အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ပုဂ္ဂလိကဘဏ်များက နေ့စဉ် သတ် မှတ်သည့် ဈေးနှုန်းများအတိုင်း ဗဟိုဘဏ်က သတ်မှတ်မည်ဖြစ်ကြောင်း မြ န်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
ယင်းသို့ ဘဏ်များအချင်းချင်း ရောင်းဝယ်သည့်ဈေးနှုန်း (Interbank Market Rate) ဖော်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF) ထံမှ နည်းပညာ အကူအညီဖြင့် လုပ်ဆောင်မည်ြ ဖစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
“အရင်က အပြင် Money Changer ပေါက်ဈေးနဲ့ ဘဏ်တွေရဲ့ Money Changer ပေါက်ဈေးက ကွာတာမျိုးရှိတယ်။ ဘဏ်တွေ ပေါက်ဈေးနဲ့ ဗဟို ဘဏ် သတ်မှတ်ဈေးကလည်း ကွာတာမျိုးရှိတယ်။ အခုက ဗဟိုဘဏ်က သတ်မှတ်တာမျိုး မဟုတ်ဘဲ Interbank Market က နှုန်းကိုပဲယူပြီး ကြေ ညာပေးမှာ။ အဲဒီတော့ ဈေးကွက်ပေါက်ဈေးနဲ့ မကွာနိုင်တော့ဘူး”ဟု ဗဟိုဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ယခင်က ဗဟိုဘဏ်က သတ်မှတ်သည့် အမေရိကန် ဒေါ်လာ လဲနှုန်းနှ င့် ပြင်ပဈေးနှုန်းမှာ ကွာဟချက် များနေသည့်အတွက် ဘဏ်လုပ်ငန်း များ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေသဖြင့် ငွေကြေးဈေးနှု န်း ပေါက်ဈေး အမှန်ကို သတ်မှတ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသော ငွေကြေးဈေးကွက်မှာ တည် ငြိမ်သည့် အနေအထားတွင် မရှိသေးသည့်အတွက် ဗဟိုဘဏ်က ထိန်းေ ကျာင်းသည့် နှုန်းထားတစ်ရပ် လိုအပ်နေသေးကြောင်း ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က အကြံပြုပြောကြားသည်။
“Interbank Market ဈေးနှုန်းကို ယူမယ်ဆိုတော့ ဒီဈေးကွက်က ဘယ်ေ လာက်အထိ ဖွံ့ဖြိုးဖို့လိုသေးလဲဆိုတာ ကြည့်သင့်တယ်။ သူများနိုင်ငံက ဘဏ် အချင်းချင်း ရောင်းဝယ်တဲ့ ဈေးကွက်အပြင် ဘဏ်အချင်း ချင်း ကောက် ခံတဲ့ အတိုးနှုန်း လုပ်နိုင်တယ်။ ဒီမှာ မရှိသေးဘူး။ ဈေး ကွက် ပေါက်ဈေးအတိုင်း လုပ်ဖို့ဆိုတာ အနေအထားတစ်ခုအထိ ခက်ခဲဦး မယ်”ဟု ၎င်းက ထောက်ပြပြောဆိုသည်။
ဘဏ်အချင်းချင်း ရောင်းဝယ်သည့် ဘဏ်အချင်းချင်း လုပ်ဆောင်သည့် လုပ် ငန်းများ (Interbank Transactions) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ အီလက်ထရွန်နစ်စနစ် (Electronic Platform) သို့ ပြောင်းလဲ ကျင့် သုံးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
Credit: The Voice