ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းယဉ်ကျေးမှု အနုပညာများပါဝင်နေသော အဆောက်အဦးများအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ နိုင်ငံ နှင့် လူမျိုး၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်ဟူသော ရည် ရွယ်ချက်ဖြင့် ယဉ်ကျေးမှုပွဲတော်ကို ကျင်းပနေကြောင်း ကဗျာအခန်း ကဏ္ဍာ ပိုင်းစီစဉ်သူ မဖြူမွန်က မဇ္ဈိမကို ပြောသည်။
ယဉ်ကျေးမှုပွဲတော်ကို ဖေဖော်ဝါရီလ ၂၅ ရက်ကတည်းမှစတင်ခဲ့ပြီး မတ်လ ၁၂ရက်အထိ ကျင်းပမည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာ Public Space တွေသုံးတဲ့ အနုပညာပွဲတွေမရှိသေးဘူး။ ဒါကြောင့် Public space ကို များများသုံးတဲ့ အနုပညာပွဲတော်တွေကို ၂၀၁၅ ကတည်းက စပြီးလုပ်ဖြစ်တယ်။” ဟုလည်း ပွဲစီစဉ်သူ ဦးထိန်လင်းက ပြော ကြားခဲ့သည်။
ပွဲတော်ကို Indoor ကျင်းပခြင်းရှိသကဲ့သို့ Outdoor ကျင်းပခြင်းမျိုးလည်း ရှိ သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တို့ရန်ကုန်-တို့အိမ်ယာသည် အမျိုးသားပြတိုက်နှင့် ပူးတွဲ၍ “အသံအမှတ် တ ရများ” ဟူသော လူထုမှ ကက်ဆက်ခွေအဟောင်းများအား အမျိုးသားပြ တိုက်သို့ ယူဆောင်ပေးခြင်းဖြင့် အပြန်အလှန် ပါဝင်နိုင်သည့် လူထုစီမံကိန်း ကိုလည်း မတ်လ ၄ရက်က စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။
Credit: Mizzima