အနောက်တောင်မြို့သစ်စီမံကိန်း ဧရိယာထဲက မြို့သစ်စီမံကိန်း

အနောက်တောင်မြို့သစ်စီမံကိန်း ဧရိယာထဲက မြို့သစ်စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
2 Mar 2017 12:30 pm တွင် တင်ခဲ့သည်
3846 ကြိမ် ကြည့်ရှု့ပြီး
ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့နယ်တွင် မြို့သစ်စီမံကိန်းကို စတင်ပြုလု ပ်တော့မည်ဟု ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ခဲ့သည်။

ဦးဖြိုးမင်းသိန်း စတင်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည့် အဆိုပါနေရာ သည် ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ရန် ပြင်ဆင်ခဲ့သည့် အနောက်တောင်မြို့သစ် စီမံကိန်းဧရိယာထဲတွင် ပါဝင်လျက်ရှိသည်။

အနောက်တောင်မြို့သစ်စီမံကိန်းသည် ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးမြင့်ဆွေ လက်ထက်ကတည်းကပင် မြို့သစ်အကောင်အ ထည်ဖော်မည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို တင်ဒါခေါ်ခဲ့ပြီး ကုမ္ပဏီ သုံးခု တင်ဒါအောင်မြင်ကာ လုပ်ပိုင်ခွင့်ရရှိခဲ့သည်။

အနောက်တောင်မြို့သစ်စီမံကိန်းတွင် တွံတေးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်
တစ်ဖက်ကမ်းနှင့် ဆိတ်ကြီးခနောင်တိုမြို့နယ်တို့ပါဝင်ကာ လယ်မြေဧက သုံးသောင်းခန့် အကျယ်အဝန်းရှိသည်။ ယင်းစီမံကိန်း၏ ကနဦး စီမံကိန်းဖြစ် သည့် ရန်ကုန်မြို့လယ်နှင့် မြို့သစ်ကို ဆက်သွယ်မည့် ဗားခရာမြစ်ကူး တံ တား စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင် စီစဉ်ခဲ့ပြီးဖြစ်သော် လည်း အစိုးရအကူးအပြောင်းကာလဖြစ်သည့်အတွက် ရပ်တန့်ခဲ့သည်။

ယခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက်တွင် ဦးဖြိုးမင်း သိန်းက ၄င်း၏ ဝန်ကြီးချုပ်သက်တမ်း အစတွင် ရန်ကုန်မြို့၏ ဖွံ့ဖြိုးရေး စီမံကိန်းအားလုံးကို ပြန်လည်စိစစ်မည်ဟု ပြောကြားခဲ့ပြီး အနောက်တောင် မြို့သစ်စီမံကိန်းမှာလည်း ဆက်လက်ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က ဦးဖြိုးမင်းသိန်းပြောကြားခဲ့သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း စတင် လုပ်ဆောင်မည် ဆိုသည်မှာ ယခင်က အနောက်တောင် စီမံကိန်းကို ပြန်စတင်ခြင်း (သို့မ ဟုတ်) တိုင်းဒေသကြီးအစိုးရ၏ မြို့သစ် စီမံကိန်းအသစ်ကိုပင် စတင်ခြင်း ဆိုသည့် အချက်အလက်တိတိကျကျဖြင့် မပြောကြားခဲ့ပေ။

ယခင် အနောက်တောင်မြို့သစ်စီမံကိန်းကို တင်ဒါအောင်ခဲ့သည့် ကုမ္ပဏီ သုံးခုမှာ အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၊ Business Capital City Development ကုမ္ပဏီနှင့် ရွှေပုပ္ပါး အင်တာေ နရှင်နယ် ဆောက်လုပ်ရေး ကုမ္ပဏီတို့ဖြစ်ပြီး ယခု ဦးဖြိုးမင်းသိန်း၏ ကြည့်ြ မင်တိုင်တစ်ဖက်ကမ်းတွင် စတင်ပြုလုပ်မည် ဆိုသော မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး အဆိုပါကုမ္ပဏီများကို အကြောင်းကြား ဆွေးနွေးမှုများ မ ရှိကြောင်း အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ဆီ ဘာမှအကြောင်းမကြားဘူး၊ ထူးထူးခြားခြားလည်း မရှိေ သးဘူး။ အခုဟာက တင်ဒါအသစ်ခေါ်မှာလား၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့ တင်ဒါသုံးခုနဲ့ပဲ သွားမှာလား၊ ဒါမှမဟုတ်ရင် အစိုးရနဲ့ ဘီအိုတီ စနစ်နဲ့ လုပ် မှာလား ဘာမှမသိရဘူး။ ဒါမှမဟုတ် တင်ဒါအသစ်ခေါ်ရင် ကျွန်တော် တို့ ပြန်လျှောက်ရမှာလား၊ အဲလိုလည်း မသိရဘူး'' ဟု ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးတင်စိန်က ပြောသည်။

