လက်ရှိအချိန်မှာ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုတွေကြားမှာ
အာရှဒေသကတော့ ကျန်ကမ္ဘာ့ဒေသအားလုံးဆီက လာမယ့်
ရင်းနှီးမြှုပ်နှံမှုတွေကို အဖိတ်ခေါ်နိုင်ဆုံး အချက်အချာနေရာအဖြစ်
ဆက်လက်ရပ်တည်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယခုလိုမျိုး ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဖွံ့ထွားနေတာကြောင့်
လည်း စားသုံးမှုနှုန်းကို မြင့်တက်စေသလို ၀င်ငွေအလယ်အလတ်တန်းစား
လူတန်းစားဦးရေ တိုးပွားလာစေတယ်လို့ ဘန်ကောက်မြို့မှာ ကျင်းပတဲ့
Horasis အာရှအစည်းအဝေးမှာ စင်ကာပူစီးပွားရေးဖွံ့ဖြိုးမှုဘုတ်
အဖွဲ့ ဥက္ကဌ Beh Swan Gin က ပြောသွားပါတယ်။
" ဘယ်လိုပဲ ကမ္ဘာလုံးဆိုင်ရာမရေမရာဖြစ်မှုတွေရှိနေပေမယ့်လည်း
အာရှဒေသကတော့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဆွဲဆောင်နိုင်ဆုံး
နေရာအဖြစ် ဆက်ရှိနေဆဲပါ၊ စီးပွားရေးတိုးတက်မှုနှုန်းကလည်း
တော်တော်လေးကို တည်ငြိမ်နေပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။
အလားတူ အဓိက တိုးတက်မှုတွန်းအားပေး အင်ဂျင်သုံးခုဖြစ်တဲ့ တရုတ်၊
အိန္ဒိယနဲ့အရှေ့တောင်အာရှဒေသ တွေကြောင့်လည်း ယခုလို အာရှဒေသ
တစ်ခုလုံးရဲ့ စီးပွားရေးတိုးတက်မှုကို မောင်းနှင်နေတာဖြစ်တယ်လို့လည်း
၎င်းက ထပ်လောင်းပြောကြားသွားပါတယ်။
" ကမ္ဘာတစ်ဝှမ်းက ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ထိုင်းတို့၊ စင်ကာပူတို့၊
မလေးရှား၊ ဘရူနိုင်းတို့နဲ့ တော်တော်လေး အကျွမ်းတ၀င်ဖြစ်နေပါပြီ၊
သူတို့ဟာ အခုဆိုရင်လည်း ကျွန်တော်တို့ VIP နိုင်ငံတွေလို့ ခေါ်နေတဲ့
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှာ သွားရောက်ရင်းနှီးမြှုပ်နှံဖို့
ဆန္ဒရှိနေကြပါတယ်" လို့ Beh က ထပ်လောင်းပြောကြားသွားပါတယ်။
Credit: SFJ Strategy First