မေးခွန်းထုတ်စရာဖြစ်လာတဲ့ တန်ဖိုးနည်း တိုက်ခန်းအရည်အသွေး ဘယ်ကိုရှေ့ဆက်မလဲ

မေးခွန်းထုတ်စရာဖြစ်လာတဲ့ တန်ဖိုးနည်း တိုက်ခန်းအရည်အသွေး ဘယ်ကိုရှေ့ဆက်မလဲ - Property News in Myanmar from iMyanmarHouse.com
8 Mar 2017 10:06 am တွင် တင်ခဲ့သည်
836 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်း ၊ တန်ဖိုးသင့် ၊ တန်ဖိုးမျှတ လို့ ဆိုတဲ့ တိုက်ခန်းတွေ နဲ့ ပက်သက်ပြီး ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ တော်တော်များများ ဆောက်ခဲ့ကြပါတယ် ။ ပြည်သူတွေ ကြားမှာလည်း အိမ်ရာလိုအပ်ချက်ကြောင့် အလုအယက် လျှောက်လွှာတင်ကြ ၊နည်းလမ်းပေါင်းစုံ နဲ့ ကြိုးစားခဲ့ကြပါတယ် ၊ ဒါပေမယ့် ဆောက်ပြီးတိုက်ခန်းတွေ ရဲ့အရည်အသွေးနဲ့ ပက်သက်ပြီး ဘယ်သူတွေမှ ရေရေရာရာ အရေးတယူ လုပ်ပြောဆိုတာ မရှိခဲ့ပါဘူး ။ ပြောလည်းမပြောခဲ့ကြပါဘူး ။ အခုဆိုရင် နှစ်နှစ် သုံးနှစ်လောက်ဘဲ သက်တမ်းရှိသေးတဲ့ တိုက်တွေမှာ အက်ကွဲကြောင်းတွေ ၊ ရေမြောင်းတွေ ပျက်စီးတာ ၊ ငရုတ်သီးထောင်းလိုက်တာနဲ့ အောက်ခန်းက မျက်နှာကြက်ကနေ ဘိလပ်မြေမှုတွေ ကျလာလို့ အပေါ်ထပ် အောက်ထပ် စကားများရတာတွေ ၊ လှေကားခွင်တွေ ပျက် ၊ မိုးတွင်းဆို ရေတွေဝင်လို့ အတိဒုက္ခရောက်ရတဲ့ဖြစ်ရပ်တွေကတော့ ပုံမှန်ဆိုသလိုဖြစ်နေပါပြီ ၊ ပြည်သူ့အစိုးရလက်ထက်မှာတော့ ဒီလိုအရည်အသွေးနိမ့် ဆောက်ပြီး လူတွေကို အလျင်အမြန်တက်နေခိုင်းတဲ့ စနစ်ကို
လက်မခံတော့ပါဘူး ။ ငလျင် အင်အား ရက်ချက်တာစကေး ၄ ၊
ဒါမှမမဟုတ် ၅ အဆင့်လောက်လှုပ်လိုက်မယ်ဆိုရင်တောင် ဒီတိုက်တွေရဲ့ ကြံခိုင်ရည်ကို ဘယ်သူအာမခံချက်ပေးမလဲ
ဆိုတာ မေးခွန်းထုတ်လိုပါတယ် ။

ကုမ္မဏီတွေက တောင်းတဲ့ တစ်ပေပတ်လည်နှုန်းထားကို နိုင်ငံတော်က ပေးချေပြီးမှ ဆောက်လုပ်ခိုင်း
တာဖြစ်ပါတယ် ၊ နိုင်ငံတော်ကလည်း ပြည်သူတွေကို အရစ်ကျ ၊ လက်ငင်းငွေချေစနစ်နဲ့ နေထိုင်ခွင့် ချထားပေးတာဖြစ်လို့ ငွေတကယ် အမှန်ကုန်ကျ ပေးချေရတာ ပြည်သူဘဲဖြစ်ပါတယ် ၊ ဒါကြောင့်လည်း ထိုက်သင့်တဲ့ တန်ဖိုးကို ရယူထားပြီဆိုရင် အမှန်တကယ် စိတ်ကောင်းစေတနာ ထားပြီး အရည်အသွေးမှီ ဆောက်ပေးရမှာ ကန်ထရိုက်တာတွေမှာ တာဝန်ရှိပါတယ် ။ အလုပ်ရချင်ဇောနဲ့ မဖြစ်နိုင်တဲ့ ဈေးနဲ့ ဆောက်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်ကတော့ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေ စီခေတ်မှာ အစိုးရကော ပြည်သူကော လက်မခံတော့ပါဘူး ။

