သီလ၀ါဇုန်တွင် ကွန်ဒိုဆောက်လုပ်လိုသူများကို အကျိုးတူစနစ်ဖြင့် ဆောက်လုပ်ခွင့်ပြုမည်

သီလ၀ါဇုန်တွင် ကွန်ဒိုဆောက်လုပ်လိုသူများကို အကျိုးတူစနစ်ဖြင့် ဆောက်လုပ်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
24 Nov 2016 11:09 am တွင် တင်ခဲ့သည်
1255 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(က)၏ ကပ်လျက်၊ Residential Zone အတွင်း ကွန်ဒို
မီနီယံအဆောက်အအုံများ ဆောက်လုပ်ရန် အတွက် မြေနေရာ သတ်မှတ်ပြီးဖြစ်ရာ လုပ်ငန်းရှင်များ
လာရောက်ဆက်သွယ်လျှင် အကျိုးတူစနစ်ဖြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြု
သွားမည်ဖြစ်ကြောင်း မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီလီမိတက်မှ
ဒါရိုက်တာ ဒေါက်တာဉာဏ်သစ်လှိုင်က နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

Residential Zone အဖြစ် မြေအကျယ် အ၀န်း ဧက ၈၀ သတ်မှတ်ထားပြီး ဟိုတယ်များ၊
အလုပ်သမား အိပ်ဆောင်များ၊ ဓာတ်ဆီ ဆိုင်များ၊ ဈေးဝယ်စင်တာများနှင့် ဘဏ်လုပ်ငန်း
လုပ်ကိုင်နိုင်သည့် အဆောက်အအုံ များကိုပါ ထည့်သွင်းဆောက်လုပ်ထားရန် လျာထားပြီး
ကွန်ဒိုမီနီယံများ ဆောက်လုပ် ရန်အတွက် မြေဧကအကျယ်အ၀န်းကို ကိုးဧကအဖြစ်
သတ်မှတ်ထားကြောင်း သိရသည်။

"မြေကို တန်ဖိုးတစ်ခု သတ်မှတ်ပြီး ကျွန်တော်တို့နဲ့ အကျိုးတူလုပ်ချင်တဲ့ လူတွေရှိရင် ဖိတ်ခေါ်ပါမယ်။
ကိုးဧကစလုံးဖြစ်ဖြစ် တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ အပိုင်းလိုက်ပဲ ဖြစ်ဖြစ် လုပ်ချင်ရင်လည်း ခွင့်ပြုပါတယ်။
ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုနည်းလမ်း နဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိ ပါတယ်။

