ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးကွက်ရောင်းရအား နည်းနေပေမဲ့ ခုလက်ရှိမှာ သိန်း ၂၀ဝ နဲ့ ၃၀ဝ တန်မြေကွက်တွေအရောင်းဖြစ်နေ တယ်လို့ သိရပါ တယ်။
တန်ဖိုးနည်းမြေကွက်တွေရှိတဲ့ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ ရွှေ ပြည်သာ ဘက်တွေမှာ လုံးချင်းအိမ် သိန်း ၂၀ဝ၊ ၂၅၀ ၊ ၃၀ဝ တန် တွေပိုပြီး အေ ရာင်းအဝယ်ဖြစ်တယ်။
ဒလနဲ့ ကွမ်းခြံကုန်းဘက်မှာလည်း လယ်ယာမြေတွေကို ကျဈေးတွေ နဲ့ ရောင်းချ မှုတွေရှိနေတယ်။ လူစည်ကားတဲ့ မြို့ထဲတွေမှာဆိုရင်တော့ သိန်း၂၅၀ဝ၊ ၃၀ဝ၀ အထိရှိပေမဲ့ ရောင်းအားနည်းနေတာကိုတွေ့ရတယ်။
ရွှေအိမ်ကမ္ဘာ အထွေထွေအကျိုးဆောင်လုပ်ငန်း ဒုတိယ ဥက္ကဋ္ဌက ဒီလိုေ ဈးမြင့် တက်တာကကောင်းတဲ့ လက္ခဏာမဟုတ်ဘူး၊ ဈေးကျတာကတော့ေ ကာင်းပါတယ်၊ ဒီလိုမှ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ အတွက် ပိုပြီး အဆင်ပြေ လာနိုင်တယ်၊ ဒီလိုမျိုး ဈေးကျရင် လူတန်းစားအသီးသီး ဝယ်ယူသူတွေ အ တွက် ပိုပြီးဝယ်ယူလာနိုင်မယ် လို့ ပြောပါတယ်။
အိမ်ခြံမြေအသင်း တာဝန်ရှိသူ မထက်ထက်ကလည်း အိမ်ခြံမြေတွေက အခု လက်ရှိ အနေအထားအရ အရောင်းအဝယ်ပါးနေတယ်၊ လှိုင်သာယာမြို့နယ် တို့၊ ရွှေပြည် သာမြို့နယ်တို့ ဘက်မှာကျတော့ လုံးချင်းအိမ်ရာတွေ အရောင်း အဝယ်ဖြစ်တယ်။ အိမ်ခြံမြေ ဝယ်ယူသူတွေကလည်း အခုဈေးကျနေတဲ့ အချိန်မှာ ဈေးသက်သာတဲ့ နေရာတွေမှာ ဝယ်ယူလာတာကိုတွေ့ရတယ် လို့ ပြောပါတယ်။
Credit: The Kumudra