ပြည်သူ့အစိုးရလက်ထက်မှာတော့ ရန်ကုန်က နာမည်ကြီး အဌားအိမ်ရာစီမံကိန်း တစ်ခု နဲ့ ရဲ့အရည်အသွေးနဲ့ ပက်သက်ပြီး လွှတ်တော်ကိုယ်စာလှယ်တွေ အကြားမှာကော ၊ အိမ်ခြံမြေ အသိုင်းအ၀ိုင်းမှာကော ၊ ပါဝင်ပက်သက်တဲ့ ပြည်သူတွေ ကြားမှာပါ သို့လောသို့လော နဲ့ သတင်းတွေထွတ်ပေါ်နေပါတယ် ။

အရင်အစိုးရလက်ထက်က ဆောက်ခဲ့တဲ့ အဌားအိမ်ရာစီမံကိန်း ကို အမှန်တကယ် လူနေဖို့ စီစစ်တဲ့ အချိန်မှာ တိုက်တွေမှာ အက်ကွဲကြောင်းတွေ တွေ့တာတို့ ၊ ရေပိုက် ရေစက်တွေ မကောင်းတာတို့ ၊ ကြမ်းခင်းမညီညာတာတို့ ယုတ်စွ အဆုံး မိလ္လာစနစ်က အစ အဆင်မပြေဘူးလို့ သတင်းတွေ ထွတ်လာပါတယ် ၊ဘီလီယံ ၂၀ သုံးခဲ့တယ့် စီမံကိန်းကြီးဖြစ်ပေမယ့်လည်း ပြည်သူတွေ နေထိုင်ဖို့ စီစစ်တဲ့ အခါမှတော့ ပြသနာပေါင်းစုံ တွေ့ရပြီး အရင်လုပ်ခဲ့တဲ့ ကန်ထရိုက်ဟောင်းတွေကို ပြန်ခေါ်ပြီး လုပ်ခိုင်းရတဲ့ အထိ အရုပ်ဆိုးခဲ့ပါတယ် ။ ပြသနာ ဖြစ်လာမှ သူ့လွှဲချ ကိုယ့်လွှဲချ လုပ်နေကြပေမယ့် သေချာတာစ်ခုကတော့ ပြည်သူ့အခွန်ငွေ နိုင်ငံတော်ဘဏ္ဍာနဲ့ ထည့်ဝင်လိုက်ရတဲ့ ငွေကြေး ဘီလီလျံ ၂၀ နဲ့ တူတန်တဲ့ အရည်အသွေးတူ တိုက်ခန်းတွေ မရခဲ့တာတော့ သေချာပါတယ် ၊ ဒါတောင် စီမံကိန်းတစ်ခု အတွက်သာ ဖြစ်ပြီး အဆောက်အအုံ ပြီးလို့ လူတွေ တက်နေနေတဲ့ စီမံကိန်းတွေ ဘယ်နှစ်ခု လောက် ရှိမလဲ ဆိုတာတော့ ကာယကံရှင်တွေဘဲ သိနိုင်မှာဖြစ်ပါတယ် ။

NLD အစိုးရလက်ထက် နာမည်ကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကတော့ သူ့မြို့နယ်ထဲမှာ ဆောက်ထားခဲ့တယ့် ဒီအိမ်ရာစီမံကိန်း နဲ့ ပက်သက်ပြီး ပေးလိုက်တဲ့မှတ်ချက်ကတော့ မှတ်သားစရာ ကောင်းသလို သတိထားဆင်ခြင်စရာ လည်ကောင်းပါတယ် ။'' တန်ဖိုးနည်းဆိုပြီး တန်ဖိုးမထားဘူး ဆိုတဲ့ '' စကားလေးဖြစ်ပါတယ် ။
အလားတူ အရည်အသွေးနိမ့် အိမ်ရာစီမံကိန်းတွေမှာလူနေထိုင်နေတဲ့ မိသားစုထောင်ပေါင်းများစွာရဲ့ တိုက်ခန်းအရေည်အသွေးနဲ့ပက်သက်ပြီး ရင်ထဲက ထွတ်လာမယ့် ရင်တွင်းစကားသံတွေလည်း တကယ်နားထောင်မယ်
ဆိုရင် နည်းမှာ မဟုတ်ပါဘူး ။

