မန္တလေး တိုင်းဒေသကြီးအတွင်း တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ အတွက်၂၀၁၆ မှ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်အတွင်း ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၂၀၀၀ ကို ဘဏ္ဍာနှစ်အလိုက် ဆောက် လုပ်ပေးသွား မည်ဖြစ်ကြောင်း တိုင်း ဒေသကြီး မြို့ ပြနှင့်အိမ်ရာ ဖွံ့ ဖြိုးတိုးတက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။
“တိုင်းဒေသကြီးအတွင်းမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေနေ ရေးအဆင်ပြေဖို့ စီစဉ်ပေးတာဖြစ်ပါ တယ်” ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် မန္တလေး တိုင်းဒေသကြီး ၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းပေါင်း ၅၆၁၆၂ ဦးရှိရာ ၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ်အထိ ဝန်ထမ်း အိမ်ရာ တိုက်ခန်းပေါင်း ၁၈၄၆ ခန်း ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၄၄၀ ဆောက်လုပ် နေဆဲဖြစ်သော်လည်း ဝန်ထမ်း အင်အားနှင့် တိုက်ခန်းအရေအတွက်မှာ မန္တလေး တိုင်းဒေသကြီး၌ ဝန်ထမ်း အိမ်ရာ တိုက်ခန်းပေါင်း ၂၀၀၀ ဆောက်လုပ်ပေးမည် လုံလောက်မှု မရှိသေးသဖြင့် ယခုကဲ့သို့ ဝန်ထမ်း တိုက်ခန်းများ ထပ်မံ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“မန္တလေး ကို ပြောင်းလာတာ ငါး နှစ်ရှိပြီ။ မိသားစုနဲ့ဆိုတော့ ရောက်လာ ကတည်းက အိမ်ငှားနေရတော့ လစာ တစ်ဝက်လောက်က အိမ်ငှားခဖြစ်သွား တယ်။ အခုလိုဝန်ထမ်းတွေအတွက် အိမ်ရာထပ်ဆောက်မယ်ဆိုတော့ မျှော်လင့်လို့ရတာပေါ့”ဟု ပညာရေးဝန်ထမ်းဆရာမတစ်ဦး က ပြောသည်။
ထို့အပြင် အဆိုပါဌာနမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံအလုံး၂၀ (အခန်းပေါင်း၈၀၀) ဆောက်လုပ်ခဲ့ပြီး ယခုဘဏ္ဍာနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်အတွင်းတန်ဖိုးနည်းနှင့် တန်ဖိုးမျှတ တိုက်ခန်း ပေါင်း ၈၀၀၀ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar