စင်ကာပူရဲ့ Changi လေဆိပ်ကို ကျော်ပြီး တောင်ကိုရီးယားရဲ့
Incheon လေဆိပ်က အာရှပစိဖိတ်ဒေသအတွင်း ၀န်ဆောင်မှု
အကောင်းဆုံး လေဆိပ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာ လေဆိပ်များဆိုင်ရာ ကောင်စီ ACI ရဲ့ ၂၀၁၆ ကမ္ဘာ့လေဆိပ်ဝန်ဆောင်မှုအရည်အသွေး ဆု ချီးမြင့်ရာမှာတော့
အာရှပစိဖိတ်ဒေသတွင်း ၀န်ဆောင်မှုအကောင်းဆုံးအဖြစ် Incheon လေဆိပ်က ဆုရရှိသွားတာဖြစ်ပါတယ်။
ယင်းရဲ့ နောက်မှာတော့ Changi လေဆိပ်က Delhi လေဆိပ်၊Mumbai လေဆိပ်တို့နဲ့ ပူးတွဲ ဒုတိယဆု၊ Beijing လေဆိပ် နဲ့
Haikou လေဆိပ်တို့က ပူးတွဲ တတိယ ဆုတွေကို အသီးသီးရရှိသွားကြတာဖြစ်ပါတယ်။
ယခု ဆုချီးမြင့်မှုတော့ လေဆိပ်တွေမှာ နေ့စဉ်ခရီးသွားလာနေကြတဲ့ခရီးသွားဧည့်သည်တွေကို
သဘောထားစစ်တမ်း ကောက်ယူပြီး
ယခုလို ရွေးချယ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဆုရွေးချယ်ရာမှာတော့ လေဆိပ်တွေရဲ့ ၀င်ထွက်လက်ခံနိုင်မှု၊check-in ၊ လုံခြုံရေး စောင့်ကြပ်ကြည့်ရှုမှု၊ သန့်စင်ခန်း၊
စတိုးသိုလှောင်ခန်း၊ စားသောက်ဆိုင် စတာတွေရဲ့ အခြေအနေအနေအထား
ကောင်းမွန်မှုတွေအပေါ် ခရီးသွားပြည်သူတွေရဲ့ ထင်မြင်ချက်တွေကို ကောက်ယူထားခဲ့တာဖြစ်ပါတယ်။
Credit: CNA