မန္တလေးတိုင်းအတွင်းမှာ လယ်ယာမြေတွေကို လက်လွှဲရောင်းစားနေတာတွေကိုဖော်ထုတ်ဖို့ ဥပဒေနဲ့ အညီအသုံးချမှုမရှိတဲ့လယ်ယာမြေစာရင်းကောက်ယူမှုတွေကို အခုနှစ်မတ်လအတွင်းမှာ ပြီးစီးအောင်လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က သိရပါတယ်။
‘ မြို့နယ်တွေ စကောက်နေပြီ၊ မြေလွတ်မြေရိုင်းဆိုရင် ဖေဖော်ဝါရီမှာ အပြီးကောက်ရမယ်၊ အဲဒါတွေ ကောက်ပြီးရင် ပြည်ထောင်စု ကိုတင်ပြရမယ်၊ မြေလွတ်မြေရိုင်းတွေကို လုပ်ပိုင်ခွင့် အရင်တုန်းကရထားတယ်၊ ဒါပေမဲ့ မြေပြင်မှာလုပ်မထားဘူး၊ အဲဒီစာရင်း တွေကောက်နေတယ်လို့ ' မန္တလေးတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်တင်က ပြောပါတယ်။
ဥပဒေနဲ့မညီတဲ့မြေယာ စာရင်းကောက်ယူမှုတွေကို မြို့နယ်၊ ခရိုင်အလိုက်လုပ်ဆောင်နေတာဖြစ်ပြီး မြို့နယ်အချို့ကတော့ ကောက်ယူမှုပြီးနေပြီလို့ သိရပါတယ်။
ဦးမြင့်တင်ကပဲ များတဲ့ မြို့ နယ်တွေကတော့ သူ့သတ်မှတ်ရက်မှရမှာ၊ ပြင်ဦးလွင်ဆိုရင်များတယ်၊ လယ်နဲ့ပတ်သက်လာရင် မန္တလေးစည်ပင်နယ်နိမိတ်ဆိုများတယ်၊ ပုသိမ်ကြီးတို့၊ အမရပူရ ၊ များတဲ့ဆီတွေကတော့ ကာလစည်းကမ်းသတ်မှတ်ရက် ရောက်မှရမယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက မြေယာတွေကို ဥပဒေနဲ့ အညီလုပ်ဆောင်ဖို့ မန္တလေးတိုင်းအစိုးရအနေနဲ့ သတိပေးကြေညာချက်တွေ ထုတ်ပြန်နေပြီး ဥပဒေနဲ့အညီလုပ်ဆောင်ခြင်းမရှိတဲ့မြေယာတွေကိုပြန်လည်သိမ်းယူမှာဖြစ်
တယ်လို့ အသိပေးကြေညာချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Credit: Kumudra