သည်နှစ် နှစ်သစ်ကူး အားလပ်ရက်အတွင်း တရုတ်နိုင်ငံသားတွေ သွားချင် တဲ့ ပြည်ပနိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံပြီးရင် ဂျပန်က ဒုတိယလိုက်နေကြောင်း တရုတ်ခရီးသွားလုပ်ငန်းဌာနက ဆိုပါတယ်။ ဂျပန် ကိုသွားတဲ့ တရုတ်ခရီး သွား အရေအတွက်ဟာ မနှစ်က ပထမဆုံးအကြိမ် အဖြစ် ခြောက်သန်း အ ထိ ရောက်ရှိလာသလို ကျိုတိုနဲ့ တခြားမြို့က အိမ်ခြံမြေတွေကို တရုတ်တွေ အကြီးအကျယ် ဝယ်ယူမှု လည်း မြင့်တက်နေပါတယ်။
တရုတ်ဝယ်လက်တစ်ယောက်က ကျိုတိုမြို့၊ နီဂျိုရဲတိုက်အနီးမှာရှိ တဲ့ နှစ်ေ ပါင်း ၈၀ သက်တမ်းရှိ ပုဂ္ဂ လိကပိုင် အိမ်တစ်လုံးကို မနှစ်က ဝယ်ယူခဲ့ ပါတယ်။ အဲသည်အိမ်ဟာ နှစ်ပေါင်းများစွာ နေသူမရှိ ဖြစ် နေတာပါ။
အိမ်ဟာ ရှည်လျှားကျဉ်းမြောင်းတဲ့ ကျို-မာချီယာ ရိုးရာ အဆောက်အအုံ မျိုး ဖြစ်ပါတယ်။ ကြမ်းခင်းဧရိ ယာ ၁၀၀ စတုရန်းမီတာ ရှိပြီး ယန်းပေါင်း သန်းဆယ်နဲ့ ချီပြီး ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ အိမ်ကို လူ နေထိုင်လို့ ရ တဲ့ ခေတ်မီအဆောက်အုံအဖြစ် ပြန်မွမ်းမံမှာ ဖြစ်ပါတယ်။
အရောင်းအဝယ်ကို ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဘေဂျင်းအခြေစိုက် အိမ် ခြံမြေကုမ္ပဏီတစ်ခုဖြစ်တဲ့ ယိုအိဂျုရဲ့ အမှုဆောင်ချုပ်ဂျေးဒိုင်း (၃၅ နှစ်) က အခုလို ရောင်းဝယ်မှုဟာ ရိုးရာမာချီယာ ဂျပန်အိမ် တွေ ထိန်းသိမ်းရေးကို ပိုမိုတိုးတတ်စေကြောင်း အလေးထားပြောပါတယ်။
“ဒီအရောင်းအဝယ်အရ ဂျပန်က အိမ်ခြံမြေကို ဝယ်ယူလိုတဲ့ တရုတ်လူ မျိုးတွေနဲ့ မာချီယာ အိမ်အရေ အတွက် လျော့ကျတာကို တားဆီးလိုတဲ့ ဂျပန် လူမျိုးတွေကြား စီးပွားရေး ဆက်ဆံမှုပုံစံတစ်မျိုး ရှိလာ တာကို ကိုယ်စားပြုပါ တယ်” လို့ ဒိုင်းက ပြောပါတယ်။
လူနေမှု ပုံစံပြောင်းလဲလာခြင်းနဲ့ လူဦးရေကျဆင်းလာခြင်းကြောင့် မာချီယာ အိမ်အရေအတွက်ဟာ ကျဆင်းလာပါတယ်။ ကျိုတိုမြူနီစီပယ် အစိုးရက လုပ် တဲ့ စစ်တမ်းအရ လက်ရှိမှာ မာချီယာအိမ် ၄၇,၀၀၀ ထဲက ၁၀ ရာခိုင်နှုန်းေ ကျာ်ဟာ လူနေထိုင်မှု မရှိဘဲ နှစ် ရာခိုင်နှုန်းခန့်ဟာ နှစ်တိုင်း ပြိုပျက် လာ တယ်လို့ သိရပါတယ်။
ယိုအီကျူဟာ မနှစ်က နွေရာသီက ကျိုတိုက အိမ်တွေကို ရောင်းချရေးမှာ ပွဲ စားအဖြစ် စတင် ဆောင် ရွက်ခဲ့ပြီး အဲသည်နောက်ပိုင်း တရုတ်ဝယ် လက်တွေကို အိမ် ၁၀ လုံး ရောင်းချပြီး ဖြစ်ပါတယ်။ ကျိုတို က ဧည့်သည် အလာများတဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက် အဲသည်မှာ ရှိတဲ့ အိမ်တွေဟာ လူကြိုက် များ ပါတယ်။ အကြောင်းက သည်အိမ်တွေကို ပြန်လည် မွမ်းမံ လိုက်ရင် အကျိုးအမြတ်များများ ရရှိနိုင်လို့ ဖြစ်ပါတယ်။
တရုတ်လူမျိုးတစ်ယောက် ဝယ်ယူတဲ့ မာချီယာအိမ်အနီးမှာ နေထိုင်သူ ၈၅ နှစ်အရွယ် အဘိုးတစ်ဦး က “ဒီရပ်ကွက်ထဲက အိမ်အလွတ်တွေ က နိုင် ငံခြားသားတွေအတွက် တည်းခိုခန်းတွေ ဖြစ်လာတယ်။ ဒီနေရာက လူနေ ရပ်ကွက် ဖြစ်နေတာ ကြလှပြီ၊ ခုတော့ ပတ်ဝန်းကျင်က လုံးဝ ပြောင်းလဲ သွားတယ်” လို့ ပြောပါတယ်။
ပြည်တွင်း အိမ်ခြံမြေ ပူဖောင်းကို ငြီးငွေလာတဲ့ ချမ်းသာတဲ့ တရုတ်လူမျိုးတွေ က ဂျပန်အိမ်ခြံမြေကို စိတ်ဝင်စားတာဟာ ရပ်ဆိုင်းဦးမှာ မဟုတ်ပါဘူး။
“အိမ်ခြံမြေဈေးနှုန်း နည်းသေးတဲ့ ဂျပန် ကျေးလက်ဒေသက ခြံမြေတွေဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုရဲ့ ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်” လို့ တရုတ်အိမ်ခြံမြေ လုပ်ငန်းမှ တာဝန်ရှိသူတစ်ယောက်က ပြောပါ တယ်။
Credit: The Modern