးအကဲများအား ပေးထားသော မြေ ကွက်များသည်ဟု ဆိုပြန်သည်။ လူနေသန့်ပြန့်ပြီး အေးချမ်းမှု ရှိသဖြင့် အေး ချမ်းစွာ အခြေချနေလိုသူတိုင်းအတွက် နေချင်စရာ ရပ်ကွက်တစ်ခု ဖြစ် သည်ဟု ပွဲစားများက သုံးသပ်ပြကြသည်။ အကျိုးဆောင်ပွဲစားများက ထိုနှ စ်ရပ်ကွက်ကို ရွှန်းရွှန်းဝေ အောင် ညွှန်းနေကြသဖြင့် ရပ်ကွက် မြေပုံ ထုတ် ယူ၍ လေ့လာကြည့်မိပြန်သည်။
ဘယ်ကိုသွားသွား ဆက်သွယ်ရေးကလည်း ကောင်းနေတာ
မြေပုံအရ ထို ၉/၁၀ ရပ်ကွက် နှစ်ခုမှာ အနော်ရထာ လမ်းမကြီးဘေး တွင် ဖြစ်နေသည်။ အနော်ရ ထာ လမ်းကြော ကြည့်လိုက်ပြန်သောလည်း တစ်ဖက်တွင် မြောက်ဥက္ကလာ ကြိုးတံတားထိ ခရီးဆန့် နိုင်သည်။ တစ် ဖက်တွင် အမှတ် (၂) လမ်းမအထိ ပေါက်ရုံမက တောင်ဒဂုံမြို့နယ် မောင်း မကန် ကမ်းသာလမ်းသို့ သွား၍ ဆက်နေသည်။
ထိုမျှသာမက ရှေ့ခရီး ဆက်သော် သာကေတ ဧရာဝဏ် လမ်းမအထိ ခရီးပေါက်သည်။ ထိုအတိုင်းသွားပါက မဟာဗန္ဓုလတံတားကို ဖြတ်၍ ရန် ကုန်မြို့တွင်း သို့ အလွယ်တကူနှင့် သွားနိုင်သည်ကို တွေ့ရသည်။ ဒဂုံဆိပ် ကမ်းဘက်သို့ ခရီးဆက်မည်ဆိုပါက ကွမ်းအပ်သာ မင်းသားလမ်း (ရွှေသံ လွင် ဘိုးဘွားရပ်သာ) လမ်းအတိုင်း ဆက်သွားလျှင် ပဲခူးမြစ် ဒဂုံတံတား ကို ဖြတ်၍ သံလျှင်/ ခရမ်းဘက်အထိ သွားလာနိုင်သည်ကို တွေ့ပြန်သည်။
လမ်းဆုံ လမ်းခွနီးသည့် (၉) ရပ်ကွက်က အားသာချက်များ
ထိုနှစ်ရပ်ကွက်တွင် (၉) ရပ်ကွက်က ပို၍ အချက်အချာ ကျသည်ဟု ဆိုရ မည်။ မစတ လမ်းဆုံ နှင့် နီးခြင်း၊ ဒဂုံတက္ကသိုလ်သို့ သွားသည့် ရာဇာ ဓိ ရာဇ် လမ်းနှင့် နီးခြင်း မြောက်ဒဂုံ၏ အချက်အချာ ၇/၈ လမ်းဆုံနှင့် နီးခြင်း၊ ဆေးရုံ၊အထက်တန်း ကျောင်းတို့မှာ ရပ်ကွက်အတွင်း ရှိနေသဖြင့် အခြေချသင့် သော နေရာတစ်ခု ဖြစ်သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဦးေ ကျာ်ဇောတို့ မိသားစုမှာ (၉) ရပ်ကွက် အတွင်း မြေကွက်ရှာခြင်း အလုပ် ကိ စ္စကို စတင်ပါတော့သည်။
