မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သိမ်းဆည်းယာမြေများနှင့် ပတ်သက်၍ ယာမြေဧက ၁၉၀၀ ကျော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ်အ တွင်း၌ ဒေသခံတောင်သူများထံ ပြန်လည်ပေးအပ်သွားနိုင်ရန် စီစဉ်နေေ ကြာင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စုံစမ်းသိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း တပ်၊ အစိုးရ ဌာနဆိုင်ရာများ၊ ကုမ္ပဏီ အစရှိသည်တို့မှ သိမ်းဆည်းထားသည့် လယ်ယာမြေများနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ကိုင်ပိုင်ဆိုင်ခဲ့ သည့် ဒေသခံတောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည် ချထားေ ပးရန် အတွက် စီစဉ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက် တာစိုးသန်းက ပြောကြားသည်။
“မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ သိမ်းဆည်းယာမြေတွေနဲ့ ပတ် သက်ပြီး တိုင်းအစိုးရအဖွဲ့ အနေနဲ့ ပြန်လည် စိစစ်တာတွေ လုပ်နေပါတယ်။ ယာမြေဧက ၁၉၀၀ ကျော်ကို မူလ တောင်သူတွေဆီ ပြန်လည် ပြီးတော့ ပုံစံ (၇)၊ ပုံစံ (၃) တွေ ချထားပေးပြီး ပြန်လည် လုပ်ပိုင်ခွင့်ပေးဖို့ စီစဉ်နေပါ တယ်။ သိပ်မကြာတော့ပါဘူး။ ကျွန်တော်တို့ စိစစ်နေပါတယ်။ သက်ဆိုင်ရာ သိမ်းဆည်းထားတဲ့ အစိုးရဌာနဆိုင်ရာ တွေနဲ့လည်း ပြန်လည်စွန့်လွှတ်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နေပါတယ်။ ဒီ ၂၀၁၇ ခုနှစ်အတွင်း မကြာခင် မှာ ပြန်လည်ပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောကြားသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သိမ်းဆည်းယာမြေများနှင့် ပတ် သက်၍ ပြန်လည်စိစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး ယခုပြန်လည် ပေးအပ် ရန် စီစဉ်လျက်ရှိသည့် လယ်ယာမြေဧက ၁၉၀၀ ကျော်အပြင် အခြားကျန် ရှိနေသည့် သိမ်းဆည်းယာမြေများနှင့် ပတ်သက်လည်း မူလတောင်သူများ ထံ ပြန်လည်လုပ်ပိုင်ခွင့် ပေးအပ်သွားရန်အတွက် စိစစ်မှုများ ဆက်လက် ပြု လုပ်လျက် ရှိကြောင်း ၀န်ကြီးဒေါက်တာစိုးသန်းက ပြောကြားသည်။
“ကျွန်မတို့ ယာမြေတွေကို လယ်ဆည်ဝန်ကြီးဌာနက သိမ်းသွားခဲ့တာ ၁၉၆၃ ခုနှစ် ကနေ ၁၉၈၈ မတိုင်ခင် အချိန်အထိ သုံးကြိမ် အသိမ်းခံခဲ့ရ တယ်။ ဧက ၃၀၀ ကျော်လောက် အသိမ်းခံခဲ့ရတာပါ။ ယာမြေတွေ သိမ်း သွားလို့ ၂၀၁၅ ခုနှစ်က ကိုယ့်ယာမြေ ပြန်ရဖို့ ထွန်ယက်ကြတယ်။ ထွန်တုံး တိုက်ပွဲ လုပ်တယ်ဆိုပြီး အခုအချိန်အထိ အမှုရင်ဆိုင်နေရပါတယ်။ ကျွန်မ တို့ တောင်သူတွေအနေနဲ့ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရ တယ်။ တောင်သူတွေကို ကိုယ့်ယာမြေကိုယ် ပြန်ပြီးတော့ လုပ်ပိုင်ခွင့် ပြန်ေ ပးစေချင်ပါတယ်။ တရားစွဲဆိုထားတဲ့ အမှုတွေကိုလည်း အမြန်ဆုံး ရုပ် သိမ်းပေးစေလိုပါတယ်” ဟု မြစ်သားမြို့ နယ် တေစိုးကျေးရွာ မှ တောင်သူေ ဒ်ါစိန်ညိုက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးမှာ လယ်ယာမြေပြဿနာ အများဆုံး ဖြစ်ပွားလျက်ရှိ သည့် တိုင်းဒေသကြီးများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ပြင်ဦးလွင်၊ ပုသိမ် ကြီး၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း၊ မြစ်သား၊ စဥ့်ကိုင်၊ ငါန်းဇွန် အစရှိသည့် မြို့နယ်များတွင် သိမ်းဆည်းယာမြေများနှင့် ပတ်သက်၍ ဒေသ ခံတောင်သူ များမှာ ဖမ်းဆီးခံရခြင်း၊ အမှုရင်ဆိုင်ရခြင်းများ ဆက်လက်ရှိနေ ဆဲ ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Credit: Eleven Media Group