FMI ကုမ္ပဏီက ဆောက်လုပ်သည့် Landmark စီမံကိန်း အသစ်စတင် ပြီးေ နာက် ကိုးရက်အ တွင်း FMI ကုမ္ပဏီရှယ်ယာဈေး ၄၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သတင်းရရှိသည်။
FMI ကုမ္ပဏီ၏ ရှယ်ယာ ဈေးသည် ဖေဖော်ဝါရီ ၂၁ ရက် တွင် ကျပ် ၁၅,၀၀၀ ပေါက်ဈေးရှိခဲ့ပြီး မတ်လ ၁ ရက်၌ ကျပ် ၂၁,၀၀၀ အထိ ပေါက်ဈေး ရှိခဲ့ သည်။ ‘‘ရှယ်ယာဈေးတက်ပေမယ့် ရှယ်ယာ အရောင်းအ၀ယ်က တော့ များများစားစားမရှိပါဘူး။ အများဆုံး အစုရှယ်ယာ ၆,၀၀၀ လောက်ပဲ အေ ရာင်းအ၀ယ်ဖြစ်ခဲ့ တယ်’’ ဟု ရှယ်ယာဝယ်ယူထား သည့် အမျိုးသမီး က ပြောသည်။
ရန်ကုန် စတော့အိတ်ချိန်း တွင် ဖေဖော်ဝါရီအတွင်း ရှယ် ယာတန်ဖိုးကျပ် ၃ ဒသမ၁ ဘီလီ ယံကျော်ဖိုး အရောင်းအ၀ယ်ဖြစ်ခဲ့ ပြီး ပြီးခဲ့သည့် ဇန်န၀ါရီထက် ကျပ်သန်း ၃၀၀ ကျော် ပိုမိုအရောင်းအ၀ယ်ဖြစ်ခဲ့သည်။
၎င်းတို့အနက် FMI ကုမ္ပဏီ သည် ဖေဖော်ဝါရီလအတွင်း ကျပ်သန်း ၉၅၀ ဖိုး အရောင်းအ၀ယ်ဖြစ် ခဲ့ပြီး ပြီးခဲ့သည့် ဇန်န၀ါရီထက် ကျပ်သန်း ၄၅၀ ကျော် ဖိုး ပိုမို အ ရောင်းအ၀ယ်ဖြစ်ခဲ့သည်။
‘‘FMI ကုမ္ပဏီက အလားအ လာကောင်းတယ်။ သူ့ရဲ့ ရှယ်ယာတွေက လည်း စင်ကာပူမှာတက် တယ်။ နောက်ပြီး လုပ်ငန်းအသစ် တွေလုပ်တယ်။ ဒါကြောင့် ရှယ် ယာဈေးတက်တာပါ။ နောက်ပိုင်း နိုင်ငံခြားတွေ ရှယ်ယာ ၀ယ်ခွင့်ပြုရင် ထက်တက်ဦးမယ်’’ဟု စီးပွား ရေးပညာရှင် ဦးလှမောင် က ပြောကြားသည်။
FMI ကုမ္ပဏီသည် ၂၀၁၆ မတ်လက ရန်ကုန်စတော့အိတ် ချိန်းတွင် စာရင်း ၀င်ကုမ္ပဏီအဖြစ် ၀င်ရောက်ပြီး ရှယ်ယာတစ်စုလျှင် အခြေခံဈေးနှုန်း ကျပ် ၂၆,၀၀၀ သတ်မှတ်ခဲ့သည်။ FMI ကုမ္ပဏီရှယ်ယာဈေးသည် ၂၀၁၆ အတွင်း အမြင့်ဆုံးဈေးကျပ် ၄၁,၀၀၀ အထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံးဈေးကျပ် ၁၃,၅၀၀ အထိရှိခဲ့သည်။
၂၀၁၆ အတွင်း ရန်ကုန်စ တော့အိတ်ချိန်းတွင် FMI ကုမ္ပဏီသည် ရှယ်ယာတန်ဖိုး ၅၃ ရာခိုင် နှုန်းကျော်ကျဆင်းခဲ့သည်။
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်း ထောင့်ရှိ မြန်မာ့မီးရထားရုံးချုပ် ဟောင်းကို ဟိုတယ်၊ လူနေအိမ်၊ ရုံးခန်းများပါဝင်သော Landmark Development Yoma Central တည်ဆောက်ရေးစီမံကိန်းကို FMI ကုမ္ပဏီက ဖေဖော်ဝါရီ ၁၆ ရက် တွင် စတင်ခဲ့သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ် နှံရန် စီစဉ်နေသည့် FMI ကုမ္ပဏီ၏ဟိုတယ်လုပ်ငန်းတွင် ပထမဦးဆုံး စီမံကိန်း ဖြစ်သည်။
ဖေဖော်ဝါရီအတွင်း သီလ၀ါအထူးစီးပွားဇုန်အများပိုင်ကုမ္ပ ဏီ (MTSH) က ရှယ်ယာတစ်စု လျှင် ကျပ် ၄,၀၀၀ မှ ၄,၂၀၀ အ တွင်း အတက်အကျရှိခဲ့ပြီး မြန်မာ နိုင်ငံသားဘဏ် (MCB) သည် ရှယ်ယာတစ်စုလျှင် ကျပ် ၈,၈၀၀ မှ ၉,၁၀၀ ကြားနှင့် ပထမပုဂ္ဂလိ က ဘဏ်ရှယ်ယာသည် ကျပ် ၂၉,၅၀၀ မှ ၃၁,၀၀၀ ကြားရှိခဲ့ သည်။
Credit: 7DayDaily