သိမ်းဆည်းလယ်ယာမြေကိစ္စ လယ်သမားကိုယ်စားလှယ်တွေနဲ့ မန္တလေးတိုင်းအစိုးရ ဆွေးနွေး

သိမ်းဆည်းလယ်ယာမြေကိစ္စ လယ်သမားကိုယ်စားလှယ်တွေနဲ့ မန္တလေးတိုင်းအစိုးရ ဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
1 Mar 2017 10:41 am တွင် တင်ခဲ့သည်
796 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထားရတဲ့ လယ်ယြာေ မတွေ ပြန်လည်ရရှိဖို့နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တောင်သူလယ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မန္တလေး တိုင်းအစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တောင်သူလယ်သမား ကိုယ်စားလှယ်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

တောင်သူတွေ ဖိနှိပ်ခံနေရတာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့တယ်လို့ မန္တလေး တိုင်းအစိုးရအဖွဲ့ နဲ့ ဆွေးနွေး ရာမှာ ပါဝင်ခဲ့တဲ့ တောင်သူလယ်သမားများ ဖံွ့ဖြိုးတိုးတက်ရေး ပဋိပက္ခဖြေရှင်းရေး နဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ က ဦးစိုးဌေး က ပြောပါတယ်။

"တောင်သူလယ်သမားတွေဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ဆုံးတောင်သူ လယ် သမားတွေ မတရားဖိနှိပ်ခံနေရတာတွေကို ရပ်တန့်သွားဖို့ ကျနော် တို့တောင်းဆိုတာပါ"

တိုင်းအစိုးရဘက်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှု ပြန်လည်စိစစ်ရေးကော် မတီရဲ့ မြေယာစိစစ်မှုလုပ်ငန်းတွေမှာ တရားဝင်ပါဝင်ပူးပေါင်း လုပ်ဆောင်နိုင်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုင်းအစိုးရအဖွဲ့နဲ့ ညှိနှိုင်းမှုအရ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်နဲ့ ပုသိမ်ကြီး မြို့နယ်တွေမှာ ဖြစ်ပွားနေ တဲ့ နိုင်ငံတော်စီမံကိန်းမြေနေရာတွေနဲ့ ပတ် သက်ပြီး တောင်သူတွေနဲ့ ပြဿနာဖြစ်ပွားနေတဲ့ မြေနေရာတွေကို ကနဦး ပူးေ ပါင်းဖြေရှင်းသွားဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ လည်း တောင်သူ လယ် သမား ကိုယ်စားလှယ်တွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က မန္တလေးမြို့မှာ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေတာတွေနဲ့ ဖမ်းဆီးထောင်ချခံနေ ရသူတွေ ပြန်လည် လွတ်မြောက်ဖို့အတွက် တောင်သူ တစ်ထောင်ကျော် ဆန္ဒထုတ်ဖော် ခဲ့တဲ့ အတွက် တိုင်းအစိုးရအဖွဲ့နဲ့ တောင်သူကိုယ်စားလှယ်တွေ အခုလိုတွေ့ ဆုံဆွေးနွေးနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit: RFA Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

ဆလီနာဂိုမက်က တေးထုတ်လုပ်သူ ဘန်နီ ဘလန်ကိုနှင့် စေ့စပ်ကြောင်းလမ်းမှု မပြုလုပ်မီတွင် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်မှ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူထားခဲ့...

အင်္ဂလန်တွင် ၉၁ စင်တီမီတာ အကျယ်သာရှိသော နေအိမ်တစ်လုံး ပေါင် ၂၃၅,၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ရှာရွတ်ခန်က မွမ်ဘိုင်းရှိ duplex ခန်း ၂ ခုကို ရူပီး ၉ ကုဋေ နီးပါးပေးကာ ၃ နှစ်စာချုပ်ဖြင့် ငှားရမ်း...

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

Maha Nadi Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service