တရုတ်သည် (၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလဖြစ်သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်ကုန်အထိ ကာလအတောအတွင်း ပို့ဆောင်ရေးတွင် ၁၅ ထရီလျံ ယွမ်(အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ထရီလျံ) ကို
ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်းတရုတ်ဗဟိုရုပ်သံ၏ အင်္ဂလိပ်ဘာသာဖြင့်
၂၄ နာရီ ထုတ်လွှင့်သော ရုပ်သံလိုင်း
CGTN ၏ ၀က်ဘ်ဆိုက်ဒ်တွင် ယမန်နေ့ (မတ် ၇) က ဖော်ပြခဲ့သည်။
တရုတ်ပို့ဆောင်ရေးဝန်ကြီး လီရှောင်ဖိန်က ဖေဖော်ဝါရီ
၂၇ သတင်းစာရှင်းလင်းပွဲတစ်ခု
တွင် ထိုအကြောင်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။ "၃ ဒသမ ၅ ထရီလျံ ယွမ် (ဒေါ်လာ၅၀၉ ဘီလျံခန့်) ကို ရထားလမ်းတွေမှာ သုံစွဲမှာ ဖြစ်ပြီး ၇ ဒသမ ၈ ထရီလျံ ယွမ်(ဒေါ်လာ ၁ ဒသမ ၁ ထရီလျံခန့်) ကို အဝေးပြေးလမ်းတွေမှာ၊ ၆၅၀ ဘီလျံ ယွမ် (ဒေါ်လာ၉၅ ဘီလျံခန့်) ကို လေဆိပ်တွေမှာ၊ ပြီးတော့ ၅၀၀ ဘီလျံ ယွမ် (ဒေါ်လာ ၇၃ ဘီလျံခန့်)ကို ရေနုတ်မြောင်းတွေမှာ၊ ဒါတွေအားလုံးကို ၂၀၂၀ ပြည့်နှစ်မကုန်မီ သုံးစွဲသွားမှာပါ" ဟုလီက ပြောကြားခဲ့သည်။
ရည်မှန်းချက်မြင့်မားသော ထိုအစီအစဉ်အရ တရုတ်၏ မြန်နှုန်းမြင့်ရထားလမ်းများသည်
၂၀၁၅ ခုနှစ်တွင် ကီလိုမီတာ ၁၉,၀၀၀ (မိုင် ၁၂,၀၀၀) ထိ ဆောင်ရွက်နိုင်ခဲ့ရာမှ ၂၀၂၀ပြည့်နှစ်တွင် ကီလိုမီတာ ၃၀,၀၀၀
(မိုင် ၁၉,၀၀၀ ခန့်) သို့ တိုးမြင့်လာမည်ဖြစ်သည်။
ယင်းမြန်နှုန်းမြင့်ရထားလမ်းကွန်ရက်သည် အမြဲတမ်းဒေသခံ
၁ သန်းကျော်ရှိသည့်မြို့များ၏ ရာခိုင်နှုန်း ၈၀ ကျော်ကို အကျုံးဝင်စေမည်ဖြစ်သည်။
ရထားလမ်း၊ အဝေးပြေလမ်းများနှင့် အရပ်ဘက်လေဆိပ်များကို အမြဲဒမ်းဒေသခံ ၂ သိန်းကျော်ရှိသည့် မြို့များတွင်
ဖော်ဆောင်မည်ဖြစ်ကာ အဝေးပြေးလမ်းဖောက်လုပ်မှု
ကီလိုမီတာ ၁၅၀,၀၀၀ (၉၃,၀၀၀ မိုင်) သို့ ရောက်ရှိပြီး အရပ်ဘက်လေဆိပ်အရေအတွက်
၂၆၀ ရှိလာမည်ဖြစ်သည်။
တရုတ်သည် နိုင်ငံအရှေ့နှင့် အနောက်နှင့် တောင်နှင့် မြောက်တို့ကို ဆက်သွယ်မည့်အလျားလိုက်နှင့် ဒေါင်လိုက်အသွင်များရှိ ကျယ်ပြန့်သော ပို့ဆောင်ရေးစင်္ကြံအခု ၂၀(အလျားလိုက်လမ်းကြောင်း ၁၀ ခုနှင့် ဒေါင်လိုက်လမ်းကြောင်း ၁၀ ခု) ကိုလည်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com