ယခုလကုန်ပိုင်းတွင် မြို့ကြီးသုံးမြို့၏ မြို့ပြစီမံကိန်း ၂၀၄၀ ကို ထုတ်ပြန်သွားဖွယ်ရှိ

ယခုလကုန်ပိုင်းတွင် မြို့ကြီးသုံးမြို့၏ မြို့ပြစီမံကိန်း ၂၀၄၀ ကို ထုတ်ပြန်သွားဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
25 Nov 2016 9:49 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပူးပေါင်း ရေးဆွဲထား သည့် မြန်မာနိုင်ငံရှိ
မြို့ကြီး သုံးမြို့၏ မဟာဗျုဟာ မြို့ပြဖွံဖြိုးတိုးတက်မှုစီမံကိန်း ၂၀၄၀ ကို နိုဝင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါမြို့ကြီး သုံးမြိုမှာ မန္တလေး၊ ပုသိမ်၊ မော်လမြိုင် တို့ဖြစ်သည်။ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ်ကတည်းက အဆိုပါမြိုကြီးများ ဖွံဖြိုး တိုးတက်ရေးအတွက် မဟာဗျူဟာ မြို့ပြဖွံဖြိုးတိုးတက်မှု စီမံကိန်း ၂၀၄၀ ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေးဆွဲခဲ့သည့်စီမံကိန်း ကို အခြေခံကာ ယခုနှစ်တွင် JICA နှင့် ပူးပေါင်းကာ အသစ်ပြန်လည်ရေး ဆွဲခဲ့ခြင်း ဖြစ်ကြောင်း ယင်းကဆိုသည်။

စီမံကိန်း အကောင်အထည်ဖော်ရာတွင် မန္တလေးမြို့ကို မဟာဗျူဟာစီမံကိန်း ဆောင်ရွက်ရာ၌ မြို့ပြအမွေအနှစ် နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း စီးပွားရေးမြို့တော် တစ်ခုအဖြစ် ဆောင်ရွက်ရမည်ဖြစ် သည်။ မော်လမြိုင်မြို့ အား အာဆီယံ တံခါးပေါက်မြို့တော် အဖြစ်နှင့် ပုသိမ်မြို့ကို
ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဒေသ၏ ဗဟိုမြို့တော်အဖြစ် ဖော်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

စီမံကိန်းရေးဆွဲပြီးစီးပါက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရသို့ လွဲပြောင်းပေးသွားမည် ဖြစ်သည်။ လွဲပြောင်းပေးပြီးသည့်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက မဟာဗျူဟာ လမ်းညွန်ချက်အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ၂၀၄၀ ခုနှစ်ပြည့်သည်အထိ သတ်မှတ်ထားသည့် မြို့ကြီး သုံးမြို့တွင် နှစ်ရှည် လုပ်ဆောင်သွားမည် ဖြစ်သည်။

လက်ရှိတွင် အဆိုပါမြို့ သုံးမြို့အတွက် မဟာဗျူဟာ စီမံကိန်းကို ပြန်လည် သုံးသပ်ခြင်း နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ယခုလကုန်အတွင်း အပြီးသတ် စီမံကိန်းအစီစဉ် ထွက်ပေါ်လာမည် ဖြစ်သည်။ စီမံကိန်းထွက်ရှိလာသည့်နှင့် စီမံကိန်းအကြောင်း အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

Maha Nadi Condominium
Villa Shukhinthar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service