သို့သော် ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာတိုင်း(မ်)က ရန်ကုန်မြို့တော်ဝန်
ဦးမောင်မောင်စိုးကို ဆက်သွယ်မေးမြန်းရာတွင် ဦးမောင်မောင်စိုးက ''ဝန် ကြီး ချုပ်ကတော့ တင်ဒါသုံးခုနဲ့ ပြန်ညှိမယ်လို့ ပြောတယ်။ သူတို့ ကုမ္ပဏီ သုံးခုကို ပေးလိုက်လို့ကတော့ မရဘူး။ ဘာလို့မရတာလဲဆိုတော့ သူတို့ သုံးခုနဲ့ဆို ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာမှာ မဟုတ်ဘူး။ သုံးခုတည်းနဲ့ လုပ်လို့မရဘူး။ သူတို့နဲ့တော့ သိပ်မလုပ်ဖြစ်ဖို့ များတယ်။ ဝန်ကြီးချုပ် ဘယ် လို အစီအစဉ်ရှိလဲတော့ မသိဘူး။ သူတို့နဲ့ပဲတော့ ဆက်မလုပ်ဘူး''ဟု
ပြောကြားခဲ့သည်။

မြို့တော်ဝန်၏ ဖြေကြားချက်အခြေအနေအရ ယခင်အစိုးရက အကောင် အထည်ဖော်ရန် စီစဉ်ခဲ့သည့် အနောက်တောင်မြို့သစ် စီမံကိန်းနှင့် စီမံကိန်း အတွက် တင်ဒါအောင်ထားသည့် ကုမ္ပဏီသုံးခုမှာ မူလအစီအစဉ်များအ တိုင်း ဆက်လက်သွားနိုင်မည့် အခြေအနေမရှိပေ။

လက်ရှိတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၌ ပြည်ပအဖွဲ့အစည်းများ ရေးဆွဲပေးထားသည့် Master Plan များနှင့် တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ Plan များလည်းရှိနေကာ ယင်းတွင် ပါဝင်သည့် စီမံကိန်းများကို ပြန်လည်စုပေါင်းညှိနှိုင်း၍ မြို့သစ် များ ဖော်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်စိုးကပြောသည်။

''အခု မြို့သစ်စီမံကိန်းအတွက် MasterPlan က ဆွဲပြီးပြီ။ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ Master Plan ခြောက်ခုလောက်ရှိတယ်။ ပြင်သစ်၊ JICA၊ KOICA၊ တရုတ်၊ စည်ပင်နဲ့ ရန်ကုန်တိုင်း Master Plan တွေရှိတယ်။ အားလုံးက တစ်ခုနဲ့တစ်ခု တူနေကြတာပဲ။ တရုတ် Master Plan ထွက်လာလည်းကောင်းတယ်။ ဆင်တူတာကြီးပဲဆိုတော့ရန်ကုန်မြို့ ဖွံ့ဖြိုးရေးအတွက်ပဲ ဆွဲတာကိုး။ ဒီ Master Plan တွေ အဲဒီထဲက ဘယ်လို
စုပေါင်းစပ်ပေါင်း လုပ်ကြမလဲပေါ့''ဟု ၄င်းက ပြောသည်။

ထို့ပြင် မြို့တော်ဝန်က လက်ရှိအစိုးရ စီမံကိန်းများဖော်ဆောင်ရာတွင် ပါဝင်လုပ်ကိုင်နိုင်မည့် ကုမ္ပဏီပေါင်း ၂,ဝဝဝ ကျော်ခန့်ရှိပြီး တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း မြို့သစ်စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် စီမံကိန်းထဲတွင် ပါဝင်သည့် အသေးစိတ်စီမံကိန်းတစ်ခုချင်းစီအတွက် လုပ် ငန်းရှင်များကို တင်ဒါခေါ်ကာ လုပ်ကိုင်သွားစေမည့် အစီအစဉ် ရှိကြောင်း ပြောသည်။

''ဒီစီမံကိန်း ဧရိယာအကြီးကြီးမှာ ဒီကုမ္ပဏီသုံးခုတည်း ပေးလုပ်မယ်ဆို ဘာမှတိုးတက်မှာမဟုတ်ဘူး။ အကုန်လုံးကတော့ ခွဲမှာပါ။ မြန်မာပြည်မှာ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ ကုမ္ပဏီပေါင်း ၂,ဝဝဝ ကျော်လောက်ကို ရှိတယ်။ တင်ဒါပြန်ခေါ်ရင် အရင်ကုမ္ပဏီတွေလည်းပြန်လျှောက်လို့ ရပါတယ်။ အခု က ဘလောက်အလိုက် ပရောဂျက်အလိုက် တင်ဒါခေါ်သွားမှာပါ။ တံတား၊ အဆောက်အအုံ၊ ရှောပင်းမောလ် စတာတွေရဲ့ စီမံကိန်းတစ်ခုဆီကို
တင်ဒါခေါ်သွားမှာ။ ဒါမှ တစ်ပြိုင်နက် တိုးတက်မှာပေါ့''ဟု ဦးမောင်မောင်စိုး က မြန်မာတိုင်း(မ်)ကို ပြောသည်။

အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက ဦးတင်စိန် က အနောက်တောင်မြို့သစ် စီမံကိန်းတွင် ပါဝင်သော လယ်မြေအများစု သည် တွံတေးမြို့နယ်တွင်ရှိပြီး ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းတွင် လယ်မြေဧက ၁,၅၁၄ ဧကခန့်သာရှိကာ ရပ်ကွက်လေးခု၌ ရွာ ၁၁ ရွာ ရှိကြောင်း ပြောသည်။

အဆိုပါစီမံကိန်း စတင်အကောင်အထည်ဖော်သည့်အချိန်တွင် တင်ဒါအောင်ြ မင်ထားပြီးဖြစ်သည့် ကုမ္ပဏီများက စီမံကိန်းအတွင်းရှိ လယ်သမားများနှင့် လယ်လျော်ကြေးများကိုလည်း ညှိနှိုင်းထားပြီးဖြစ်ကာ လယ်တစ်ဧက တန်ဖိုး ၏ ၂ဝ ရာခိုင်နှုန်းဖြင့် လယ်သမားများနှင့် ကုမ္ပဏီများကြား သဘောတူ ထားပြီးဖြစ်သည်။

ထို့ကြောင့် လယ် ၁ဝ ဧက ပိုင်ဆိုင်သူတစ်ဦးသည် လယ်နှစ်ဧက ပြန်လည် ရရှိနိုင်မည်ဖြစ်သော်လည်း ကုမ္ပဏီက လယ်သမားများ ကို ငွေလျော်ကြေး မပေးဘဲ အဆိုပါ ၂ဝ ရာခိုင်နှုန်းနှင့် ညီမျှသည့် တိုက်ခန်းတစ်ခန်းနှင့် မြေ ကွက်တို့ကို မြို့သစ်တည်ဆောက်ပြီးစီးသည့်အချိန်တွင် ပေးမည်ဖြစ်သည်။

''လယ် ၁ဝ ဧက ပိုင်ဆိုင်တဲ့သူက ၂ဝ ရာခိုင်နှုန်းဆိုတော့ လယ် နှစ်ဧက တန်ဖိုးကို ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ညှိနှိုင်းတုန်းက ငွေမပေးဘူး။ အဲဒါနဲ့ညီမျှတဲ့ လယ်ပိုင်ရှင်တစ်ဦးကို ခန့်မှန်းခြေ တိုက်ခန်းတစ်ခန်းနဲ့ ပေ ၂ဝဝ၊ ပေ ၈ဝ မြေကွက်တစ်ကွက် ပြန်ပေးမယ်ဆိုပြီး ညှိနှိုင်းထား ပြီးသားပါ။ လယ်သမားတွေကလည်း ကျေနပ်လက်ခံပြီးသားပါ''ဟု ဦးတင်စိန်ကပြော သည်။

ထို့ပြင် ၂ဝ၁၄ ခုနှစ်က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီကို မူအားဖြင့် ခွင့်ပြုပေးထားမှုများကြောင့် ဝေဖန်ခံခဲ့ရပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရသည့် မြို့သစ်စီမံကိန်းသည်လည်း အနောက်တောင်မြို့သစ် စီမံကိန်းနေရာတွင်ပင်ဖြစ်သည်။

သို့သော် ယခင်အစိုးရ မဆင်းခင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့က ရန်ကုန်မြို့တော် မဟာဗျူဟာစီမံကိန်း ၂ဝ၄ဝ တွင် ပါဝင်သည့် ဦးစားပေး ဖော်ဆောင်မည့် မြို့သစ်စီမံကိန်း ခုနစ်ခုကို ချပြခဲ့ပြီး ထိုနေရာသည် အနောက်တောင်မြို့သစ် စီမံကိန်းအဖြစ် ဦးစားပေးနံပါတ်(၂)တွင်ပြန်လည် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယင်းမြို့သစ် ခုနစ်ခုအနက် အနောက်တောင်မြို့သစ် စီမံကိန်း အတွက်သာ တင်ဒါခေါ်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ရပ်တန့်နေရာ ဦးဖြိုးမင်းသိန်းက မြို့သစ်စီမံကိန်းဟု သုံးနှုန်းကာ ကြည့်မြင်တိုင် တစ်ဖက် တွင်း စတင်လုပ်ဆောင်မည်ဟု ပြောဆိုခဲ့သည့်အတွက် ယခင်က ထင်ရှားေ ကျာ် ကြားခဲ့သည့် လှိုင်မြစ် တစ်ဖက်ကမ်းက မြေနေရာများတွင် မည်သည့်ပုံစံမျိုးမြို့သစ်ဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ
Maha Nadi Condominium
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service