ပြည်သူ့အစိုးရလက်ထက်မှာတော့ အိမ်ရာစီမံကိန်းတွေ ရဲ့ အရည်အသွေးနဲ့ ပက်သက်ပြီး အသေအချာစီစစ်တဲ့အပြင် ပေးရတဲ့ ပိုက်ဆံနဲ့ ကာမိတဲ့ အရည်အသွေး နဲ့ ပက်သက်ပြီး အသေအချာ လုပ်လာတာကြောင့် အဖြစ်လုပ်ခဲ့တယ့် လူတွေ ကော့နေအောင် ခံစားရပါတယ် ။ တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အစိုးရ ဖြစ်တာကြောင့်လည်း အရင်လို တန်ဖိုးနည်း အိမ်ရာဆောက်ပြီးလို့ ဆေးတောင် မခြောက်ခင် လူနေခိုင်းလိုက်တဲံ စနစ်ဆိုးအစား ၊ အိမ်ရာပြီးတာနဲ့ အသေအချာ စီစစ်ပြီးမှ လူတက်နေခိုင်းတဲ့ စနစ်ကို ပြောင်းလိုက်တဲ့ အတွက်ကြောင့် ရေသာခို ၊ အရည်အသွေးခို ဆောက်လုပ်တယ့် ခေတ်က ကုန်သလောက်ဖြစ်သွားတာ ကန်ထရိုက်တာ လောကသားတွေ အသိဖြစ်ပါတယ် ။

အစိုးရသစ်လက်ထက် မှာ ပြန်လည်စီစစ်လိုက်တဲ့ အိမ်ရာစီမံကိန်းကလည်း ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ၂၀၁၆ ဇန်န၀ါရီလ ဆန်းမှာ တက်သုတ်ရိုက်ဆောက်ခဲ့တဲ့အဌားအိမ်ရာစီမံကိန်းဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာ အပြီးသတ် အချိန်တိုအတွင်းအမြန် ဆောက်လုပ်ခဲ့တဲ့ အတွက် ကမ္ဘာစံချိန်ကို မြန်မာချိုးတယ်လို့တောင် သုံးသပ်လို့ ရပါတယ် ။

နောက်ဆုံးပိတ် ဆွမ်းကြီလောင်းခဲ့တယ်လို့ဘဲပြောပြော ၊ ဇီးသီးဗန်းမှောက်တယ်လို့ဘဲ ဆိုဆို အရင်အစိုးရလူဟောင်း အချို့နဲ့ ဆောက်လုပ်ရေး ကုမ္မဏီ ၂၆ ခု ၀ိုင်းပြီး အားပေးခဲ့တယ့် စီမံကိန်းဖြစ်ပါတယ် ။ ပြည်သူ့ အစိုးရ လက်ထက် မှာတော့ ဒီစီမံကိန်း ပြီးစီးပြီ ဖြစ်တဲ့ အတွက် လူနေထိုင်ဖို့ သင့်မသင့် စီစစ်တဲ့ အခါမှာတော့ စိတ်ပျက်လက်ပျက်ဖြစ်လို့ လက်ရှိ ရန်ကုန်ဝန်ကြီးချုပ် နဲ့ အစိုးရက ကုမ္မဏီတွေကို ပြန်ခေါ်ခိုင်းပြီး ပြင်ခိုင်းတယ်လို့ သတင်းထွတ်လာပါတယ် ။

