မြိတ်ကျွန်းစု (သို့မဟုတ်) ဖွံ့ ဖြိုးလာသော အဏ္ဏဝါခရီးသွားဒေသသို့ ကမ္ဘာလှည့်ခရီးသည်များဝင်ရောက်လည်ပတ်

မြိတ်ကျွန်းစု (သို့မဟုတ်) ဖွံ့ ဖြိုးလာသော အဏ္ဏဝါခရီးသွားဒေသသို့ ကမ္ဘာလှည့်ခရီးသည်များဝင်ရောက်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
8 Mar 2017 11:26 am တွင် တင်ခဲ့သည်
1774 ကြိမ် ကြည့်ရှု့ပြီး
မြိတ်ကျွန်းစုသည် မြန်မာနိုင်ငံ၏တောင်ဘက် ကပ္ပလီပင်လယ်ပြင်အတွင်းတည်ရှိကာ ကျွန်းပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမျိုးသားအဏ္ဏဝါ ဥယျာဉ်ဖြစ်သည့် လန်ပိကျွန်းတည်ရှိသော ကျွန်းစုတစ်ခုဖြစ်သည်။

လေ့လာသူများ၏ သုတေသနပြုချက်အရ ကုန်းမြေနှင့် ရေစပ်များတွင် ပေါက်
ရောက်သော အမြဲစိမ်းသစ်တောအမျိုးအစား ၁၉၅ မျိုး၊ ဒီရေတောနှင့် သဲခုံတော သဘာဝပေါက်ပင်အမျိုးအစား ၆၃ မျိုး ရှင်သန်ပေါက်ရောက်သည်။ မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်းများတွင်လည်း နို့တိုက်သတ္တဝါ ၁၉ မျိုးနှင့် သွေးအေး၊ သွေးနွေးသတ္တဝါမျိုးစိတ် မြောက်မြားစွာ နေထိုင်ကျက်စားလျက်ရှိသော ဒေသကြီးဖြစ်သည့်အပြင် ဆလုံလူမျိုးများနှင့် ဆောင်းရာသီနှင့်နွေရာသီတွင် 'ကဗန်း' လှေပေါ်တွင် နေထိုင်၍ ရေထွက်ပစ္စည်းများကိုရှာဖွေကာ အသက်ရှင်သန်နေထိုင်မှုဘဝပုံစံသည်လည်း ပြည်တွင်းပြည်ပခရီးသွားများအတွက် ဆွဲဆောင်မှု
တစ်ရပ် ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဖေဖော်ဝါရီလအတွင်း ခရီးစဉ်စုစုပေါင်း ၇၉ ခုကို ကမ္ဘာလှည့်ခရီးသည် ၆ဝ၄ ဦးလိုက်ပါလျက် ထိုင်းနိုင်ငံသားပိုင် စက်တပ်ရွက်လှေ ၃၅ စင်းနှင့် မြန်မာနိုင်ငံသားပိုင် စက်တပ်ရွက်လှေသုံးစင်း စုစုပေါင်းစက်တပ်ရွက်လှေ ၃၈ စင်းတို့ဖြင့် ကော့သောင်းခရိုင်အတွင်းရှိ အောက်ကျွန်းနီကျွန်း၊ မြန်မာ
ဘန့်၊ မြောက်တော်ဝင်ကျွန်း၊ တောင်တော်ဝင်ကျွန်း၊ နာနတ်သီးကျွန်း၊ ကျွန်းဖီလာကျွန်း၊ ခရင်းခွကျွန်း၊ ၁၁၅ ကျွန်း၊ ငမန်းကျွန်း၊ မျောက်နီကျွန်း၊ သရဲကျွန်း၊ ကြက်မောက်ကျွန်း၊ လန်ပိကျွန်း၊ လိုဏ်ဂူကျွန်း၊ စေတန်ကျွန်း၊ တောင်လ
ပို့ကျွန်း၊ ၂၅၄ ကျွန်း၊ ၂၅၆ ကျွန်း၊ ကိုဖော့ကျွန်း၊ တာယာကျွန်း၊ ညောင်ဦးဖီးကျွန်း၊ နတ်သမီးရေတွင်းကျွန်း၊ ဒုံးရေတံခွန်၊ ဗိုလ်ချိုကျွန်းများသို့ လာရောက်လည်ပတ်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုအတွင်းသို့ ၂ဝ၁၅ ခုနှစ်တွင် စက်တပ်ရွက်လှေခရီးစဉ် ၃၉၆ ခု နှင့် ကမ္ဘာလှည့်ခရီးသွား ၃၂၇ဝ လာရောက်ကာ ၂ဝ၁၆ ခုနှစ်တွင် စက်တပ်ရွက်လှေခရီးစဉ် ၄၇ဝ ခုနှင့် ကမ္ဘာလှည့်ခရီးသွား ၃၉၆၁ ဦးဝင်ရောက်ခဲ့သဖြင့် ၂ဝ၁၆ခုနှစ်တွင် ရာခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၄၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စက်တပ်ရွက်လှေခရီးစဉ် ၁၆၆ ခုနှင့် ဧည့်သည် ၁၃၉၇ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီလတွင် စက်တပ်ရွက်လှေခရီးစဉ် ၇၄ ခု နှင့် ဧည့်သည် ၅၁၈ ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလတွင် စက်တပ်ရွက်လှေ ခရီးစဉ် ၇၉ ခုနှင့် ဧည့်သည် ၆ဝ၄ ဦးတို့ ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်ကထက် ပိုမိုဝင်ရောက်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ကုန်း
ကြောင်း၊ ရေကြောင်းခရီးစဉ်များသာမက နယ်စပ်ဖြတ်ကျော် ခရီးစဉ်များဖြင့် မြန်မာနိုင်ငံ၏ သာယာလှပရှုခင်းများ၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ၊ လက်မှုပညာလုပ်ငန်းများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့စရိုက်နှင့် နေထိုင်မှုပုံစံများကို သိရှိထိတွေ့ခံစားလို၍ လာရောက်ကြသကဲ့သို့ တနင်္သာရီတိုင်းဒေသ
ကြီးအတွင်းရှိ ခွင့်ပြုကျွန်းစုများသို့လည်း အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ ရေအောက်ရှုခင်း ကြည့်ရှုခြင်း၊ ရေကူးခြင်း၊ ဆလုံတိုင်းရင်းသားများ၏ ဘဝများကို လေ့လာခြင်းများဖြင့် ယခင်ကထက် လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

Villa Shukhinthar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service