အမေရိကန် ပြည်ထောင်စု မစ်ဇူရီပြည်နယ် စိန့်လူးဝစ်စ်မြို့မှာ အိမ်အလုံး လိုက်ကို တစ်မိုင်လောက် အကွာအထိ ရွှေ့ပြောင်းခဲ့ပါတယ်။
သက်တမ်း ၁၂၂ နှစ်ရှိနေပြီဖြစ်တဲ့ အဲဒီအိမ်ကြီးကို မူရင်းနေရာကနေ တစ် မိုင်လောက်နီးပါး အကွာမှာရှိတဲ့ National Geospatial-Intelligence အေ ဂျင်စီရဲ့ ခြံဝင်းထဲကို ရွှေ့တာဖြစ်ပါသတဲ့။ အသက် ၈၁ နှစ်အရွယ် ချားလ်စ် ဆက်တာတေလာရဲ့ အိမ်ကြီးကို ထရပ်ကား အကြီးကြီးရဲ့ နောက်တွဲမှာ တင်ပြီးတော့ နေရာသစ် ကို ရွှေ့ပြောင်း တာ ဖြစ်ပါတယ်။ တေလာ ဟာ အေဂျင်စီရဲ့ ဒေသဆိုင်ရာ စီမံကိန်းတစ်ခုကို ဆန့်ကျင်နေပြီး စီမံကိန်း ထဲမှာ ရောက်နေတဲ့သူ့အိမ်ကို နေရာသစ်ကို ရွှေ့ပေးပါ့မယ်လို့ ကတိပြု မှုရခဲ့တာ ဖြစ်ပါတယ်။
“ကိုယ်ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်”လို့ မြို့ အုပ်ချုပ်ရေးမှူး ဖရန်စစ်စလေက ပြောပါတယ်။ အိမ်ကြီးကို ၁၈၉၅ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး တေလာရဲ့ မိသားစုက ၁၉၄၅ ခုနှစ်မှာ ဝယ်ယူ ခဲ့တာ ဖြစ်ပါသတဲ့။ ခုတော့ အိမ်ကြီးဟာ နေရာသစ် ကို အောင်မြင် စွာ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ကြီးဟာ တန်ချိန် ၃၇၀ လေးတယ် လို့ ရွှေ့ပြောင်းပေးတဲ့ ကုမ္ပဏီ Expert House Movers က ပိုင်ရှင် ဂျွန်မက် ယီကိုက ပြောကြားခဲ့ပါတယ်။
Credit: The Voice