JV လုပ်မယ်ဆိုပေမဲ့ အပြင်ကလို အခန်းပေးအခန်းယူ လုပ်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့ ခွဲတမ်း ရမယ့် အခန်းကို နောက်ပိုင်းမှာ Developer တွေဘက်က ဘယ်လောက်နဲ့
ရောင်းမလဲ ဆိုပြီး ဖြစ်လာတတ်လို့ပါ။ ကျွန်တော်တို့ လိုချင်တာကတော့ Joint venture လုပ်ပြီးရင်
အတူတူရမယ့် ရာခိုင်နှုန်းအလိုက် လက်တွဲလုပ်ချင်တာပါ။ လုပ်ချင်တယ် ဆိုရင် လာပြီးဆွေးနွေးလို့
ရပါတယ်၊ ဖိတ်ခေါ်ပါတယ်"ဟု ၎င်းက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် လာရောက်လုပ်ကိုင်နေသည့် ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊
အလုပ်သမားများ နေထိုင် သွားလာရေး အဆင်ပြေစေရန်နှင့် ဟိုတယ် များ၊ ဓာတ်ဆီဆိုင်များ၊
ဘဏ်များနှင့် ကွန်ဒို မီနီယံ ကဲ့သို့သော အဆောက်အအုံများ၊ ၀န်ဆောင်မှုလုပ်ငန်းများတွင်
ရင်းနှီးမြှုပ်နှံ လိုသူများကို ယင်း Residential Zone အတွင်း ၌ တင်ဒါစနစ်ဖြင့်သော်လည်းကောင်း၊
အကျိုးတူစနစ်ဖြင့်သော်လည်းကောင်း လုပ်ကိုင်ခွင့်ပြုနေဆဲဖြစ်သည်။ ဟိုတယ်နှင့် ဓာတ်ဆီဆိုင်များ
အတွက် မကြာမီ တင်ဒါဖွင့် ဖောက် ရွေးချယ်ပေးသွားမည်ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းဖြစ်သည့် Zone A ကို ဟက်တာ ၄၀၀ ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ လည်ပတ်လျက်ရှိ သည့်
စက်ရုံပေါင်း ၂၀ နှင့် ဆောက်လုပ်ဆဲ စက်ရုံပေါင်း ၄၀ ကျော်ရှိနေပြီး လာမည့်နှစ် နိုဝင်ဘာလခန့်တွင်
လုပ်ငန်းများ အပြည့် အ၀လည်ပတ်နိုင်ရန် ခန့်မှန်းထားသည်။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း
၆၈ ခုမှ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်၏ အပိုင်း (က) Zone A ပြီးစီးသွားပါက ပြည်တွင်း ပြည်ပမှ ပညာရှင်များနှင့်
အလုပ်သမား စုစုပေါင်း ၂၀,၀၀၀ မှ ၄၀,၀၀၀ ခန့်အထိ ကို အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

"အကျိုးတူ ဆောက်ခွင့်ပြုမယ့် ကွန်ဒို တွေကတော့ ပြည်တွင်းပြည်ပက လာအလုပ် လုပ်မယ့်
သူတွေကို ဦးတည်ပါတယ်။ သီလ၀ါ ကို အထောက်အကူဖြစ်မယ့် မြို့ပြစနစ်ကြီး တစ်ခုကို
စတင်ချင်တာလည်း ပါတယ်။ အခန်း ၆၀၀ လောက်ထွက်ဖို့တော့ မှန်းထား ပါတယ်။
Condo block ကိုလည်း ဇုန်ထဲမှာ သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ သီလ၀ါ ဆည်ကထွက်လာတဲ့
ရေကို သန့်စင်စနစ် တွေနဲ့သုံးပြီး Residential Zone မှာ သုံးထားပါတယ်။ လျှပ်စစ်မီး မပြတ်အောင်
လို့လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းလုပ်ထားပေး ပါတယ်"ဟု ၎င်းက ပြောသည်။

သီလ၀ါအထူး
စီးပွားရေးဇုန်ဧရိယာ အတွင်း၌ ဆောက်လုပ်မည့် အဆောက် အအုံများကို အမြင့်ပေ ၁၂ ထပ် မကျော်
လွန်ရန် ကန့်သတ်ထားသော်လည်း ကွန်ဒို ဆောက်လုပ်လိုသည့် လုပ်ငန်းရှင်များမှ တင်ပြလာသည့်
အထပ်နှင့် အခန်းအရေ အတွက်များကို တွက်ချက်တင်ပြလာမည့် စီမံချက်များပေါ်မူတည်ကာ နှစ်ဦးနှစ်ဖက်
အကျိုးရလဒ်များ ထွက်ပေါ်လာနိုင်ရန် အတွက် ညှိနှိုင်းဆွေးနွေးကာ လုပ်ငန်း များကို လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်သည်။

သီလ၀ါစက်မှုဇုန်အတွင်းရှိ စက်ရုံများ နှင့် Residential Zone အတွင်းရှိ အဆောက် အအုံများအတွက်
အ၀ီစိတွင်း တူးဖော်ကာ မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်းကို ကန့်သတ်ထားသည်။ ဇာမဏီဆည်နှင့်
သီလ၀ါဆည် နှစ်ခုတို့မှ ရေများကို ပိုက်လိုင်းများဖြင့် သွယ်တန်းကာ ရေသန့်စင်မှုစနစ်များဖြင့် ပြန်လည်ပြုပြင် ကာ အသုံးပြုလျက်ရှိသည်။ ရေတစ်ဂါလန်လျှင် လေးကျပ်နှုန်းဖြင့် နိုင်ငံတော်မှ ၀ယ်ယူ သုံးစွဲနေသည့်စနစ်ဖြစ်သည်။

