ရှန်ဟိုင်းကြိုပွိုင့်အိမ်ဈေးကွက် တစ်ဟုန်ထိုးကျဆင်း

ရှန်ဟိုင်းကြိုပွိုင့်အိမ်ဈေးကွက် တစ်ဟုန်ထိုးကျဆင်း - Property News in Myanmar from iMyanmarHouse.com
25 Nov 2016 9:29 am တွင် တင်ခဲ့သည်
879 ကြိမ် ကြည့်ရှု့ပြီး
ရှန်ဟိုင်းကြိုပွိုင့်အိမ်ဈေးကွက်တွင် ပြီးခဲ့သည့်အောက်တိုဘာလက ရောင်းအားများ တစ်
ဟုန်ထိုးကျဆင်းခဲ့သည်။ အိမ်ခြံမြေဈေးကစားမှုများအားဟန့်တားရန် အစိုးရ၏စည်းမျဉ်းတင်းကျပ်မှုများက ထိရောက်ခဲ့သဖြင့် ၀ယ်လက်များအနေဖြင့် စောင့်ကြည့်မူဝါဒကို
လက်ကိုင်ထားခဲ့ကြခြင်းကြောင့်ဖြစ်သည်။

ရှန်ဟိုင်းတွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ကြိုပွိုင့်အိမ် ၂၂,၅၆၆ ခန်းခန့် ရောင်းထွက်ခဲ့ပြီး စက်တင်ဘာလအောက် ၃၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရှန်ဟိုင်း
အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co ကထုတ်ပြန်ခဲ့သည်။

"အစိုးရရဲ့ယခုနောက်ဆုံးစီမံချက်တွေကြောင့် အောက်တိုဘာလက ဈေးကွက်ဝယ်လိုအားအဟုန် တမုဟုတ်ချင်းထိုးကျခဲ့ပြီး အထူးသဖြင့် အိမ်ဝယ်ဖို့စိတ်ဝင်စားနေသူတွေရဲ့
အဲ့အတောအတွင်း ၀ယ်ယူလိုစိတ်ကို ပြောင်းလဲစေခဲ့ပါတယ်" ဟု Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ရှန်ဟိုင်းအစိုးရက မြေယာရောင်းလိုအားတိုး
မြှင့်ခြင်းနှင့် မြေယာဝယ်ယူသည့် ငွေအရင်းအမြစ်များအား ကြီးကြပ်မှုပိုမိုတင်းကျပ်ခြင်း
တို့အပါအ၀င် စည်းမျဉ်းတင်းကျပ်မှုများစွာကို ပြုလုပ်၊ ချပြခဲ့သည်။

ဈေးကစားရန် အိမ်
ခြံမြေ၀ယ်ယူမှုများကို ထိန်းချုပ်ဟန့်တားရန် ရှန်ဟိုင်းအစိုးရက ယခုနှစ်အတွင်း ပြုလုပ်
ခဲ့သည့်စီမံချက်များအနက် ဒုတိယအကြီးဆုံးစီမံချက်ဖြစ်သည်။
ဈေးနှုန်းအားဖြင့် ကြိုပွိုင့်အိမ်များအား ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၃၆,၂၇၆ ယွမ်(အမေရိကန်ဒေါ်လာ၅,၂၅၀) ဖြင့် အောက်တိုဘာအတွင်း ရောင်းချခဲ့ရပြီး စက်တင်ဘာကထက် ၁၃ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ထို့ကြောင့် ယခုနှစ်အတွင်း
တစ်လထက်တစ်လဈေးမြင့်တက်မှုနှုန်းအမြင့်ဆုံးလ ဖြစ်ခဲ့သည်။ ယင်းသို့ ဆယ်ဂဏန်းမြင့်တက်ရခြင်းသည် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အရွေ့အပြာင်းကြောင့်
ဖြစ်ကြောင်း Centaline က သုတေသနပြုထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းကြိုပွိုင့်အိမ်ဈေးကွက်သည် မတ်လက ၅၆,၆၃၄ ခန်း ရောင်းချခဲ့ရပြီး ယခုနှစ်အတွင်း အထွတ်အထိပ်ရောက်ခဲ့သည်။ အစိုးရ၏ ဈေးကွက်ထိန်းချုပ်ရေးစီမံချက်များ
မတိုင်မီ ၀ယ်လက်များက လက်ဦးမှုရယူကာ ကသိုက်ကရိုက်ဝယ်ယူခဲ့ကြသည့် ကာ
လဖြစ်ခဲ့သည်။

မတ်လ ၂၅ ရက်တွင် ရှန်ဟိုင်းအစိုးရက ဒုတိယအကြိမ်အိမ်ဝယ်ယူသူများလက်ငင်းပေးချေရမည့်
ငွေပမာဏတိုးမြှင့်ခြင်းနှင့် နိုင်ငံခြားသားဝယ်လက်များအား အိမ်ဝယ်ယူမှုစည်းကမ်းတင်းကျပ်ခြင်းတို့အပါအ၀င်
စည်းမျဉ်းတင်းကျပ်မှုများကိုထုတ်ပြန်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေး

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

imyanmarmarket
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service