သီလဝါအထူးစီးပွားရေးဇုန်အတွင်း အဆင့်မြင့်အိမ်ရာ ဆောက်လုပ်အကောင်အထည်ဖော်ဖို့အတွက် အကျိုးတူစနစ်နဲ့ဆောက်လုပ်အကောင်အထည်ဖော်မယ့် ဆောက်လုပ်ရေးကုမ္မဏီတွေကိုလက်ခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုက အလုပ်သမားအိမ်ခန်းတွေဆောက်လုပ်ပြီးစီးထားတယ်၊ နောက်ထပ်လဲ အဆင့်မြင့်အိမ်ရာတွေကို စီမံကိန်းလျာထားတဲ့ မြေဧက ၈၀ ထဲမှာ ဆောက်လုပ်သွားမယ် လို့ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္မဏီ လီမိတက်က ဒါရိုက်တာ ဒေါက်တာ ဉာဏ်သစ်လှိုင် က ပြောပါတယ်။
ကွန်ဒိုမီနီယံတွေဆောက်လုပ် အကောင်အထည်ဖော်ဖို့ကိုတော့ မြေကိုးဧကသတ်မှတ်ထားပါတယ်။ စီမံကိန်းအတွင်းမှာ တခြားဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ဟိုတယ်၊ အလုပ်သမားအိမ်ရာ၊ ဈေးဝယ်စင်တာ၊ ဘဏ်အဆောက် အအုံနဲ့ ဓာတ်ဆီဆိုင်စတာတွေကို ဆောက်လုပ်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ လက်ရှိ အဆင့်မြင့်အိမ်ရာတွေကို အကျိုးတူဆောက်လုပ်အကောင် အထည်ဖော်မှာဖြစ်ပြီး ဆောက်လုပ်မယ့်မြေဧကပေါ်မူတည်ပြီး လုပ်ဆောင်ခွင့်ပေးမှာဖြစ်ပါတယ်။
အဆင့်မြင့် အိမ်ရာစီမံကိန်းကိုတော့ အခန်းပေါင်း ၆၀ဝ ဝန်းကျင်လောက်ရရှိနိုင်အောင် ရည်ရွယ်ထားပြီး အခုသတ်မှတ်ထားတဲ့ အမြင့်ပေ ၁၂ ထပ်ထက်မကျော်လွန်တဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခွင့်သာပေး မှာဖြစ်ပေမဲ့ ကွန်ဒိုဆောက်လုပ်မယ့် သူက တင်ပြတဲ့အထပ်နဲ့ အမြင့်ပေကို ပြန်လည်သုံးသပ်ညှိနှိုင်းပေးမှာဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်း အဆင့်မြင့်အိမ်ရာစီမံကိန်းကိုသီလဝါအထူးစီးပွားရေး ဇုန် အများပိုင်လီမိတက်က ၈၀ ရာခိုင်နှုန်းနဲ့ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ TSMC က ၂၀ ရာခိုင်နှုန်း အချိုးကျခွဲဝေထားပြီး ကော်မတီက အထူးစီးပွားရေးဇုန်အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စီမံဆောင်ရွက်တာဖြစ်ပါတယ်။
လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားတွေကတော့ လက်ရှိမှာ ကြယ်စင်အိမ်ရာဘက်တွေမှာ ကွန်ဒိုအငှားတွေနဲ့နေထိုင်ကြပြီး အလုပ်သမား တွေကတော့ နောက်ပိုင်းမှာလက်ရှိဆောက်ထား တဲ့ တစ်လ၂၅ ဒေါ်လာပေးရမယ့် အလုပ်သမားအိမ်ခန်းတွေမှာ နေထိုင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။
Credit: Kumudra