တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်ဝယ်လိုအားသည် ပြီးခဲ့သည့်သီတင်းပတ်တွင်လည်း
လေးပတ်ဆက်လက်တိုက်အဖြစ် ဆက်လက်မြင့်တက်ခဲ့သည်။
သို့သော်လည်း မြို့စွန်နယ်မြေများရှိ စီမံကိန်းများက
မြို့လယ်နေရာများမှ စီမံကိန်းများထက် ရောင်းအား
သာလွန်ခဲ့သော နှေးကွေးသည့်နှုန်းဖြင့်ဖြစ်သည်။
အစိုးရမတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ဖေဖော်ဝါရီလ
၅ ရက်တွင် ကုန်ဆုံး
ခဲ့သော ပြီးခဲ့သည့်သီတင်းပတ်တွင် အိမ်သစ်ရောင်းချရမှုဧရိယာသည် ၁၂၉,၀၀၀စတုရန်းမီတာသို့ ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်
ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ယမန်နေ့ (မတ် ၆)တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
"ပြီးခဲ့တဲ့အပတ်က ပြန်လည်မြင့်တက်နှုန်းကတော့ အတော်လေးအားနည်းခဲ့ပါတယ်။
ဘာလို့ဆို သီတင်းပတ်ကုန်ပိတ်ရက်အတွင်းမှာ စီမံကိန်းသစ် မိတ်ဆက်တာ ဈေးကွက်ထဲ
ရောက်လာတာမရှိခဲ့လို့လို့ တစ်စိတ်တစ်ပိုင်းအားဖြင့် ပြောရမှာပါ" ဟု Centaline မှ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
အိမ်သစ်များကို ရောင်းချခဲ့ရသည့် ပျမ်းမျှဈေးနှုန်းသည်လည်း ၁ စတုရန်းမီတာလျှင်၄၈,၃၂၇ ယွမ် (အမေရိကန်ဒေါ်လာ ၇,၀၀၈)
ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ထက်
၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
မြို့စွန်ခရိုင်များဖြစ်သော ချင်ပူနှင့် ဆုန်ကျန်းခရိုင်တို့မှ အိမ်ခန်းများက ၂၁,၀၀၀
စတုရန်းမီတာနှင့် ၁၉,၀၀၀ စတုရန်းမီတာ စီ ရောင်းချရမှုဖြင့် အရောင်းအ၀ယ် အများဆုံး ဖြစ်ခဲ့သည်။
ရောင်းလိုအားတွင်လည်း ဈေးကွက်ထဲသို့ အိမ်သစ်ဧရိယာ စုစုပေါင်း ၁၄၉၀၀၀ စတုရန်းမီတာ ရောက်ရှိလာခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ထက် ၂၇၈ ရာခိုင်နှုန်း
မြင့်တက်ခဲ့သည်။ ယင်းအနက် အများစုမှာ မြို့စွန်အရပ်များဖြစ်သော ဆုန်ကျန်း၊ ချင်ပူနှင့် ကျားတင်းခရိုင်းတို့တွင် တည်ရှိခဲ့ကြောင်းလည်း Centaline က ထုတ်ပြန်ခဲ့သည်။
"ရောင်းလိုအား ဆက်လက်မြင့်တက်နေတာကြောင့် လာမယ့်အပတ်တွေမှာလည်း အိမ်သစ်ရောင်းအား
ထပ်တက်ဦးမယ်လို့ ခန်းမှန်းရပါတယ်။ နှုန်းကတော့ အခုက စောင့်ကြည့်ကာလထဲမှာပဲမို့ အသင့်အတင့်နှုန်းပဲ
ဖြစ်ပါလိမ့်မယ်" ဟုလည်း လုက ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com