- မော်ရိုကိုနိုင်ငံ၊ တာဖာယာမြို့အရှေ့ဘက် စတုရန်းကီလိုမီတာ ၂၅၀၀ ခန့် ကျယ်ဝန်းသော မြေနေရာတွင် Global Oil Shale စွမ်းအင်ကုမ္ပဏီက ကန်ဒေါ်လာ၂၉၆ သန်းတန် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်
- ဒူဘိုင်းတွင် ကျင်းပလျက်ရှိသော Big 5 ဆောက်လုပ်ရေးလုပ်ငန်းပြပွဲသို့ ကမ္ဘာတစ်ဝန်းမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ပညာရှင်များ ၁၃၀၀၀ ကျော်တက်ရောက်ခဲ့သည်။
-ကမ္ဘာ့ထိပ်တန်း ဟိုတယ်လုပ်ငန်းအုပ်စုများတွင် တစ်ခုအပါအ၀င်ဖြစ်သော InterContinental Hotels Group (IHG) သည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အခန်း ၃၅၀ ပါ ဇိမ်ခံအပန်းဖြေစခန်း ဆောက်လုပ်မှုများ ရပ်နားထားရာမှ ပြန်လည်စတင်လျက်ရှိသည်။
- အီဂျစ်နိုင်ငံတွင် အီတလီ၊ တရုတ်လုပ်ငန်းရှင်များနှင့် လက်တွဲကာ ဖော့စ်ဖိတ်စက်ရုံတည်ဆောက်လျက်ရှိပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ရန် အီဂျစ်စစ်တပ်ပိုင် El Nasr ကုမ္ပဏီက
စီစဉ်လျက်ရှိသည်။
- အိုမန်နိုင်ငံ၏ အထူးစီးပွားရေးဇုန် (SEZ) ကို ရေလွှမ်းမိုးမှုဘေးမှ ကာကွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတည်ဆောက်ရန် ကန်ဒေါ်လာ ၁၉၇ သန်း သုံးစွဲမည်ဖြစ်ပြီး တူရကီဆောက်လုပ်ရေးကုမ္ပဏီ Serka Taahhut အား ရွေးချယ်ထားသည်။
- ဆော်ဒီအာရေးဘီးယားတွင် မက္ကာနှင့် မာဒီနာမြို့များကို ဆက်သွယ်ပေးသည့် မြန်နှုန်းမြင့်ရထားလမ်းကို စပိန်ကုမ္ပဏီများက အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၁၈ ခုနှစ်၊ မတ်လတွင် စတင်ဖွင့်လှစ်မည်။ ယင်းစီမံကိန်းအတွက် ကုန်ကျငွေမှာ ကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)