ကွန်ဒိုမီနီယမ် တိုက်ခန်းများအား ဝယ်ယူအားပေးသော Customers များကို ကျေးဇူးတုံ့ပြန်သည့် အခမ်းအနားကို နိုဝင်ဘာလ ၆ရက်နေ့က Novotel Hotel တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားကို တိုက်ခန်းဝယ်ယူအားပေးကြသော အခန်းပိုင်ရှင်များ၊ မီဒီယာများ၊ THE LEAF Residence မှဝန်းထမ်းမိသားစုများ၊ IME Property Company Limited မှဝန်ထမ်းမိသားစုများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် IME Property Company Limited မှ Director ဒေါက်တာ ညီညီလတ် မှနုတ်ခွန်းဆက် စကားပြောကြားပြီး ကံစမ်းမဲအစီအစဉ်အား အကျဉ်းချုပ်ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် IME Property Company Limited မှ Managing Director ဒေါက်တာ ဟုန်ချင်ပန်း မှကံထူးသူများကို မဲနှိုက်ရွေးချယ်ပေးခဲ့ပါသည်။
အမှတ်တရလက်ဆောင်ဆု (၁၀)ဆု ကံထူးသူများအား THE LEAF Residence မှ Sales & Marketing Manager ဒေါက်တာအိမွန်ကိုကို မှ ဆုချီးမြှင့်ပေးခဲ့ပြီး Grand Prize ဆုဖြစ်သော Mazda 2Brand New ကားသစ်တစ်စီး ကံထူးသူ ဦးလင်းမြိုင်၊ ဒေါ်သီသီတာ တို့အား IME Property Company Limited မှ ဒါရိုက်တာ ဒေါက်တာ စွမ်းထက်အောင် မှဆုချီးမြှင့်ပေးခဲ့ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)