ဟောင်ကောင်တွင် သတင်းစာ၌ မဟုတ်မမှန်ကြော်ငြာထည့်သည့် ဆောက်လုပ်ရေးကုမ္ပဏီအား
တရားရုံးက ဒဏ်ငွေ ဟောင်ကောင် ဒေါ်လာ ၂၀၀,၀၀၀
(မြန်မာငွေ ၃၅၆ သိန်းကျော်)ချမှတ်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Century Rise အမည်ရှိ ဆောက်လုပ်ရေးကုမ္ပဏီသည် ဆီးင်ထောင်နေ့စဉ်သတင်းစာ Sing Tao Daily ၏ မျက်နှာဖုံးစာမျက်နှာ
တွင် The Graces အိမ်ရာခန်းများအား ကြော်ငြာရာ၌ လိမ်လည်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါကြော်ငြာအရ The Graces ဇိမ်ခံလူနေခန်းများကို ၀ယ်ယူမည့် ပထမဆုံးဝယ်လက် ၅၀ ဦးကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည်ဟု ကြော်ငြာခဲ့ပြီး အမှန်တကယ်တွင် ကြော်ငြာခဲ့သည့်အတိုင်း ရောင်းချပေးခဲ့ခြင်းမရှိချေ။
Century Rise သည် ဟောင်ကောင်ရှိ တိုင်ပိုမြို့၏ Providence Bay အရပ်တွင်ရှိသော The Graces ဇိမ်ခံလူနေခန်းများကို စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၁၄၅၆၃ (မြန်မာငွေ ၂၄ ဒသမ ၆ သိန်းခန့်) ဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်း ဆီးင်ထောင်နေ့စဉ်၏ မျက်နှာဖုံးစာမျက်နှာအပါအ၀င် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်ထုတ် တရုတ်သတင်းစာ ၃ စောင်၏ အတွင်းစာမျက်နှာများတွင် ကြော်ငြာခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် ပထမဆုံးအခန်း ၅၀ ရောင်းချရာ၌ ကြော်ငြာရာတွင် ကတိပြုခဲ့သည့်အတိုင်း ရောင်းချပေးခဲ့ခြင်းမရှိဟု ဆိုသည်။
အဆိုပါပြစ်မှုမှာ ဟောင်ကောင်တွင် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ဟောင်ကောင်ဒေါ်လာ ၁ သန်းအထိ ချမှတ်နိုင်သည်။
တရားသူကြီးအားနက်စ်လင်ကမ်းဟောင်က ပြောကြားရာတွင်
ဟောင်ကောင်တွင် အိမ်ခြံမြေ developers တို့ ယခုကဲ့သို့ ပြုမူသည်ကို လက်မခံနိုင်ကြောင်း၊ နေအိမ်ဝယ်ယူခြင်းဟူသည်မှာ သာမာန်ပြည်သူများအတွက်အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း
ပြောကြားသည်။
ယခုကဲ့သို့ အပြုအမူမျိုးကို လူ့အဖွဲ့အစည်းက လက်မခံတော့ကြောင်း သတင်းစကားပါးနိုင်ရန်အတွက် ထိရောက်သည့် ဟန့်တားမှုပြုလုပ်နိုင်
ရန် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း လင်ကမ်းဟောင်က ပြောကြားသည်။
အဆိုပါ ဇိမ်ခံလူနေအိမ်ရာ The Graces ၏ ၀က်ဘ်ဆိုက်လိပ်စာမှာ http://www.thegraces.hk/en/#/home ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)