ပထမဆုံး ရွေးချယ်လိုသည့် မြေကွက်မှာ ထောင့်ကွက် နေရာမျိုးကို ရွေးချယ် ရှာဖွေကြသည်။ပွဲစား (၃) ဦးခန့်နှင့် ဆက်သွယ်၍ ရောင်းမည့် ထောင့်ကွက် များကို လိုက်လံကြည့်ရှုသည့် အတွင်း လမ်း ထောင့်ကွက်များ ဖြစ်၍ သိန်း (၇၀၀) မှ သိန်း (၈၅၀) အထိ ဈေးခေါ်ကြသည်။ ထောင့်ကွက် (၇)ကွက်ခန့် ကြည့်ရှုခွင့် ရသည်။ ရပ်ကွက်အတွင်း လှည့်လည်ကြည့်ရှုသည့်အခါ လမ်း သွယ် အများစုမှာ ကွန်ကရစ်ခင်းပြီး နေသည်ကို တွေ့ရသည်။ သို့ဖြင့် အ ကြိုက်ဆုံး ထောင့်ကွက် (၄) ကွက် ပိုင်ရှင်များနှင့် တွေ့ဆုံရန် ပွဲစားများ ကို ပြောလိုက်သည်။
မောတော့ မောတာပေါ့။ ဒါပေမယ့် လူမမောဘူး၊ စိတ်မောတယ်
ပွဲဖြစ်လိုသဖြင့် အကျိုးဆောင်များလည်း အချင်းချင်း ဆက်သွယ်၍ ဖုန်းဖြင့် ချိတ်ဆက်နေသည်ကို တွေ့ရသည်။ သို့သော် မြေကွက်ပိုင်ရှင်နှင့် အဆက် အသွယ် ရပုံမပေါ်ပါ။ အကျိုးဆောင်အချင်းချင်း ရနိုင်မည့် ဈေးကို မှန်း ဆ ပြောနေကြသည်။ ဤကဲ့သို့ဆိုလျှင် ပထမဦးစားပေး မြေကွက် မရနိုင် သဖြင့် ဒုတိယဦးစားပေး မြေကွက် ပိုင်ရှင်ထံသို့ ဆက်သွယ်ကြည့်ပြန် သည်။ ထိုမြေကွက် ပိုင်ရှင်ကမူ အမှန်တကယ် ရောင်းမည်ဟု ဆိုသည်။ သို့သော် ယောက်ျားဖြစ်သူမှာ နိုင်ငံခြား သင်္ဘောတတ်နေ၍ လောလော ဆယ် ရောင်း/မရောင်း မသေချာသေးကြောင်း အကြောင်းပြန်သည်။
တကယ်တန်း မြေကွက် ဝယ်တော့မည်ဟု ဆုံးဖြတ်ချက်ချကာ ဝယ်ယူ ဖို့ ဈေးမေးတော့လည်း ထင်သလောက် မလွယ်ကူသည်ကို တွေ့ရသည်။ သို့ဖြင့် တတိယဦးစားပေး မြေကွက်ပိုင်ရှင်နှင့် ဆက်သွယ်ကြည့်ပြန်သည်။ ယခုတစ်ခါတွင်မူ အဆင်ပြေသည်ဟု ဆိုရမည်။ ဦးကျော်ဇောက စာရေးသူ အား ဆက်သွယ်အကြောင်းကြားသည်။ "ဆရာရေ၊ ဒီတစ်ခါတော့ ပွဲဖြစ်ပြီ၊ ဒါကြောင့် ညနေ (၅) နာရီခွဲလောက်မှာ ဆရာ့ကို လာခေါ်ပါ့မယ်" ဟု ချိန်း လိုက်သည်။
ရှာတော့ ထောင့်ကွက်၊ တွေ့တော့ အတွင်းကွက်
