ဒေးဗစ်ဘက်ခမ်းမိသားစုဟာ အသစ်ဝယ်ယူထားတဲ့ တင်းကုတ်အိမ်ကြီးမှာ နေထိုင်ဖို့အတွက် ဒေါ်လာ ၂.၅ သန်းအကုန်အကျခံ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တင်းကုတ် ၃ ခုပါဝင်တဲ့ ခြံဝင်းကြီးထဲမှာ လုံခြုံရေးတွေ လှည့်လည်နေတာမြင်တွေ့ရပြီး ဒေးဗစ်၊ ဗစ်တိုးရီးယားနဲ့ ကလေး ၄ ယောက် နေထိုင်ဖို့အတွက် အိပ်ခန်း ၉ ခန်းပါတဲ့ အိမ်တစ်လုံးဖြစ်အောင် တည်ဆောက်ပြုပြင်မှုတွေ စတင်နေပြီလို့ သိရပါတယ်။
အင်္ဂလန်နိုင်ငံရဲ့အမွေအနှစ်အဖြစ် Grade II အဆင့်သတ်မှတ်ခံထားရတဲ့ ယင်းခြံဝင်းကြီးကို ဘက်ခမ်းတို့မိသားစုက
ဇန်နဝါရီလမှာ ပေါင် ၅ သန်း (ဒေါ်လာ ၆ သန်းကျော်) နဲ့ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ရေးသမားတွေက တင်းကုတ် ၃ ခုကို ခေတ်နဲ့အညီဖြစ်အောင် ပြုပြင်နေပြီး ကျေးလက်ဒေသမှာရှိတဲ့ ယင်းခြံကြီးကို သတ္တုအကာအရံတွေနဲ့ ကာရံထားပါတယ်။
ဘက်ခမ်းမိသားစုဟာ လူတွေရှုပ်ထွေးပြီး မြို့ပြဆန်လှတဲ့ အနောက်လန်ဒန်ကနေ ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့ Cotswolds ကို ပြောင်းဖို့အတွက် ပြီးခဲ့တဲ့လကတည်းက စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။
ဘက်ခမ်းဟာ သူ့ရဲ့မိတ်ဆွေ ရုပ်ရှင်ဒါရိုက်တာနဲ့ မကြာသေးမီက တောဘက်မှာ ခါငှက်လိုက်ပြီးတဲ့နောက် Cotswolds တစ်ဝိုက်မှာ အိမ်သစ်ကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးသမားဟောင်းကြီးဟာ တင်းကုတ်တွေပါတဲ့ ဒီခြံဝင်းကြီးကို ခရစ္စမတ်မတိုင်ခင်ကတည်းက လာရောက်ကြည့်ရှုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Credit : Daily Mail