ရန်ကုန်မြို့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင်ဆောင်ရွက်မည့် ရန်ကုန် မြို့သစ်စီမံကိန်းကို လွှတ်တော်သို့တင်ကာ ပွင့်လင်းမြင်သာစွာ စီမံမည်ဖြစ်ဟု ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က လွှတ်တော်ကိုယ်စား
လှယ်များကို ပြော ကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်အဆောက်အအုံရှိ NLD ပါတီဝင်များ နားနေဆောင်၌ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် များတွေ့ဆုံခဲ့ရာ ဝန်ကြီးချုပ်က ယင်းသို့ထည့် သွင်းပြောကြား
ခဲ့ခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲ သို့တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ ထံမှ သိရသည်။
""ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက် ပြီး ကုမ္ပဏီသုံးခုတင်ဒါသွင်းထားတယ်။
ဒီလိုကိစ္စတွေအပါအဝင် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မှု
အဆင့်ဆင့်ကို လွှတ်တော်ကို သူ့အနေနဲ့တင်ပြမယ်။ ပြီးမှ စီမံမယ်ဆိုပြီး ဝန်ကြီးချုပ်က ပြောသွားပါ တယ်""ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန် မြို့၏အနောက်ဘက် ကြည့်မြင်တိုင်
တစ် ဖက်ကမ်းနေရာ၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူး မြောင်းအကြားနေရာ၊
လှိုင်မြစ်တစ်လျှောက် နေရာအချို့ကို စီမံကိန်းနေရာအဖြစ် သတ်မှတ်လျာ
ထားကြောင်း သိရသည်။
အဆိုပါစီမံကိန်းသည် လူထုအကြား စိတ်ဝင်စားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လခန့်က စီမံကိန်းနှင့်စပ်လျဉ်း ပြီး လွှတ်တော်သို့တင်
သွင်းစဉ်ပွင့်လင်းမြင် သာမှုမရှိဟုဆိုကာ ဝေဖန်မှုများထွက်ပေါ်လာပြီး နောက်
တစ်လအကြာတွင် စီမံကိန်း ကို ရပ်ဆိုင်းခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ဇွန်လခန့် တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ရေးအဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော် က အတည်ပြုခဲ့ကာ တင်ဒါခေါ်ယူမှုများကို
စတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဖြစ်စဉ်များရှိခဲ့သည့် ရန်ကုန် မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ၂၀၁၅ ရွေး ကောက်ပွဲအနိုင်ရအစိုးရသစ်နှင့် လွှတ်တော်တို့က မည်ကဲ့သို့
ဆက်လက်ဆောင်ရွက်မည် ကို ပြည်သူများအကြား စိတ်ဝင်စားမှုမြင့် တက်နေကြောင်း သိရသည်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အဆိုပါ စီမံကိန်းကို သေချာစွာစိစစ်စီမံမည်ဟု လွှတ် တော်ကိုယ်စားလှယ်များကို အလေးအနက် ထားပြောသွားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ထပ်လောင်းပြော
သည်။
Credit: Democracytoday