တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူတွေအနေနဲ့ အိမ်ခန်းပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရင် ပေးသွင်း ထားတဲ့ အခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို နှုတ်ယူပြီး အခန်းဝယ်ယူခွင့် ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
‘အခန်း ဝယ်ယူခွင့်ရရှိသူတွေထဲက စည်းကမ်းချက်နဲ့ ကိုက်ညီတာမရှိရင် အခန်းဝယ်ယူခွင့် ပိတ်သိမ်းမယ်၊ ဒဏ်ကြေးလဲ သတ်မှတ်သွားမယ်’ လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
အိမ်ရာဝယ်ယူခွင့် လျှောက်ထားသူကို မြန်မာနိုင်ငံသားသာ ခွင့်ပြုပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ ပူးတွဲ တင်ပြရပါမယ်။ အသက် ၂၅ပြည့်ပြီးသူ ဖြစ်ရပါမယ်။ လျှောက်ထားသူက သန်းခေါင်စာရင်း မိတ္တူ တင်ပြရမှာဖြစ်ပြီး အိမ်ထောင်ဦးစီး သို့မဟုတ် မိသားစုဝင် တစ်ဦးသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
တိုက်ခန်းလျှောက်ထားသူက အိမ်ပိုင်မရှိသူ ဖြစ်ရမှာဖြစ်ပြီး အိမ်ပိုင်မရှိကြောင်း ကိုယ်တိုင်ကတိ ဝန်ခံချက် တင်ပြရမှာ ဖြစ်ပါတယ်။ အခန်းလျှောက်ထားရာမှာ အိမ်ပိုင်ရှိသူ၊ အခန်းရှိသူတွေကို စစ်ဆေးတွေ့ရှိရင် ဝယ် ယူခွင့်ပိတ်သိမ်းပြီး ပေးသွင်းထားတဲ့အခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် နှုတ်ယူမှာ ဖြစ်ပါတယ်။ တိုက်ခန်းလျှောက်ထားသူက မိမိနေထိုင်တဲ့ ပြည်နယ်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ အိမ်ရာစီမံကိန်းတွေ ထဲ က အခန်းတစ်ခန်းကို လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။
ဝင်ငွေနည်းပြည်သူတွေကို ဦးစားပေးရောင်းချသွားမှာဖြစ်လို့ နိုင်ငံဝန်ထမ်းဖြစ်ရင် လုပ်သက် ငါးနှစ်၊ ကုမ္ပဏီ ဝန်ထမ်းဖြစ်ရင်လည်း အနည်းဆုံး လုပ်သက် ငါးနှစ်ရှိရပါမယ်။ နိုင်ငံ့ဝန်ထမ်းဖြစ်ရင်တော့ သက်ဆိုင်ရာ အ ကြီးအကဲရဲ့ ထောက်ခံချက်၊ ဝန်ထမ်းစစ်ဆေးရေးကတ်မိတ္တူ၊ ပါရှိရပါမယ်။
ကုမ္ပဏီဝန်ထမ်းဖြစ်ရင်တော့ သက်ဆိုင်ရာအကြီးအကဲရဲ့ ထောက်ခံချက်နဲ့ ဝန်ထမ်းစစ်ဆေးရေးကတ်မိတ္တူ ပါရပါမယ်။ ပင်စင်စားဖြစ်ရင်တော့ လက်ရှိပင်စင်ထုတ်ယူနေတဲ့ ပင်စင်စာအုပ် မိတ္တူ သို့မဟုတ် အီးပင်စင် ကတ် လိုအပ်ပါတယ်။
ဝင်ငွေနည်းပြည်သူနဲ့ တခြားကဖြစ်ရင်တော့ ဝင်ငွေရရှိကြောင်း အထောက်အထား သို့မဟုတ် လုပ်ငန်းလုပ် ကိုင်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် လိုအပ်ပါတယ်။ အခန်းဝယ်ယူသူက တစ်လ ဝင် ငွေ သုံးသိန်းကနေ ငါးသိန်းအတွင်း ရရှိသူဖြစ်ရပါမယ်။ တိုက်ခန်း ဝယ်ယူခွင့် ရရှိသူက အခန်းကို ငါးနှစ်အ တွင်း လွှဲပြောင်းရောင်းချလို့မရပါဘူး။ လွှဲပြောင်းရောင်းချချင်ရင်တော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့သာ ပြန်လည်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
Credit: The Modern