သြစတေးလျတွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်နေသော အဆိုတော် အဒဲလ်က ဆစ်ဒနီနေအိမ်ကို တစ်ပတ်လျှင် ဒေါ်လာ ၂၅၀၀၀ ဖြင့်ငှားရမ်းတည်းခို

သြစတေးလျတွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်နေသော အဆိုတော် အဒဲလ်က ဆစ်ဒနီနေအိမ်ကို တစ်ပတ်လျှင် ဒေါ်လာ ၂၅၀၀၀ ဖြင့်ငှားရမ်းတည်းခို - Property News in Myanmar from iMyanmarHouse.com
6 Mar 2017 11:41 am တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်အဆိုတော် အဒဲလ်သည် သြစတေးလျတွင် ဂီတဖျော်ဖြေပွဲခရီးစဉ်အတွင်း တည်းခိုနေထိုင်ရန်အတွက် ဆစ်ဒနီရှိ နေအိမ်တစ်လုံးကို ငှားရမ်းထားကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကလစ်ဖ်တန်အိမ်ရာရှိ နေအိမ်တစ်လုံးကို ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ရက်သတ္တပတ်လျှင် သြစတေးလျဒေါ်လာ ၂၅၀၀၀ ခန့် ပေးခဲ့ရသည်ဟု ဆိုသည်။

ကလစ်ဖ်တန်သည် ဆစ်ဒနီရှိ အလှပဆုံးအိမ်ရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။
နေအိမ်မှာ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ အကျယ်အဝန်း ၅၁၂၄ စတုရန်းမီတာ ကျယ်ဝန်းသည်။
တင်းနစ်ကွင်း၊ ရေကူးကန်တို့ပါဝင်သည်။

အဒဲလ်သည် သြစတေးလျပွဲအတွက် အဆိုပါနေအိမ်ကို လပေါင်းများစွာကြိုတင်ငှားရမ်းထားခဲ့သည်ဟူသော ကောလာဟလများလည်း ရှိသည်။
Lane Cove ရှိ သူ၏ ပရိသတ်များက အဒဲလ်ကို Kidstuff စတိုးဆိုင်တစ်ခုတွင် ကလေးကစားစရာများ ဝယ်ယူနေသည်အား တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။
စတိုးဆိုင်မန်နေဂျာ ဒဲရက်ခ် ဟီလေက ပြောကြားရာတွင် အဒဲလ်ကို တွေ့ခဲ့သည်မှာ ဖေဖော်ဝါရီ ၁၈ ရက်ကဖြစ်သည်ဟု ဆိုသည်။

“အဲဒီနေ့က စနေနေ့ပါ။ ကျွန်တော့်ဆီကို ဒီစတိုးဆိုင်ဘယ်လိုလာရမလဲလို့ ဖုန်းဆက်မေးမြန်းလာတယ်။ ပြီးတော့ ဒီအမျိုးသမီးဝင်လာခဲ့တာပါ။ သူနဲ့အတူ ကလေးပါတယ်။ သက်တော်စောင့်တစ်ယောက်ပါတယ်။ ကျွန်တော်က ဆိုင်မှာရှိတဲ့ဝန်ထမ်းတစ်ယောက်ကို ပြောခဲ့ပါတယ်။ သူဟာ အဒဲလ်နဲ့ တထေရာတည်းပဲလို့။ ဒါပေမယ့်ယောက်ျားလေးကတော့ သူ့ခင်ပွန်းဖြစ်ဟန်မရှိဘဲ သက်တော်စောင့်သာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း သူ့ဆီသွားပြီး ဘာအကူအညီပေးရမလဲလို့မေးပါတယ်။ သူက သိပ်ယဉ်ကျေးတယ်။ ဟင့်အင်းတဲ့ ပြန်ဖြေတယ်။ သူ့လေသံကိုကြားလိုက်တော့ ဒါဟာ အဒဲလ်ပဲလို့ ကျွန်တော်သိလိုက်တယ်။ ပြီးတော့ ပစ္စည်းတချို့ ဝယ်ပြီး ပြန်ထွက်သွားတယ်” ဟု ဟီလေက ပြောကြားသည်။

၎င်းတို့မြို့ သို့ အဒဲလ်ရောက်နေသည်ဟူသည့် သတင်းကြားရစဉ် မည်သို့မှ မခံစားခဲ့ရသော်လည်း အဒဲလ်နှင့် သားဖြစ်သူ အိန်ဂျလိုတို့ကို လက်တွေ့မြင်တွေ့ခွင့်ရချိန်တွင်မူ အလွန်စိတ်လှုပ်ရှားသွားသည်ဟု ဟီလေက ဆိုသည်။

ဆိုင်အတွင်းရှိ သင်ပုန်းတွင် “အဒဲလ်တောင်မှ ကျွန်တော်တို့ဆိုင်ကို ရွေးချယ်သည်” ဟု ဂုဏ်ယူစွာရေးသားခဲ့ကြောင်းလည်း ဟီလေက ပြောကြားသည်။

အဒဲလ်သည် သြစတေးလျစင်မြင့်ဂီတဖျော်ဖြေပွဲများ စတင်လျက်ရှိနေပြီဖြစ်ပြီး ပါ့သ်တွင်ကျင်းပခဲ့သော ပွဲ၌ ကြက်ပျံမကျစည်ကားခဲ့ကာ လက်ရှိအားဖြင့် ဘရစ္စဘိန်းဖျော်ဖြေပွဲအတွက် ပြင်ဆင်လျက်ရှိသည်။

ယခုငှားရမ်းထားသောနေအိမ်ကို ဖျော်ဖြေပွဲများကြားကာလအတွင်း တည်းခိုရာအဖြစ် အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။
အဒဲလ်သည် ဆစ်ဒနီအိုလံပစ်ဝန်းကြီးအတွင်းရှိ ANZ Stadium တွင် မတ်လ ၁၀ ရက်မှ ၁၁ ရက် အထိ ဖျော်ဖြေမည်ဖြစ်ပြီး သြစတေးလျနောက်ဆုံးဖျော်ဖြေပွဲကို နိုင်ငံတောင်ပိုင်းတွင် မတ်လ ၁၃ ရက်၌ ဖျော်ဖြေသွားရန် စီစဉ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျတွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်နေသော အဆိုတော် အဒဲလ်က ဆစ်ဒနီနေအိမ်ကို တစ်ပတ်လျှင် ဒေါ်လာ ၂၅၀၀၀ ဖြင့်ငှားရမ်းတည်းခို - Property News in Myanmar from iMyanmarHouse.com
သြစတေးလျတွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်နေသော အဆိုတော် အဒဲလ်က ဆစ်ဒနီနေအိမ်ကို တစ်ပတ်လျှင် ဒေါ်လာ ၂၅၀၀၀ ဖြင့်ငှားရမ်းတည်းခို - Property News in Myanmar from iMyanmarHouse.com
သြစတေးလျတွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်နေသော အဆိုတော် အဒဲလ်က ဆစ်ဒနီနေအိမ်ကို တစ်ပတ်လျှင် ဒေါ်လာ ၂၅၀၀၀ ဖြင့်ငှားရမ်းတည်းခို - Property News in Myanmar from iMyanmarHouse.com
သြစတေးလျတွင် စင်မြင့်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်နေသော အဆိုတော် အဒဲလ်က ဆစ်ဒနီနေအိမ်ကို တစ်ပတ်လျှင် ဒေါ်လာ ၂၅၀၀၀ ဖြင့်ငှားရမ်းတည်းခို - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service