အထပ်မြင့်တိုက်တွေကို ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ခိုင်းတဲ့ ကိစ္စကို ပြန်လည်ပြင်ဆင်သွားမှာဖြစ်ပြီး လမ်းအလိုက်တပ်ဆင်ရမယ့် နေရာတွေကို စည်ပင်က နေရာစီစဉ်ပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
‘လေးခန်းနဲ့ အထပ်တိုက်တွေကို တပ်ရမယ့်ကိစ္စကတော့ ပြန်လည်တင်ပြထားပါတယ်။ အခုကတော့ တစ် လမ်းလုံးကို တစ်လုံး နှစ်လုံး ဌာနက တာဝန်ယူပြီး ထိုင်မယ်၊ အဲ့ဒီကုန်ကျစရိတ်ကို ကန်ထရိုက်တွေက စု ပေါင်းပြီး ပေးရမယ့် သဘောဖြစ်နိုင်တယ်။’ လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန(အဆောက်အအုံက) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မီတာတပ်ဆင်ဖို့အတွက် ကုန်ကျစရိတ်ကို တွက်ချက်ခိုင်းတာတွေ ပြုလုပ်ခိုင်းထားပြီး တစ် လမ်းလုံးမှာ တစ်လုံးနှစ်လုံး သုံးတဲ့ပမာဏကို ကြည့်ပြီး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိရန်ကုန်မြို့မှာ ထ ရန်စဖော်မာပေါင်း ၁၁,၆၀၀ လုံးရှိပြီး ၃၇၉လုံးကတော့ ဝန်ပိုဖြစ်ပြီး ဘရိတ်ဒေါင်းနေလို့ ပြုပြင်နေရပါတယ်။ အစက သတ်မှတ်ထားတဲ့ လေးခန်းတွဲ အထပ်တိုက်တွေကို ကိုယ်ပိုင်ထရန်စဖော်မာ ထိုင်ခိုင်းရင် လက်ရှိ ဌာနမှာ ပါမစ်တင်ထားတဲ့ အိမ်အလုံးပေါင်း ၂၈၀၀ ရှိပါတယ်။ ကိုယ်ပိုင် ကန်ထရိုက် အိမ်ပေါင်း ၂၀ ရာခိုင် နှုန်းနှုတ်လိုက်ရင်တောင် ထရန်စဖော်မာပေါင်း ၂၂၀၀ လောက် ထပ်ထိုင်ရမယ့် အခြေအနေတွေဖြစ်နေလို့ လက်ရှိမှာ ပြန်လည်ညှိနှုန်းတင်ပြထားတာဖြစ်ပါတယ်။
ထရန်စဖော်မာတွေရဲ့ ကုန်ကျစရိတ်တွေကတော့ တစ်လုံးကို သိန်း ၂၀၀ ဝန်းကျင်လောက် ကုန်ကျလို့ ထ ရန်စဖော်မာတွေ ထပ်တိုးတပ်ဆင်ရမယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ အခန်းဈေးနှုန်းတွေထက် မြင့်မားလာ နိုင်တာကြောင့် ကန်ထရိုက်တိုက်ခန်း ဈေးကွက် ပိုမိုကျဆင်းလာနိုင်ပါတယ်။ ကန်ထရိုက်ဈေးကွက်က လက် ရှိမှာ နေရာတိုင်းလိုလို အဝယ်နည်းပါးနေလို့ သည်လိုအစိုးရက ပြောင်းလဲတဲ့ မူဝါဒအသစ်တွေကို လိုက်နာ ဆောင်ရွက်ဖို့ အားလျော့နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
Credit:The Modern