ဒီဇာတ်လမ်းက ရန်ကုန်ရဲ့ အိမ်ရာစီမံကိန်းပေါင်းများစွာ ထဲကတစ်ခုသာ ဖြစ်ပြီး အလားတူ အိမ်ရာစီမံကိန်း တွေမှာ ၊ ပြီးစီးသွားတဲ့ အိမ်ရာစီမံကိန်းတွေမှာလည်း အလားတူ ပြသနာ လေးတွေ တွေရှိကောင်းရှိနိုင်ပါတယ် ။
ပြီးစီးလို့ လူနေထိုင်နေပြီဖြစ်တဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်း တစ်ချို့ ပျက်စီးမှု တွေ ရှိလာတာ၊ ဆောက်လုပ်ပြီးတာ အချိန်တိုတိုလေး အတွင်းမှာ မထင်မှတ်လောက်အောင် ပျက်စီးမှု တွေ ဖြစ်လာတဲ့ ကိစ္စတွေ ၊ အပေါ်ဆုံးထပ် အခန်းတွေဆို ခေါင်မိုး မိုးမလုံလို့ ဒုက္ခပင်လယ်ဝေနေတဲ့ မိသားစု အများကြီးရှိပါတယ် ၊ အဓိကကတော့ စေတနာဖြစ်ပါတယ် ၊ မှန်ကန်မျှတတဲ့ ဈေးနှုန်းတစ်ခုနဲ့ ဆောက်လုပ်ခွင့်ခဲ့မယ် ဆိုရင် ထိုက်သင့်တဲ့ အခကြေးငွေ ရပြီးဖြစ်တဲ့ အတွက် တူတန်မျှော်မှန်တဲ့
အရည်အသွေး ၊ လုပ်အားပေးဆပ်မှု ကတော့ လုပ်ပေးရမှာ ကန်ထရိုက်တာတွေရဲ့ တာဝန်သာ ဖြစ်ပါတယ် ။

တရားစွဲတဲ့ အလေ့အကျင့် ထွန်းကားတဲ့ အနောက်နိုင်ငံတွေမှာဆိုရင်တော့ အစိုးရက တရားမစွဲဖြစ်ခဲ့ရင်တောင် အရည်အသွေးမမှီ ဆောက်လုပ်ထားတဲ့ အတွက် နေထိုင်သူတွေက ဆောက်ခဲ့တဲ့ ကုမ္မဏီတွေကို တရားစွဲပြီး နစ်နာကြေးငွေ ဒေါ်လာသန်းနဲ့ ချီတောင်းတာ ကမ္ဘာမီဒီယာတွေမှာ ခဏခဏတွေ့မြင်နေရတဲ့ ထူးမဆန်းတဲ့ သတင်းဖြစ်ပါတယ် ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ထုံးစံအတိုင်း ရုံးပြင်ကနား
မသွားချင်တာရယ် ၊ တရားရုံးတို့ ရဲတို့နဲ့ မပက်သက်ချင်တာရယ် ၊ ရှည်လျားလှတဲ့ လုပ်ထုံးလုပ်နည်း စနစ်တွေကြောင့် တော်ရုံတန်ရုံ
ပြသနာကို အတိတ်ဘ၀က ၀ဋ်ကြွေးရှိလို့ ခံရတဲ့ ပုံစံမျိုး ၊ ကိုယ့်ပြသနာ ကိုယ်ဖြေရှင်းမယ်ဆိုတဲ့ စိတ်ထားမျိုးနဲ့ သည်းခံနေကြတာဖြစ်ပါတယ် ။

စီးပွားရေး ပွင့်လင်းလာပြီး အနောက်နိုင်ငံတွေ ၊ ဖွံ့ဖြိုးပြီး အာရှနိုင်ငံက ဆောက်လုပ်ရေး ကုမ္မဏီတွေ ပြည်တွင်းကို
ဝင်လာကြပါတယ် ၊ ပြည်တွင်းက ဆောက်လုပ်ရေး ကုမ္မဏီတွေနဲ့ လက်တွဲ ဆောက်လုပ်ကြတာတွေလည်း အထိုက်အလျောက် ရှိပါတယ် ၊ တူတန်မျှတတဲ့ နှုန်းထားကို လည်းပေးပါတယ် ၊ အရည်အသွေးမမှီဘူးဆိုရင်တော့ ဘယ်လောက်ဘဲ ရင်းနှီးမြုပ်နှံထားတဲ့ အဆောက်အအုံ ဖြစ်ပါစေ အားမနာပါဘူး ချက်ခြင်း ပြန်ဖျတ်ခိုင်းတက်ပါတယ် ၊ အရည်အသွေးကို တန်ဖိုးထားတက်တဲ့ စနစ်ဖြစ်ပါတယ် ။

ဒါကြောင်လည်း တစ်နေ့တာ အလုပ်ခွင်ထဲမှာ မောပန်းနွမ်းနယ်ပြီး အိမ်ပြန်လာတဲ့ ပြည်သူတွေ
စိတ်ချလက်ချနေနိုင်အိပ်စက်နိုင်အောင် အရည်အသွေးကောင်းကောင်းနဲ့ စေတနာ ထားဆောက်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service