ကာတာအခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ် QInvest က အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချားလော့ထ်မြို တွင် လူနေအိမ်ပေါင်း ၂၀၀ ပါဝင်မည့် လူနေအိမ်ရာဆောက်လုပ်ရန်အတွက် စတုရန်းပေ ၁၆၅၀၀၀ အကျယ်အဝန်းရှိသည့် မြေနေရာဝယ်ယူလိုက်သည်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တော်တွင် ကန်ဒေါ်လာ သန်း ၇၁၀ အကုန်အကျခံဆောက်လုပ်ထားသည့် ဈေးဝယ်စင်တာဖြစ်သော Mall of Egypt ကို ဖွင့်လှစ်၊ အရောင်းဆိုင်များအတွက် နေရာအကျယ်အဝန်း ၁၆၅၀၀၀ စတုရန်းမီတာပါဝင်ပြီး စတင်ငှားရမ်းပေးနေပြီ ဖြစ်သည်။ ကားအစင်းရေ ၆၅၀၀ ရပ်နားနိုင်သည့် ကားပါကင်ပါဝင်သည်။
ဂျာမနီအခြေစိုက် အီလက်ထရောနစ်ကုမ္ပဏီ Siemens က အီရန်တွင် လျှပ်စစ်ဓာတ်အားပေးစခန်းတစ်ခုတည်ဆောက်မည်ဖြစ်ပြီး အီရန်အာဏာပိုင်တို့နှင့် လာမည့် ၂ လအတွင်း အပြီးသတ်စာချုပ်ချုပ်ဆိုမည်။
ဒူဘိုင်းတွင် အာရပ်စော်ဘွားများပြည်ထောင်စုအတွင်း အကြီးမားဆုံးဖြစ်သည့် ဂေဟဥယျာဉ်ကြီးတစ်ခု တည်ဆောက်မည်ဖြစ်ပြီး မြေအကျယ်အဝန်း ၁ ဒသမ ၄၃ သန်း စတုရန်းမီတာပေါ်တွင် တည်ဆောက်သွားမည် ဖြစ်သည်။
ဆော်ဒီအာရေးဘီးယားတွင် ကန်ဒေါ်လာ ၇၀၃ သန်းခန့်သုံးစွဲကာ အိမ်ရာများ၊ လမ်းတံတား၊ ရေဖြန့်ဝေမှုနှင့် လျှပ်စစ်ကဏ္ဍများအတွက် ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆော်ဒီအစိုးရက ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ဒူဘိုင်းအိမ်ခြံမြေလောကတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံမှာ ဆော်ဒီအာရေးဘီးယားဖြစ်ပြီး အိမ်ခြံမြေအရောင်းအဝယ်ပေါင်း ၃၂၉၄ မှ ကန်ဒေါ်လာ ၂ ဒသမ ၁၇ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဒူဘိုင်းမြေယာဌာ (DLD) က ထုတ်ပြန်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)