လဂွမ်းပြင် ရေပေးဝေရေးစီမံကိန်း ပြီးစီး သွားပါက သီလ၀ါ အထူးစီးပွားရေးဇုန်တစ်ခု လုံးအတွက်
လိုအပ်သည့် ရေများကို လဂွမ်း ပြင်ဆည်မှ ရယူသွားမည်ဖြစ်ပြီး လက်ရှိ သုံးစွဲနေသည့် ဇာမဏီဆည်နှင့်
သီလ၀ါ ဆည်တို့ကို အရန်အဖြစ် ထားရှိ အသုံးချ သွားမည်ဖြစ်သည်။

လျှပ်စစ်ဓတ်အား ပုံမှန်ရရှိစေရန်အတွက် နိုင်ငံတော်၏ မဟာ ဓာတ်အားလိုင်းစနစ်မှ ရယူသွယ်တန်းထား
ပြီးဖြစ်သလို မဂ္ဂါဝပ် ၅၀ ထွက်ရှိနိုင်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကိုလည်း
တည်ဆောက်ထားပြီး ဖြစ်သည်။ သီလ၀ါအထူးစီးပွားရေးဇုန်အတွင်းရှိ Residential Zone ကို
မြန်မာသီလ၀ါ အထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတော်မှ
ဖွဲ့စည်းပေး ထားသည့် Thiliwa Sez Management Committee (TSMC) မှ ၂၀ ရာခိုင်နှုန်း
အချိုးကျ ခွဲဝေထားပြီး ကော်မတီက အထူး စီးပွားရေးဇုန်တွင် ပါဝင်သည့် လုပ်ငန်းများ၊ စီမံကိန်းများ
ဖွံ့ဖြိုးတိုးတက်စနစ်တကျ ဖြစ်စေရန် ထိန်းကျောင်းပေးရသည်။

Credit:Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများ အလုပ်တွင် သတ်မှတ်ထားချိန်မဟုတ်ဘဲ အပေါ့သွားလိုပါက ၂ မိနစ်သာ အိမ်သာအသုံးပြုရမည်ဟူသော စည်းမျဉ်းချမှတ်...
အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခွန်အားပေးရန်အတွက် wheelchair ဖြင့်တင်ကာ ပါဝင်ခဲ့သည့်ဖြစ်ရပ်ကို လူမှုကွန်ရက်သုံးစွဲသူများ ချီးမွမ်းလျက်ရှိ...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပြန်...
သေမင်းနှုတ်ခမ်းဝမှ အချစ်ဇာတ်လမ်းတစ်ပုဒ် (သို့) တရုတ်ပြည်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် တိုက်ပေါ်မှ ခုန်ချသည့် မိန်းကလေးကို မီးသတ်သမားလူငယ်က ကယ်တင်ရန် ကြိုးစားစဉ် မိန်းကလေး၏ ဘောင်းဘီကို မတော်တဆ ဆွဲချွတ်မိခဲ့၊ ၃ လအကြာတွင် ၎င်းတို့နှစ်ဦး လက်ထပ်ခဲ့ကြ...

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် စုံတွဲတစ်တွဲက ပင်လယ်ကမ်းခြေရှိ အများသုံး အိမ်သာဟောင်းတစ်လုံးကို ဝယ်ယူကာ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့ပြီးနောက် ယခုအခါ ဒေါ်လာ ၄၀၀၀၀၀ နီးပါးဖြင့် အရောင်းဈေးကွက်တင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
CarsDB
Maha Nadi Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service