ပြည်ပပို့ကုန်မှ ငွေအ၀င် များလာခြင်းကြောင့် ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာ တန်ဖိုးကျဆင်းလာပြီး မတ်လ ၆ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၅၀ ကျပ်သို့ ကျဆင်းလာကာ ၀ယ်လိုအားထက် ရောင်းလိုအားပိုများနေ သည်။
ယခုရက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပဲမျိုးစုံတင်ပို့မှု၊ ပြည်ပ ဆန် တင်ပို့မှု တို့မှ အမေရိကန်ဒေါ်လာ အ၀င်အနည်းငယ် တိုးမြင့်လာခြင်ြးေ ကာင့် ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းပြီး မြန်မာ ကျပ်ငွေ တန်ဖိုး မြင့်တက်လာသည်ဟု ပြင်ပငွေလဲလုပ်ငန်းလုပ်ကိုင်သူများ က ပြောသည်။
ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် ပြီးခဲ့ သည့် သီတင်း ပတ်က တစ်ဒေါ် လာလျှင် ၁,၃၆၄ ကျပ်ခန့်ဖြင့် ဈေးကွက် စတင်ပြီးနောက် ဆက် တိုက်ကျဆင်းခဲ့ကာ ယခုတစ်ပတ် ဈေးကွက်ဖွင့်ချိန်၌ ၁,၃၅၄ ကျပ် ရှိခဲ့ပြီး ညနေဈေးကွက်ပိတ်ချိန် တွင် ၁,၃၅၀ ကျပ်သို့ ထပ်မံကျ ဆင်းလာ သည်။
ဒေါ်လာတန်ဖိုးကျဆင်းခြင်း ကြောင့် ဗဟိုဘဏ်က သတ်မှတ်သည့် ရည်ညွှ န်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်ဖြင့်တည်ငြိမ်နေရာမှ ၁,၃၅၇ ကျပ်သို့ ကျဆင်းလာသည်။
အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသကဲ့သို့ ပြည်တွင်းရွှေဈေးလည်း တစ် ကျပ်သားလျှင် ကျပ် ၄,၀၀၀ ဈေးကျလာသည်။
ကမ္ဘာ့ရွှေဈေးတက်မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ် ရုံးပိတ် ရက်မတိုင်မီ တစ်ရက်တွင် ပြည် တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၈၉၅,၀၀၀ ကျပ် ရှိခဲ့သော် လည်း မတ်လ ၆ ရက် ရုံးဖွင့်ရက် တွင် ကျပ် ၈၉၁,၀၀၀ သို့ ကျဆင်း လာသည်။
Credit: 7DayDaily