ခွင့်ပြုပုံစံထက်ကျော်လွန်ပြီး ဆောက်လုပ်ထားတာ၊ ခွင့်ပြုမိန့်မရရှိမီ ကြိုတင်ဆောက်လုပ်ထားတာတွေကို မန္တလေးမြို့တော် စည်ပင်သာယာဧရိယာအတွင်း လာမယ့် ဇန်နဝါရီလကစပြီး ဒဏ်ကြေးတိုးမြှင့်မှာ ဖြစ်ပါ တယ်။
အဆောက်အအုံနှင့် ကုန်ရုံဌာနရဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ မကိုက်ညီဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အ အုံတွေကို ဇန်နဝါရီလ ၁ရက်ကစပြီး ဒဏ်ကြေးတိုးမြှင့်မှာပါ။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ‘ဒဏ် ကြေးက နည်းတယ်ဆိုတော့ ခွင့်ပြုချက်မတင်ဘဲ ဆောက်တာတွေရှိတယ်၊ အဲ့ဒါကြောင့် ဒဏ်ကြေး တိုးမြှင့် လိုက်တာ’ လို့ ပြောပါတယ်။
ခွင့်ပြုမိန့်ထက်ကျော်လွန်ပြီး ဆောက်တဲ့ အာရ်စီအဆောက်အအုံအတွက် ဒဏ်ကြေးကို အရင်က တစ်စတု ရန်းပေကို ကျပ် ၂၀၀ သတ်မှတ်ထားပြီး အခုကျပ် ၁၅,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ နံကပ်အဆောက် အအုံတစ်ခုကို အရင်က တစ်စတုရန်းပေကို ကျပ် ၁၅၀ ဒဏ်ကြေးသတ်မှတ်ထားပြီး အခုကျပ် ၁၀,၀၀၀ ပေးဆောင်ရမှာပါ။
အဆောက်အအုံဆောက်လုပ်ခွင့်တွေ တင်တဲ့အခါ တင်ပြရတဲ့ အချက်အလက်တွေ များပြားတာ၊ အချိန် ကြန့်ကြာတာတွေကြောင့် အချို့က ဆောက်လုပ်ခွင့်မတင်တာတွေရှိတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
သူက ‘မလိုအပ်ဘဲ တောင်းခံတာတွေ ဖြေလျော့ပေးစေချင်တယ်၊ တချို့ပြည်သူတွေက စည်ပင်လုပ်ငန်းစဉ် တွေနဲ့ ပတ်သတ်ပြီး၊ နားမလည်ဘူး၊ မလုပ်တတ်ဘူး၊ အဲဒီတော့ သူတို့က ဆောက်လုပ်ခွင့်ကို ပွဲစားတွေနဲ့ တင်ခိုင်းနေရတယ်’ လို့ ဆိုပါတယ်။
Credit: The Modern