ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် (၉၄) ရပ်ကွက်နှင့် စစ်တောင်းရိပ်မွန် (၉၂)ရပ်ကွက် မြေကွက်ပေါ်၌ ဆောက် လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်ကြီးကြပ် မှုဖြင့် ဆောက်လုပ်ပြီးစီးသည့် ယုဇနအပိုင်း(၁) တန်ဖိုးနည်း အိမ်ရာ အဆောက် အအုံသည် ရှစ်ခန်းတွဲ လေးထပ်ဖြင့် ၅၂၂ စတုရန်းပေ အကျယ်ရှိ အခန်းပေါင်း ၂၁၆ ခန်းနှင့် ၄၈၄ စတုရန်းပေအကျယ်ရှိ အခန်းပေါင်း ၃၆ဝ အမျိုးအစားနှင့် ခြောက်ခန်းတွဲ လေးထပ်မြင့် ၄၆၈ စတုရန်းပေအကျယ်ရှိ အခန်းပေါင်း ၂၈၈ ခန်းပါ အဆောက် အအုံအမျိုးအစားလည်း ပါရှိသည်။
အဆိုပါယုဇနအပိုင်း (၁) တန်ဖိုး နည်းအိမ်ရာ၏ တိုက်ခန်းစုစုပေါင်း ၈၆၄ ခန်းရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အဆောက်အအုံအထပ်အနိမ့်၊ အမြင့်နှင့် အကျယ်အဝန်းအမျိုးအစားပေါ်မူတည် ၍ တိုက်ခန်း၏ ဈေးနှုန်းကို အမျိုးမျိုးခွဲခြား သတ်မှတ်ထားပြီး ရက် ၁ဝဝ အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အခြေခံလူတန်းစား ပြည်သူများ အိုးပိုင်အိမ်ပိုင်နေထိုင်နိုင်ရေးအတွက် ယုဇန အပိုင်း (၁) တန်ဖိုးနည်းအိမ်ရာ တိုက်ခန်း၏ သတ်မှတ်ထားသော စည်း မျဉ်း စည်းကမ်း၊အချက်အလက်အကြောင်း အရာများ အသေးစိတ် ဝယ်ယူသိရှိ လိုပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် C.H.D.B Bank နှင့် ဆက် သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရ သည်။
Credit: MOI Webportal Myanmar