ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထုတ်လုပ်ရေးဦးစီးဌာန ၊ cတိုက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ဂေါက်ကွင်း ၊ ဟိုတယ် နဲ့ အပန်းဖြေစခန်းနေရာမှာ ဟိုတယ်နဲ့အပန်းဖြေးစခန်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံသားပုဂ္ဂလိ
ကလုပ်ငန်းရှင်တွေကို တင်ဒါခေါ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသိရပါတယ်။
‘ လုပ်ငန်းလုပ်ကိုင်ဖို့ လာတင်မယ့် အဆိုပြုလွှာတွေကို ၂၀၁၇ခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့ နောက်ဆုံးထားလက်ခံပေးမယ် ၊ တင်ဒါနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရုံးချိန်အတွင်းလာရောက်ပေးနိုင်တယ် ' လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကသိရပါတယ်။
တင်ဒါပုံစံနဲ့ စည်ကမ်းချက်တွေကို ဗိုလ်တထောင်မြို့နယ်ကုန်သည်လမ်းအမှတ် ၃၉၉ ကုန်ထုန်လုပ်ရေးဌာန
၁၂ ထပ်ခွဲရုံး ၁၁လွှာမှာ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားဝယ်ယူနိုင်တယ်။
စီမံကိန်း ကိုတော့ ပြည်တွင်းက နိုင်ငံသာလုပ်ငန်းရှင်တွေကိုသာဆောက်လုပ်
အကောင်းအထည်ဖော် ခွင့်ပြူသွားမှာ ဖြစ်ပါတယ်။လုပ်ငန်းတွေကိုတော့ တင်ဒါစနစ်နဲ့ အငှါးချဆောင်ရွက်ဖို့ တင်ဒါခေါ်ယူထားတာဖြစ်ပါတယ်။
Credit: The Modern