စာရေးသူလည်း အရောင်းအဝယ် ပွဲဖြစ်လိုသဖြင့် ဦးကျော်ဇော လာခေါ်မည့် အချိန်ကို မျှော်နေ သည်။ ရောက်လာသူနှင့် (၉) ရပ်ကွက်သို့ ခရီးဆက်ခဲ့ကြ သည်။ စာရေးသူတို့ ရောက်သွားသည့် အချိန်တွင် မြေကွက်ရောင်းမည့် ပိုင်ရှင်ကလည်း နောက်ဆုံးပေါ် ကားကြီးနှင့် ရောက်နှင့်နေသည်။ အားလုံး လူစုံပြီမို့ ဈေးစကား ဦးစွာညှိနှုန်းကြသည်။ မြေကွက်က ထောင့်ကွက် မ ဟုတ်လမ်းသွယ်အ တွင်း (၃) ကွက်မြောက် ဖြစ်၍ သိန်း ၅၅၀ နဲ့ ဈေးတည့် သွားသည်။
ဂရန်မိတ္တူပေါ် မိတ္တူပွား၊ အမည်ပေါက်နှင့် မြေကွက် အမှတ်က မုံဝါးဝါး
စာရေးသူက စာရွက်စာတမ်းများ တောင်းယူကြည့်သည့်အခါ မိတ္တူပေါ် မိတ္တူဆင့်၍ အထပ်ထပ် ကူးယူထားသည်။ နှစ် ၆၀ ဂရန် စာအုပ်ကို ပြ သည်။ ဂရန်အမည်ပေါက်သူမှာ ဗိုလ်မှူးတစ်ဦး ဖြစ်သည်။ သို့သော် ရောင်း သူမှာ လူငယ်တစ်ဦးဖြစ်၍ အဆင့်ခံ ဝယ်ယူထားသူ ဖြစ်သည့် စာချုပ် အ ဆက်အစပ် ပြပါဟု တောင်းလိုက်သည့်အခါ လောလောဆယ် ဂရန်မူရင်း လည်း မပြနိုင် စာချုပ် အဆက်အစပ်လည်း မရှိဘဲ ရောင်းခြင်းဖြစ်သည်။ "ဦးကျော်ဇော" က ဝယ်ရမည်ကို ဝန်လေးသွား သည်။
ဂရန်မိတ္တူက မှုံဝါးဝါး၊ စာချုပ် အဆက်အစပ် လည်း မရှိငြား ဝယ်လို့ဖြစ်ပါ့မလား
ဤသို့ မိတ္တူကို ပြ၍ ရောင်းရသည့် အကြောင်းကို စာရေးသူက မေးကြည့် ရာ ရောင်းသူများမှာ ဝယ်ရောင်းပွဲစားများဖြစ်၍ ၎င်းတို့က ဂရန် လက်ဝယ် ကိုင်ထားသူ ပိုင်ရှင်ထံမှ စရန်ငွေများ ပေး၍ စရန်ပေး စာချုပ်လာခဲ့ခြင်း ဖြစ်ြ ပီး၊ အပြီးငွေချေရက်ကို တစ်လခွဲခွာပြီး ချိန်းကာ စာရေးသူတို့အား ကြားဖြတ် ၍ ရောင်းခြင်းဖြစ်သည်။ ထို့ကြောင့် ဂရန်မူရင်းကိုမူ အပြီး ငွေချေသည့်နေ့ မှ ပေးအပ်မည် ဖြစ်ကြောင်း ပြောသည်။ အိမ်ခြံမြေ အရောင်းအဝယ် လော ကတွင် ယင်းသို့ တစ်ဆင့် လက်လွှဲ ရောင်းသည့် ကိစ္စမျိုး ရှိတတ်ပါသည်။ သို့သော် ယခုကဲ့သို့ ဂရန်မိတ္တူ သာပြ၍ စာချုပ် အဆက်အစပ် တစ်ခုမှ မပြနို င်သည့် မြေကွက်မျိုးကို ဝယ်ရမည်မှာ အရှုပ်အရှင်း ရှိနိုင်သဖြင့် အားတုံ့အား နာဖြစ်၍ ပြန်ခဲ့ကြပါတော့သည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com