မြေကို လက်ဝါး ကြီးအုပ် ရယူထားမှုများကြောင့် မြေဈေးနှုန်း အဆမတန် မြင့်တက် နေပြီးပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ အခက်ကြုံနေသဖြင့် အစိုးရအဖွဲ့က သတ်မှတ်သည့် နှုန်းထားဖြင့် မြေသိမ်းဆည်းလျော် ကြေးပေးကာ အကျိုးရှိစွာ စီမံခန့် ခွဲ အသုံးချရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ပြည်ထောင်စုလွှတ် တော်သို့ တင်ပြခဲ့သည်။
အမျိုးသား မြေအသုံးချမှု မူဝါဒကို ပြန်လည်သုံးသပ် ရေးဆွဲ နိုင်ရေးအတွက် အကြံပြုတင်ပြ ချက်ကို ယင်းကော်မရှင်က နိုဝင် ဘာ ၃၀ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင် ပြရာ၌ ယင်းသို့ ထည့်သွင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။
ကော်မရှင်၏တင်ပြချက် တွင် မြေအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သော နိုင်ငံတော်အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လိုအပ်လျှင်မြေကိုသိမ်းဆည်းပြီး စီမံခန့်ခွဲပိုင်ခွင့်ကိုလည်း မူဝါဒ၌ ထည့်သွင်းထားရန် လိုအပ်ကြောင်းပါရှိသည်။
ထို့အပြင် လယ်မြေကို အခြားနည်း အသုံးပြုခွင့် ပြောင်း လဲရယူခြင်း၊ မြေကို လက်ဝါးကြီး အုပ် ရယူထားခြင်းတို့ကြောင့် မြေဈေးနှုန်းများ အဆမတန်မြင့် တက်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံသူများ အခက်အခဲကြုံတွေ့ နေရသဖြင့် ပြည်ထောင်စု (သို့ မဟုတ်) တိုင်းဒေသကြီးနှင့် ပြည် နယ် အစိုးရအဖွဲ့က သတ်မှတ် သည့်နှုန်းထားဖြင့် မြေသိမ်းဆည်း လျော်ကြေးပေးကာ ထိရောက် အကျိုးရှိစွာ စီမံခန့်ခွဲအသုံးချရန် လိုအပ်ပါသည်ဟုလည်း ကော်မရှင်က အကြံပြုထားသည်။
တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုများ လာရောက်ရာတွင် မြေ ဈေးကြီးနေသည့်ကိစ္စသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲတစ်ခု ဖြစ်နေသော ကြောင့် ကော်မရှင်က အကြံပြုရ ခြင်းဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ဒုတိ ယဥက္ကဋ္ဌ(၂) ဒေါက်တာသန်းဝင်း က ပြောသည်။
‘‘ကျွန်တော်တို့က အကြံပြု တဲ့သဘောပေါ့။ အဲဒါကို မူဝါဒ ရေးဆွဲရင် ပါလာချင် ပါလာမှာ ပေါ့။ ပါလာပြီဆိုရင် ဥပဒေထွက် တဲ့အချိန်ကျရင် ပါလာမှာပေါ့။ ပါတိုင်းလည်း အကုန်ပြန်သိမ်း မယ် ပြောတာမဟုတ်ဘူး။ လို အပ်ရင်ဆိုတဲ့ သဘောပေါ့’’ဟု ဒေါက်တာသန်းဝင်းက ဆိုသည်။
နိုင်ငံ၏ မြေသယံဇာတကို စဉ်ဆက်မပြတ် စီမံခန့်ခွဲအသုံးပြု နိုင်ရေးအတွက် အမျိုးသားမြေ ဥပဒေပြဋ္ဌာန်းရန် လိုအပ်နေ ကြောင်း၊ ယင်းဥပဒေပြဋ္ဌာန်းရာ တွင် အခြေခံရန် ခိုင်မာတိကျ သော အမျိုးသား မြေအသုံးချမှု မူဝါဒကို ရေးဆွဲချမှတ်ရန် လိုအပ် လျက်ရှိကြောင်း ကော်မရှင်က အကြံပြုထားသည်။
အမျိုးသား မြေအသုံးချမှု မူဝါဒကို ၂၀၁၆ ဇန်နဝါရီတွင် ထုတ်ပြန်ပြီး ယင်းမူဝါဒကို သူရဦးရွှေမန်းဦးစီးသော ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ် သုံးသပ်ရေးကော်မရှင်က လေ့လာဆန်းစစ်ကာ ပြည်ထောင်စုလွှတ်တော်သို့ အကြံပြုတင်ပြခဲ့ခြင်းဖြစ်သည်။
ကော်မရှင်အကြံပြုတင်ပြုချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် သုံးသပ်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
Credit:7DayDaily