မိသားစုတစ်ခုကို အစိတ်စိတ်အမွှာမွှာစိတ်ဝမ်းကွဲစေခဲ့သည့် အိမ်တစ်အိမ် ရောင်းထွက်သွားပေပြီ။
မည်သို့ဆိုစေ ၎င်းသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၏ အကျော်ကြားဆုံးအောင်ပွဲခံ
အထိမ်းအမှတ်အိမ်ဖြစ်သည်။ ဆယ်စုနှစ်များစွာကြာ ခမ်းနားကြီးကျယ်သော ဂီတဆည်းဆာဧည့်ခံပွဲများကို လက်ခံကျင်းပလာခဲ့ပြီး ကျော်ကြားသော ဧည့်သည်များအတွက်ယာယီနေရာထိုင်ခင်းပံ့ပိုးပေးရာ တည်းခိုခန်းလည်းဖြစ်ခဲ့သည်။
ဆစ်ဒနီ၏ ဟိတ်ကြီးဟန်ကြီးနိုင်လှသော Poinit Piper ဆင်ခြေဖုံးအရပ်ရှိ အိမ်ကြီးတစ်အိမ်ဖြစ်သော Altona သည် မကြာသေးမီနှစ်များအတွင်း တရုတ်လူမျိုးပိုင်ဖြစ်လာသည်။
ယင်းအခြေအနေသည် ယခုအခါအစဉ်အလာတစ်ခု ဆက်လက်ဖြစ်လာသည်။ ထိုပိုင်ရှင်
က ၎င်းအိမ်ကြီးအား ဆစ်ဒနီရှိ ဟန်းတားဟေးလ်ဆင်ခြေဖုံးအခြေစိုက်၏ ၀င်ငွေအလွန့်အလွန်မြင့်မားသည့် တရုတ်မိသားစုတစ်ခုကို ပြန်လည်ရောင်းချလိုက်ပြီဖြစ်သည်။
သြစတြေးလျအချမ်းသာဆုံးပုဂ္ဂိုလ် ၂၀ စာရင်းဝင် ဟွမ်ပင်းဝမ်၏ သားဖြစ်သူ၊ တရုတ်ပုံနှိပ်စက္ကူထုတ်လုပ်ရေးကုမ္ပဏီ Shantou Dongfeng Printing ၏ ဥက္ကဋ္ဌ ကျားဟွမ်နှင့်
သူ၏ မိသားစုက ၀ီတိုရိယဘုရင်မခေတ်ဟန်ပန်နှင့် အီတလီဟန်ပန်တို့ ရောယှက်ထား
သည့် ယင်းအိမ်ကြီး၏ ပိုင်ရှင်သစ်များဖြစ်သွားကြပြီဖြစ်သည်။
သူတို့က ထိုအိမ်ကြီးကို
သြစတြေးလျဒေါ်လာ သန်း ၆၀ (အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၈ သန်း)ဖြင့် ၀ယ်ယူခဲ့ကြခြင်းဖြစ်သည်။
၎င်းဟွမ်မိသားစုသည် ယင်းအိမ်ကြီးကို မြေယာဝယ်ယူ၍ အဆင့်မြင့်အိမ်ခြံမြေတည်
ဆောက်ရောင်းချသည့် လုပ်ငန်းစု Qingdao Anteisin Group ၏ အကြီးအကဲ
ဝမ်ကျီကျွမ်းထံမှ ၀ယ်ယူခဲ့ကြခြင်းဖြစ်သည်။ ၀မ်က စာအုပ်ထုတ်ဝေသူ ဒက်ခ်မစ်ကင်နှင့်
ဇနီးအိဗ်တို့ထံမှ ၂၀၁၃ ခုနှစ်တွင် သြစတြေးလျဒေါ်လာ ၅၃ သန်း (အမေရိကန်ဒေါ်လာ၃၉ ဒသမ ၆ သန်း) ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းဈေးသည် ထိုစဉ်က ဆစ်ဒနီတွင်
စံချိန်တင်ဈေးဖြစ်သည်။ ထို Altona အိမ်ကြီးသည် ၀မ်မိသားစုအငြင်းပွားမှု၏
တရားခံဗဟိုချက်မပင်ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com