အခုအစိုးရလက်ထက် ကျူးကျော်နဲ့ ပက်သတ်ပြီးဖြေလျှော့မှုတွေ ရှိလာသ လိုဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်တဲ့ ပွင့်လင်းရာသီဖြစ်လာ တာ
ကြောင့် ရွှေ့ပြောင်းလုပ်သားတွေက ကျူးကျော်အဖြစ် ပြောင်းရွှေ့နေထိုင်မှု
တွေ လည်းနေပြည်တော်မှာတိုးလာနေပါတယ် ။
သည်လိုရွှေ့ပြောင်းကျူးတွေ တိုးလာတာကိုဒေသခံတွေနဲ့ လွှတ်တော် ကိုယ် စားလှယ် တချို့ကတော့ သိနေကြပါပြီ ။ ဒါကြောင့် လည်း နေပြည်ေ တာ် ကောင်စီအနေနဲ့ နောက်မှာဘူဒိုဇာနဲ့ ထိုးပြီးဖယ်ရှားတာ ၊ တရားစွဲပြီး ဖယ်ရှားတာမျိုးမဖြစ်အောင် ခုကတည်းကဖြေရှင်းထားသင့်တယ် လို့ ဒေသ ခံတွေကအကြံပြုကြပါတယ် ။
ဒဏ္ခိဏသီရိမြို့နယ်အတွင်းရှိစည်ပင်သာယာရေးကော်မတီပိုင်မြေမှာ ကျူးကျော် အဖြစ် ဝင်ရောက်နေတဲ့ သဲဖြူရွာနဲ့ သစ်တောမြေမှာ ကျူးကျော်နေ တဲ့ သီရိမင်္ဂလာရွာမှာ အခြေခံပညာမှုလတန်းကျောင်း တည်ဆောက် ထားပေးပြီးအစိုးရမှ ကျောင်းဆရာဆရာမတွေ ခန့်အပ်ထားတဲ့ ရွာကို တရား ဝင်ကျေးရွာ ၊ ရပ်ကွက်အဖြစ် မသတ်မှတ်ပေးဘဲ ကျူးကျော်အဖြစ်သာ သတ် မှတ်ထားတာတွေလည်းရှိနေပါတယ် ။
‘စည်ပင်ကသူတို့လုပ်မယ့် စီမံကိန်းတွေကိုကိုယ်စားလှယ်တွေကို ချပြတာ မျိုးတော့မရှိဘူး၊ မြေယာကျူးကျော် ပြဿနာတွေကိုလဲ အခုအချိန်အထိ စိစစ်ဆဲ ပဲ ဖြစ်ပါတယ်’ လို့ ပုဗ္ဗသီရိပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန် ကပြောပါတယ် ။
လယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီကိုဖွဲ့စည်းထားပြီးလယ်ယာသိမ်းဆည်းခံမြေ ၊ ကျူးကျော်မြေများကို ပြန်လည် စိစစ်ပြီးစာရင်းများ ပြန် လည်ကောက်ယူခဲ့ရာမှ တောင်သူဘက်ကလျော်ကြေးမရသေးဘူး ၊ စည်ပင် ဘက်ကပေးပြီးသား ဖြစ်တယ်ဆိုတဲ့ အရှုပ်အရှင်းတွေ ထပ်မံပေါ်ပေါက်နေ တယ်လို့ သိရပါတယ် ။
ဧကခြောက်သောင်းကျော် အရင်က သိမ်းဆည်းခဲ့တဲ့ မြေများမှာ လယ် ယာမြေ ဧကပေါင်း ၂၃,၀၀၀ ကျော် ၊ သစ်တောမြေများကို ပယ်ဖျက်ပြီး ပြည် ထဲရေးမှ တစ်ဆင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီက အ သုံးပြုဖို့ မြေဧကပေါင်း ၃၀,၀၀၀ ခန့် ၊ ပျဉ်းမနား ၊ လယ်ဝေး ၊ တပ်ကုန်းမြို့ ဟောင်းများမှ မြေများကိုသိမ်းဆည်းခဲ့ပြီး မြို့မြေအဖြစ်သတ်မှတ်ထဲ့တာကမြေဧကပေါင်း ၅၀၀၀ ခန့်နဲ့ မြေလွတ်မြေရိုင်း ၊ စားကျက်မြေအဖြစ် အသုံးပြုခဲ့ တာက ၇၅ ဧကခန့် ရှိတာကြောင့် စုစုပေါင်းမြေဧကမှာ ၆၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ် ။
အစိုးရသစ်တက်လာပြီးနောက်ပြီးမှာနေပြည်တော် စည်ပင်သာယာရေး ဥပဒေအရ ကျူးကျော်ပုဒ်မ ၂၆ ၊ ၂၇ နဲ့ တရားစွဲဆိုခံရတဲ့ တောင်သူတွေကို အမှုမှပလပ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ် ။ ဒါပေမဲ့ ငြိမ်ချမ်းရေးညီလာခံတွေ ကျင်းပဖို့ ရှိတာကြောင့် (NRPC) အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာနရဲ့ ကိုက် ၁၀၀ အတွင်းက ကျူးကျော်တဲတွေကိုဖေဖော်ဝါရီ ၂၇ ရက်နေ့ နောက်ဆုံးထားပြီးဖျက်ပေးဖို့ နေပြည်တော် စည်ပင်သာ ယာရေးကော်မတီက နို့တစ်ပေးထားတယ်လို့ သိရပါတယ် ။
