မလေးရှားနိုင်ငံ၏ နာမည်ကျော် အပန်းဖြေစခန်းဖြစ်သော လန်ကာဝီကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည့်အတွက် ၁၀ လခန့် ပိတ်ထားမည်ဖြစ်ကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အပန်းဖြေစခန်း ယာယီပိတ်ပင်မှုကို လာမည့် ၂၀၁၇ ခုနှစ်၊
စက်တင်ဘာလ ၄ ရက်တွင် စတင်မည်ဖြစ်သည်ဟု ဆိုသည်။
လန်ကာဝီ၏ စီမံခန့်ခွဲမှုကုမ္ပဏီဖြစ်သော Themed Attractions Resorts & Hotels က ထုတ်ပြန်ရာတွင် ပြန်လည်မွမ်းမံမှုအတွက် ဒီဒီယာ လီဖော့ဗိသုကာကုမ္ပဏီမှ အတွင်းမွမ်းမံမှုဒီဇိုင်နာ ဒီဒီယာ လီဖော့ကို တာဝန်ပေးထားကြောင်း ထုတ်ပြန်သည်။
Themed Attractions Resorts & Hotels ကုမ္ပဏီသည် အပန်းဖြေစခန်းများတည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်းများပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည်။
ပြန်လည်မွမ်းမံမှုလုပ်ငန်းများတွင် ဧည်သည့်တည်းခိုဆောင်များ၊ လုံးချင်းအိမ်ရာများ ပြန်လည်မွမ်းမံခြင်း၊ သဘာဝစင်တာတစ်ခု ဆောက်လုပ်ခြင်း၊ အားကစားနှင့် အလှပြင်ခန်းမများ ဖြည့်စွက်ခြင်း၊ လက်လီအရောင်းဆိုင်နေရာများ မွမ်းမံပြင်ဆင်ခြင်း၊ ကမ်းခြေတွင် အားကစားနှင့် အလှပြင်ခန်းမတစ်ခု ဆောက်လုပ်ခြင်း၊ စခန်းတစ်ခုလုံး မြေယာအလှပြုပြင်ခြင်းတို့ ပါဝင်သည်။
လီဖော့သည် ပြုပြင်မွမ်းမံသည့် စီမံကိန်းတစ်ခုလုံးကို ကွပ်ကဲမည်ဖြစ်ပြီး အပန်းဖြေစခန်းတစ်ခုလုံး၏ ဒီဇိုင်းမူပုံစံကို ကြီးကြပ်သွားမည် ဖြစ်သည်။
အပြည့်အ၀ ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ အပန်းဖြေစခန်း ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အပြီးသတ်မွမ်းမံပြင်ဆင်နိုင်မည်ဟု မျှော်မှန်းထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)