တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ လက်မှတ်ရေးထိုး

တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီတို့ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
7 Mar 2017 11:01 am တွင် တင်ခဲ့သည်
2101 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တန်ဖိုးနည်းအိမ်ရာများကို အကောင်အ ထည်ဖော် ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) နှင့် စင်ကာပူ အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်ရာ နည်းပညာ အကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Surbana Jurong ကုမ္ပဏီတို့ပူး ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်းနှင့် Surbana Jurong ကုမ္ပဏီတို့သည် မတ် ၃ ရက်က ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ''ကျွန်တော်တို့ MCEA က နိုင်ငံရဲ့အနေအထား အချက်အလက်တွေကို ပံ့ပိုးပေးပြီး Surbana Jurong ရဲ့ဒီဇိုင်းနဲ့ နည်းပညာတွေကို အသုံးပြုပြီး နေချင်စဖွယ်လူနေမှု အင်္ဂါ ရပ် များနှင့်ပြည့်စုံသည့် တန်ဖိုး နည်းအိမ်ရာများကို တည်ဆောက်သွားမှာပါ'' ဟု အဆိုပါအခမ်းအနားတွင်ပြောကြားခဲ့သည်။ ယင်းကဲ့သို့ MCEA နှင့် Surbana Jurong တို့ပူးပေါင်းမှုမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအတွက် သာမက အထူးစီးပွားရေးဇုန် ဆိပ်ကမ်းများ၊ အခြေခံအဆောက်အအုံများ၊ အဝေးပြေးလမ်းမများ၊ စက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါပူးပေါင်းဆောင် ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

Surbana Jurong ကုမ္ပဏီမှ CEO Mr. Teo Eng Cheong က ''ပြည်ထောင် စု အစိုးရအနေဖြင့် ၂ဝ၃ဝ ဖွံ့ဖြိုးရေးစီမံကိန်းအရ အိမ်ခြေတစ်သန်း အကောင် အထည်ဖော်ရေးအ တွက်ကြိုးပမ်းလျက်ရှိပါတယ်။ ကျွန် တော်တို့ ရဲ့ယခုစာချွန်လွှာဟာ အစိုးရရဲ့မျှော်မှန်းချက်ကို တစ်စိတ်တစ် ဒေသအနေနဲ့ အားဖြည့်ပေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။ Surbana Jurong ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ၂ဝ၁၃ခုနှစ် အစပိုင်းမှစတင်ကာ လုပ်ငန်းများ စတင် ခဲ့ပြီး ပထမဆုံးစီမံကိန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူး ပေါင်း၍ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရတနာနှင်းဆီအိမ်ရာကိုဆောက်လုပ်ခဲ့ပြီး၊ ယခု အခါ မြန်မာနိုင်ငံအတွင်း စီမံကိန်းပေါင်း ၇ဝ ကျော်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service