အဲဒီလိုစာပို့ခံရမှုအပေါ်ကိုတောင်သူတွေကလှမ်းမေးတယ် ၊ သူတို့ ဘာလုပ် ရမလဲ ၊ ရွှေ့ပေးရမှာလား ၊ မရွှေ့ဘဲနေရမလားဆိုတာကိုမေးတော့ ကျွန်တော် တို့ အနေနဲ့ ဘာမှအဖြေပြန်မပေးနိုင်ဘူး ၊ အဓိကကတော့ စည် ပင် ဘာလုပ်မယ် ၊ အစီအစဉ်ဘာတွေရှိလဲဆိုတာကိုယ်ကိုယ်တိုင် မသိဘူးေ လ ၊ ဒါတွေကိုသာလွှတ်တော်ကိုယ်စားလှယ်တွေကို ချပြထားမယ်ဆို ရင် တောင်သူကို ညှိပေးတာမျိုးတော့ လုပ်ပေးနိုင်တာပေါ့’ လို့ ဒက္ခိဏသီရိ မဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကပြောပါ တယ် ။
ထပ်ပြီးရောက်လာတဲ့ကျူးကျော်တွေ နေပြည်တော် ရှစ်မြို့နယ်စလုံးမှာ အ နည်းငယ် စတင်ရောက်ရှိနေကြတာ ဖြစ်တယ် ။ ဒက္ခိဏမှာအခုရက်ပိုင်း ကျူးလာတာတော့ ခုနစ်ဦးရှိတယ်လို့လည်းသိရပါတယ် ။
သည်ကျူးတွေကအရင်ကလိုဒေသခံတွေကနေစရာမရှိလို့ ကိုယ့်မြေကိုယ်ပြန် ကျူးတာမျိုးမဟုတ်ဘဲရွှေ့ပြောင်းလုပ်သားတွေက ကျူးကြတာဖြစ်ပါတယ် ။
ကျူးကျော်ပြဿနာကိုမြေရှင်းဖို့ဆိုတာကစည်ပင်ကိုယ်တိုင်ကလည်းပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ် ။ အနာဂတ်စီမံကိန်းတည်ဆောက်မှာဖြစ်တာကြောင့် သိမ်းဆည်းထားတဲ့ မြေတွေကို ပြန်ပြီးစွန့်လွှတ်လို့ မရဘူးဆိုတာကို ပွင့် လင်းမြင်သာမှုရှိရှိ ချပြထားတာမရှိဘူးလို့ သိရပါတယ် ။
အသိပေးရှင်းပြပါ ဦးသန့်ဇင်ထွန်းက ‘တချို့မြေတွေ ဆိုလျော်ကြေး မပေး ရသေးဘူး ၊ အရင်ကအနာဂတ်စီမံကိန်းဆိုပြီးမြေလဲပြန်ပြီးမစွတ်လွတ်ဘူး ၊ အဲဒီလိုမျိုးတွေ ရှိနေတဲ့ အပေါ်မှာ သက်ဆိုင်ရာလွှတ်တော် ကိုယ်စား လှယ် တွေနဲ့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုသလို ရှင်းပြဖို့လဲ လို ပါတယ် ၊ ပြသနာကို ကြိတ်ပြီးတော့ ဖြေရှင်းနေတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ ခဏ ခဏနဲ့ပြီးမှာလဲမဟုတ်ပါဘူး ၊ ဒီလိုမျိုးပဲဆက်ဖြစ်နေဦးမှာပဲလို့ ယူဆပါတယ်’ လို့ ပြောပါတယ် ။
နေပြည်တော်မှာ ကျူးကျော်ပြသနာတွေ ထပ်မဖြစ်အောင် စည်ပင်သာ ယာရေးကော်မတီကနေပြည်တော်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေကို သက် ဆိုင်ရာ ကိုယ်စားလှယ်တွေကိုအသိပေးထားသင့်တယ်လို့ ကိုယ်စားလှယ် တချို့က ဝေဖန်သုံးသပ်နေပါတယ် ။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင် ဦးမင်းသူက ‘တရားစွဲ တဲ့ ကိစ္စတွေအားလုံးအမှုတွေ ရုပ်သိမ်းပေးတယ် ၊ လျော်ကြေးမရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကြည့်လိုက်တော့ ၉၀ ရာခိုင်နှုန်းလောက်ဟာေ လျာ်ကြေးရပြီး သား ဖြစ်ပါတယ်’ လို့ ပြောပါတယ် ။
Credit: The Kumudra