ကန်ဒေါ်လာ တစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားပြီးဖြစ်သည့်
သီလဝါအထူးစီးပွားရေးဇုန်၏ ဇုန်ဘီစီမံကိန်းကိုထပ်မံတိုးချဲ့ကာ ၂ဝ၁၈ ခုနှစ်၊ နှစ်လည်ပိုင်းအတွင်း အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ အပြီး သတ်ဆောက်လုပ်မည်ဖြစ်ကြောင်း ဇုန်စီမံခန့်ခွဲရေးေ က်ာမတီ ဥက္ကဋ္ဌ ဦးဆက်အောင်က မီဒီယာများကို ပြောကြားလိုက်သည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် ပထမဆုံးစီမံကိန်းဖြစ်သည့် ဇုန်အေတွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁,ဝ၅၅ သန်း ဝင်ရောက် ထားပြီြး ဖစ်သည်။ ထို့အတူ ဇုန်အေ တည်ဆောက်ရေးလုပ်ငန်းများမှာ လည်း ၉၅ ရာခိုင်နှုန်း ပြီးစီးထားပြီဖြစ်သည်။ ထို့အတွက် ဇုန်ဘီမြေ ဟက်တာ ၂,ဝဝဝ အနက် ၁ဝ၁ ဟက်တာရှိ ပထမအဆင့် စီမံကိန်း စတင်ရန် မြန်မာ-ဂျပန် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ MJTD က ဖေဖော် ဝါရီ ၂၄ ရက်က ဖွင့်လှစ်လိုက်သည်။
အဆိုပါ ဇုန်ဘီစီမံကိန်း စတင်ရန် ဖွင့်လှစ်မှုသည် ဇုန်အေ စတင်ရန် ဖွင့်လှစ် မှုအပြီး သုံးနှစ်ကျော်ကာလအတွင်း ထပ်မံဆောက်ရွက် လိုက်ခြင်းလည်ြး ဖစ်သည်။
''ဇုန်ဘီ တည်ဆောက်ရေး ကာလက တစ်နှစ်ခွဲလောက် ကြာမှာပါ။ ဒါပေမဲ့
တည်ဆောက်ရေးကာလ မပြီးခင်မှာဘဲ ရင်းနှီးမြှုပ်နှံသူတွေကို စတင်ပြီး လက်ခံမှာပါ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ သူတို့ရဲ့ စက်ရုံ တည်ေ ဆာက်မှု အပိုင်းကို အခြေခံ တည်ဆောက်ရေး ကာလပြီးတော့မှ လုပ်ကိုင် လို့ ရမှာဖြစ်ပါတယ်''ဟု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုများဖြင့် တည်ထောင်ထား သည့် ၄င်းအထူးစီးပွားရေးဇုန်သည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု များစွာရရှိထားသည်။ ၂ဝ၁၄ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့သည့် ပထမဆုံးစီမံကိန်းဖြစ်သော မြေဟက်တာ ၄ဝဝ ဇုန်အေ စီမံကိန်းတွင်မူ ဂျပန်၊ ထိုင်ဝမ်၊ တရုတ်၊ ဆွီဒင်၊ အမေရိကန်၊ ဟောင်ကောင်နှင့် သြစေ တြးလျနိုင်ငံတို့ ပါဝင်ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံက ဝင်ရောက် မြှုပ်နှံထားသည်။
ဇုန်အေစီမံကိန်း စတင်စဉ်ကမူ ရင်းနှီးမြှုပ်နှံသူများသည် ၂ဝ၁၄ ခုနှစ်က တည်းကပင် ကုမ္ပဏီ ၇၉ ခုက ကမ်းလှမ်းမှု ရှိခဲ့သည်။ လက်ရှိတွင် ၄င်းကုမ္ပ ဏီပေါင်း ၇၈ ခု၏ ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၁,ဝ၅၅ ဘီလျံ ရှိထား သည်။ ထို့အတူ ကုမ္ပဏီ ၂၄ ခုကလည်း လုပ်ငန်းများ စတင်လည်ပတ်ခြင်း ကို လုပ်ကိုင်လျက်ရှိသည်။
ယင်းလုပ်ငန်းများအတွက် လျှပ်စစ်လိုအပ်ချက်များကို လျှပ်စစ်ဓာတ်အား ၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်နှစ် လုံးကိုလည်း သန်လျင်မြို့အတွင်း အစိုးရစီမံကိန်း အဖြစ်ဆောက်လုပ်ထားေ ကြာင်း ဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ် သန်းသန်းသွယ်က ပြောသည်။
''လက်ရှိမှာတော့ ၂၅ မဂ္ဂါဝပ်ထွက်တဲ့ ဓာတ်အားပေးစက်တစ်လုံးကိုသာ
လည်ပတ်ထားတယ်။ အဲဒီအထဲက ၁၄ မဂ္ဂါဝပ်ကိုတော့ သီလဝါထဲမှာ အ သုံးပြုထားပြီး ပိုတဲ့ လျှပ်စစ်တွေကို ပင်မ အမျိုးသားဓာတ်အားပေးစက်ထဲ ကို ပြန်ထည့်ထားတယ်''ဟု ဒေါ်သန်းသန်းသွယ်က ပြောသည်။
သို့ရာတွင် ဇုန်ဘီ တည်ဆောက်မှုများ စတင်ပါက ၄င်းစက်ရုံကထွက်သည့် လျှပ်စစ်ဓာတ်အား ၅ဝ မဂ္ဂါဝပ်မှာ လုံလောက်မှု မရှိနိုင်တော့မည် မဟုတ် သဖြင့် ထပ်မံဖြည့်စွက်ရမည့် အခြေအနေကိုလည်း စီစဉ်လျက်ရှိသည်ဟု ဦးဆက်အောင်က ပြောသည်။
အဆိုပါ ဇုန်ဘီသည် ဇုန်အေစီမံကိန်း၏ တောင်ဘက်သို့ ထပ်မံတိုးချဲ့ ထားခြင်းဖြစ်သည်။ ထို့အပြင် ဇုန်အေ မြေယာငှားရမ်းမှုစတင်ခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဇွန်လအတွင်းကနှစ် ၅ဝ အတွက် တစ်မီတာပတ်လည်ငှားရမ်းနှုန်းကို ကန်ဒေါ်လာ ၇ဝ (တစ်နှစ် ၁ ဒသမ ၄ ဒေါ်လာ) ဈေးဖြင့် သတ်မှတ် ငှားရမ်း ခဲ့သည်။ သို့ရာတွင် ယခုဇုန်ဘီက မြေယာငှားရမ်းမှုဈေးနှုန်းများကို ထုတ်ပြ န်ကြေညာခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အဖြစ် ဆောင်ရွက်နိုင်ရန် ထား ဝယ်၊ ကျောက်ဖြူနှင့် သီလဝါ အထူးစီးပွားရေးဇုန်တို့ကို အကောင်အ ထည်ဖော်လျက်ရှိသည့်အနက် သီလဝါ အထူးစီးပွားရေးဇုန်သည် အစောဆုံး လုပ်ငန်း စတင်လာနိုင်ခြင်းဖြစ်သည်။
Credit: Myanmar Times