မန္တလေးတွင် လုပ်ငန်းမလုပ်သော မြေယာများ ပြန်သိမ်းမည်

မန္တလေးတွင် လုပ်ငန်းမလုပ်သော မြေယာများ ပြန်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
25 Nov 2016 10:02 am တွင် တင်ခဲ့သည်
1111 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာမြေ အခြား နည်းအသုံးပြုခွင့် လျှောက်ထားရ ယူပြီး ခြောက်လအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော မြေကွက် များကို ပြန်လည်သိမ်းယူမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်း ကုန်ခါနီးတွင် စီးပွားရေးလုပ်ငန်း ရှင်များက လယ်ယာမြေများ ဝယ် ယူကာ ၂၀၁၂ လယ်ယာမြေဥပ ဒေအရ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် (လန-၃၀)လျှောက် ထားရယူခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး အတွင်း မြေဧက ၈,၀၀၀ ခန့် တွင် မြေဧက ၄,၀၀၀ ခန့်သည် မည် သည့်လုပ်ငန်းမျှ လုပ်ကိုင်ခြင်း မရှိသည်ကို စိစစ်တွေ့ရသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။

‘‘လယ်ယာမြေတခြားနည်း အသုံးပြုခွင့် လျှောက်ထားပြီး တော့ တော်တော်များများက ဘာ မှ မသုံးဘူး။ ကျွန်တော်တို့ ပြန်စိ စစ်နေပါတယ်။ ငါးလပိုင်းလဆန်းကတည်းက ကွင်းဆင်းစစ်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းမလုပ်တဲ့ မြေတွေကို မကြာခင်မှာ တခြားနည်း အသုံးပြုခွင့်တွေ ပြန်သိမ်းမှာဖြစ် ပါတယ်’’ဟု ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။

၂၀၁၂ လယ်ယာမြေဥပဒေ အရ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထားပြီး ခြောက်လအတွင်း ဥပဒေအရ သတ်မှတ်သည့် လုပ်ငန်းများ လုပ်ကိုင်ရမည်ဟု ပြဋ္ဌာန်းထား ကာ လုပ်ငန်းမလုပ်ကိုင်သည့် မြေ ယာများကို အခြားနည်းအသုံးပြု ခွင့်ပယ်ဖျက်ကာ စိုက်ပျိုးမြေ အဖြစ်သာ ပြန်လည်သတ်မှတ် မည်ဖြစ်ကြောင်း ၎င်းကပြော သည်။ အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့က အကျိုးအမြတ်ရရန် ရည်ရွယ်ကာ လယ်ယာမြေများအား ဝယ်ယူစု ဆောင်းပြီး အခြားနည်းအသုံးပြု ခွင့် လျှောက်ထားရယူကြကြောင်း မြေယာကို အဆင့်ဆင့် လက်လွှဲ ရောင်းချခြင်းများကြောင့် မြေဈေး များ မြင့်တက်နေသကဲ့သို့ စီးပွားရေးသမားများက မြေယာများ ဝယ်ယူ စုဆောင်းထား၍ တောင် သူလယ်သမားများ မြေယာပိုင် ဆိုင်မှု နည်းပါးသွားပြီး စိုက်ပျိုးရေး လုပ်ငန်းအပေါ် ထိခိုက်မှုများရှိ နေကြောင်း တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးမင်းမင်းနီက မန္တ လေးတိုင်းဒေသကြီး လွှတ်တော် တွင် ပြောသည်။

လယ်ယာမြေအခြားနည်း အသုံးပြုလျှောက်ထားပြီး သတ် မှတ်ချက်အတိုင်း လုပ်ငန်းမလုပ် ကိုင်သူများကို ခွင့်ပြုချက် ပြန် လည် ရုပ်သိမ်းမည်ဖြစ်သကဲ့သို့ ဒဏ်ငွေ ချမှတ်အရေးယူမည်ဟု ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
CarsDB
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service