နယူးဇီလန်အစိုးရ၏ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းများသည် ဝေဖန်ပြစ် တင်မှုများကြောင့် အိမ်ရာ အသစ်ဆောက်လုပ်ရေး လုပ်ငန်းများသည် ဝေ ဖန်ပြစ်တင်မှုများ ကြောင့် အိမ်ရာအသစ်ဆောက်လုပ်မှုများ တဖြည်းဖြည်း
လျော့နည်းလာ နေ၍ အိမ်ရာဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည် စိ စစ်နေသည် ဟု မတ် ၆ ရက်သတင်းများအရ သိရသည်။
အိမ်ရာအသစ်ဆောက်လုပ်မှုများကို အစိုးရက ယခင်က ၁၅ ရာ ခိုင်နှုန်း ခွင့်ပြုထားရာမှ ဇန်နဝါရီလ အတွင်းက အော့ကလန်မြို့တွင် ငါး ရာခိုင်နှုန်း ကိုသာ ခွင့်ပြုချထားပေးခဲ့ သည်။ ယင်းသည် ၂ဝ၁ဝ-၂ဝ၁၁ နယူးဇီလန် ငလျင်ကြီးဖြစ်ပွားပြီး နောက် ၂ဝ၁၆ ခုနှစ်တွင်းကသာ အများဆုံး ခွင့်ပြု ချက်ပေးခဲ့ခြင်းဖြစ် သည်။ ''နယူးဇီလန်အိမ်ရာဆောက်လုပ်ရေးဟာ ခွင့်ပြု ချက်ထက်အမြဲ တမ်းပိုဆောက်လုပ်နေကြစမြဲပဲ''ဟု စီးပွားရေးညွှန်းကိန်းများ ဆိုင်ရာ အထက်တန်းမန်နေဂျာနေးလ်ကယ် လီကပြောဆိုလိုက်သည်။
''ငလျင်ကြီးပြီးနောက် အော့ကလန်မှာ အိမ်ရာဆောက်လုပ်မှုခွင့်ပြု ချပေးတာ များပြားခဲ့ပေမယ့် ကင်တာဘာရီမြို့များမှာတော့ နည်းပါးစွာ ခွင့်ပြုချထားပေး ခဲ့ပါတယ်''ဟု ၎င်းကဆက်လက်ပြောကြားလိုက်သည်။
နယူးဇီလန်အတိုက်အခံလွှတ် တော်အမတ်များကမူ လူဦးရေ တိုးပွားများပြား လာသော နယူးဇီလန် နိုင်ငံတွင် အိမ်ရာအသစ် ၄ဝဝဝ ခန့်လိုအပ်သော် လည်း အစိုးရက ၂၅ဝဝ သာဆောက်လုပ်ခွင့်ချပေး ထား၍ အစိုးရ၏ ညံ့ဖျင်း မှုတစ်ရပ်ကို ပြဆိုနေသည်ကိုပြောဆိုစွပ်စွဲခဲ့သည်။ နယူးဇီလန် ဗဟို ဘဏ် ကြီးကမူ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့အိမ် ခြံမြေဈေးနှုန်းမှာ ကြီးမြင့်နေ သည်ဟု ပြောဆိုလိုက်သည်။
Credit: Democracy Today