ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ကုန်း ညောင်ကျေးရွာအုပ်စု၊ ပန်ခေါ်ကျေးရွာမှာ ခြောက်ထပ် ရေတံခွန် ဖော်ဆောင်မှုကြောင့် လယ်ယြာေ မ နဲ့ အိမ် ခြံမြေတွေ အဝယ်လိုက်လာပြီး ဈေးနှုန်းတွေ မြင့်တက်လာ တယ် လို့ သိရပါတယ်။
ပန်းခေါ်ရွာနေ အိမ်ခြံမြေအကျိုးဆောင် ဦးကျက်လုံက “ပန်ခေါ်ရေတံခွန် အ ခုကတော့ ခြောက်ထပ်ရေတံခွန်လို့ လူသိများလာလို့ မြေဈေးတွေ တက်လာ တာပါ၊ ဝယ်တဲ့လူလဲ ရှိပါတယ်၊ အဓိကကတော့ လားရှိုးက လာဝယ်တာ များပါတယ်” လို့ ပြောပါတယ်။
အဲသည် ကျေးရွာရှိ ခြောက်ထပ် ရေတံခွန်ကို ၂၀၁၆ နှစ် ကုန် ပိုင်းမှာ စ တင်ဖော် ဆောင်ခဲ့ပြီး ၂၀၁၇ နှစ် ဆန်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လာရောက် လည်ပတ် မှု များလာတာကြောင့် စီးပွားရေး အမြင် ရှိသူတွေက အနီး ရှိ မြေတွေကို ဝယ်ယူကြတာ ဖြစ်တယ်လို့ သိရပါတယ်။
လားရှိုးမြို့မှ မြေဝယ်ယူဖို့ လာကြည့်သူ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်ဦး က “ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးမှာ အရမ်းစည်တာတွေ့ရတယ်၊ အခုလဲ လာေ ရာက်လည် ပတ်သူ များလာတယ်၊ ဒါကြောင့် သင်္ကြန် အမီ မြေ ဝယ်ထားဖို့ စိတ် ကူးနဲ့ လာကြည့်တာပါ၊ ကုန်ပစ္စည်းတွေကို မြို့ထဲမှာ ကျပ် ၁၀ဝ၀ ဆို အဲဒီမှာ ကျပ် ၂၀ဝ၀ တောင်ရတယ်၊ အမြတ်များများရတဲ့အတွက် သင်္ကြန်မှာ ဆိုင်ဖွင့်မယ်”လို့ ပြောပါတယ်။
ပန်ခေါ်ကျေးရွာမှာ ယခင်က ၂၀၁၆ ခုနှစ်အထိ မြေတစ်ဧက ကို ကျပ် ၁၀ သိန်းမှ ၁၅ သိန်း ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ရာက လက်ရှိ မှာ ကျပ်သိန်း ၂၀ က နေ ကျပ် ၂၅ သိန်း ဝန်းကျင်အထိ ဈေး ပေါက် နေ တယ် လို့ သိရ ပါတယ်။
Credit: The Kumudra