တန်ဖိုးနည်းအိမ်ရာ ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်

တန်ဖိုးနည်းအိမ်ရာ ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမည် - Property News in Myanmar from iMyanmarHouse.com
25 Nov 2016 9:56 am တွင် တင်ခဲ့သည်
1879 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်မှာ ၃၀ ရာခိုင်နှုန်း ငွေ ပေးသွင်းပြီး ဝယ်ယူခွင့်ပြည့်မီသူတွေကိုသာ ရောင်းချသွားမှာ ဖြစ်ပြီး ဝယ်ယူခွင့်လျှောက်လွှာတွေကို ပုံစံ လေးမျိုးခွဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။
‘ဘဏ်မှာ စုဆောင်းငွေ ရှိသူတွေကိုပဲ ရောင်းချသွားမယ်၊ အခုကတော့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ပေးပို့တဲ့ အခန်းဝယ်ယူဖို့ စုဆောင်းငွေနဲ့ လစဉ်ပေးဆပ်နိုင်စွမ်းရှိတဲ့ ပြည်သူတွေကို ရောင်းချသွား မှာ’လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လျှောက်လွှာတွေကိုတော့ ညွှန်ကြားရေးမှူးချုပ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးအမှတ် ၄၀ နေပြည် တော်ကို လိပ်မူပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်ချုပ် လမ်းမပေါ်မှာ တည်ရှိတဲ့ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲနဲ့ နေပြည်တော်ရုံးအမှတ် ၄၀ မှာ ဝယ်ယူနိုင်ပါတယ်။ လျှောက်လွှာပုံစံတွေကိုတော့ အစိုးရအမှုထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်း၊ ပြည်သူစတဲ့ ပုံစံလေးမျိုးခွဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကိုတော့ လာမယ့် နိုဝင်ဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဝယ်ယူနိုင် မှာဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိမ် ခန်းဝယ်ယူဖို့ စုဆောင်းငွေနဲ့ ဝင်ငွေပြည့်မီသူ ၁၃၁၁ ဦးရှိပြီဖြစ်ပြီး ဌာနပိုင် အခန်း ၆၀၀ကျော်ကို ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

အခန်းဝယ်ယူခွင့် ရရှိသူတွေအနေနဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ သွားရောက်ကြည့်ရှု နိုင် သလို ဘဏ်ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်တဲ့ Construction and Housing Development Bank မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အခန်းတွေကတော့ လှိုင်သာယာမြို့နယ် နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ ရွှေလင်ပန်းအိမ်ရာ၊ ကနောင်အိမ်ရာ၊ ယုဇနအိမ်ရာတွေကို ရောင်းချတာဖြစ်ပါတယ်။ အခန်းတွေကိုတော့ ဝယ်ယူခွင့်ရရှိသူက သတ်မှတ်ထားတဲ့ အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးတာနဲ့ အခန်းတွေကို နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

အခန်းတန်ဖိုးတွေကတော့ ကျပ် သိန်း ၁၂၀ ဝန်းကျင်အခန်းတွေဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ရှစ်နှစ်အရစ်ကျဆပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဝယ်ယူခွင့်ရရှိတဲ့ လူစာရင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ရက်နေ့က နောက်ဆုံးထား စာရင်းပြုစုထား တာဖြစ်လို့ နောက်ပိုင်းမှ ငွေလာရောက်ပေးသွင်းသူတွေကိုတော့ နောက်ပိုင်းဆောက်လုပ်မယ့် အိမ်ရာတွေ မှာသာ ဝယ်ယူခွင့်ပြုသွားမှာဖြစ်ပါတယ်။

Credit:The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

imyanmarmarket
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service